ⓘ နိုဗက် ဂျိုကိုဗစ်

                                     

ⓘ နိုဗက် ဂျိုကိုဗစ်

နိုဗက်ဂျိုကိုဗစ် သည် ဆားဘီးယားနိုင်ငံ၏ နံပါတ် ၁ တင်းနစ်ကစားသမားဖြစ်၍ ကမ္ဘာနံပါတ် ၂ တင်းနစ်ကစားသမားဖြစ်သည်။ ဂျိုကိုဗစ်ဟာ ဩစတေးလျအိုးပင်း၊ ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်၊ အမေရိကန်အိုးပင်း စတဲ့ Title ၅ ခုကိုရရှိထားသူဖြစ်တယ်။ ၂၀၁၁ ရဲ့အဓိက ပွဲစဉ် ၃ ခုကို အနိုင်ရရှိခဲ့သောကြောင့် သူဟာ ခေတ်သက်တမ်းတစ်ခုလုံးမှာ အဓိက ပွဲစဉ် ၃ ခုအနိုင်ရရှိသော အမျိုးသားတင်းနစ်ကစားသမားထဲမှ ၆ ယောက်မြောက်ကစားသမား ဖြစ်လာခဲ့သည်။

                                     

1. ဘဝအစ

ဂျိုကိုဗစ်ကို ၁၉၈၇ခုနှစ်၊ မတ်လလ၊ ၂၂ရက်နေ့တွင် ယူဂိုဆလားဘီးယားနိုင်ငံ ဆားဘီးယား ဘဲလ်ဂရိတ်မြို့၌ မွေးဖွားခဲ့သည်။ သူ့မှာ ညီနှစ်ယောက် ရှိသည်။ ထိုညီနှစ်ယောက်စလုံးဟာလည်း တင်းနစ်ကစားသမားများဖြစ်ကြသည်။ ဂျိုကိုဗစ်သည် ၄ နှစ်သားကတည်းကပင် တင်းနစ်ကိုကစားခဲ့သည်။ ထို့နောက် အသက် ၁၄ နှစ်တွင် ဥရောပ၏ တစ်ဦးချင်းပြိုင် ချန်ပီယံရှစ်ဆု ကိုရရှိခဲ့သည်။