ⓘ ချစ်နိုင် (စိတ်ပညာ)

                                     

ⓘ ချစ်နိုင် (စိတ်ပညာ)

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်မှ နိုင်ငံတော်အာဏာများကို သိမ်းယူပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော အာဏာသိမ်းစစ်ကောင်စီ၌ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ပေးခြင်းခံခဲ့ရသည်။ စာရေးဆရာတစ်ဦးပင်ဖြစ်သော်လည်း ဝန်ကြီးဖြစ်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော သတင်းမီဒီယာများ၊ သတင်းထောက်များကို စတင်ဖြိုခွင်းခဲ့သည်။ ဒီဗီဘီ၊ မဇ္ဈိမ အပါအဝင် သတင်းမီဒီယာငါးခုကို ပိတ်ပင်ခဲ့၏ ။ ထို့အပြင် နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်မီဒီယာများမှ သတင်းတုသတင်းမှားများကို ဖြန့်ချိခဲ့သည်။ ထို့အတွက်ကြောင့် ယူနက်စကိုတွင် တာဝန်ထမ်းဆောင်နေသော သမီးဖြစ်သူ နိုင်နိုင်အေးကို သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက အလုပ်ထုတ်ရန်တောင်ဆိုခဲ့ကြရာ ယူနက်စကိုရုံးမှ သူမကို အလုပ်တာဝန်ယာယီရပ်နားပေးခဲ့ရသည်။ ဧပြီ ၁၉ ၌ ဥရောပသမဂ္ဂ အီးယူ က ချစ်နိုင် စိတ်ပညာ ကို မြန်မာနိုင်ငံရှိမီဒီယာများကို ဖြိုခွင်းမှု၊ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့့်မှု စသည်တို့တွင် တိုက်ရိုက်တာဝန်ရှိခြင်းတို့ကြောင့် အရေးယူဒဏ်ခတ်ခဲ့သည်။

                                     

1. ထင်ရှားသောစာအုပ်များ

၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင် ဘာလ အထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန် များကိုထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ စိတ်ပညာဆိုင်ရာ လူမှုရေး နှင့်လူငယ်အကြံပေးဆောင်းပါးများကို စာနယ်ဇင်းများတွင်ရေးသားခဲ့ရာယနေ့ထိဖြစ်သည်။

၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာအမျိုးသား စာပေဆုကို ချစ်လို့ပြောတာ မှတ်ပါ။ စာအုပ်အတွက် ချီးမြင့်ခံရသည်။ ရေးသားခဲ့သည့် စာအုပ်များအနက် ချစ်လို့ပြောတာမှတ်ပါ-တွဲ1-2၊ သားအတွက် ဓားတစ်လက်၊ လောကကိုအလှမြင်ပါ ၊ပညာသည် တန်ခိုးဖန်ဆင်း၏ လက်တစ်ကမ်းရှိတတ်လမ်း လောကကို အလှမြင်ပါ။ ပညာသည် တန်ခိုးဖန်ဆင်း၏ ၊လက်တစ်ကမ်းရှိတက်လမ်း အောင်မြင်မှုနှင့် စိတ်ခွန်အား ၊စက္ကန့် တိုင်းကိုစိန်စီထားတယ်။ စေတနာသည်ကံဖြစ်၏ အောင်မြင်ခြင်းရွှေစည်းမျဉ်း ၊ ခေါင်းဆောင်မှု့အရည်အသွေး စာအုပ်များမှာထင်ရှားလှသည်။

                                     

2. စာပေနယ်ပယ်

၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။