ⓘ ပဲခူးတက္ကသိုလ်

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)

လှည်းကူးမြို့နှင့် မိုင် ၂၀-ခန့်အကွာ ပဲခူးရိုးမတောင်တန်း၏ အနောက်မြောက်ဖက် ဆင်ခြေလျှော တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသော ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း ကို ၁၉၆၅-ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဝင်းအတွင်း၌ သင်တန်းခန်းမဆောင်များ၊ သင်တန်းသားများ၏ အိပ်ဆောင်များ၊ အုပ်ချုပ်သူ ဆရာနှင့် အမှုထမ်းများ၏ နေအိမ်များ၊ ဆေးရုံ၊ မူလတန်းကျောင်း၊ ကပွဲရုံနှင့် စာကြည့်တိုက် စသော အဆောက်အဦများ ဆောက်ထားသည်။ အဆောက်အဦးများကို ၂၂၉.၆၄ ဧကရှိသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ စိုက်ပျိုးမြေများ၊ တောတွင်း လေ့ကျင့်ကွင်းများ၊ စက်ပစ်ကွင်းများပါ ပေါင်းလျှင် စုစုပေါင်း ဧက ၃၀၀၀-ကျော်ခန့် ရှိနေသည် ...

                                     

ⓘ ပဲခူးတက္ကသိုလ်

ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။ ပဲခူးမြို့မှ မိုင်ခန့် အကွာတွင် ရှိသည်။

                                     

1. သမိုင်းကြောင်း

၁၉၇၇ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

                                     

2. သင်တန်းများ

ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား ၉၄၅၄ ရှိ၍ အဝေးသင် သင်တန်းသား ၁၀၀၀၀ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။