ⓘ ဆေးတက္ကသိုလ် (၁) ရန်ကုန်

                                     

ⓘ ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဆေးတက္ကသိုလ် ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ် ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု ၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိပါသည်။

လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဇော်ဝေစိုး ဖြစ်ပြီး လက်ရှိ ဒုတိယပါမောက္ခချုပ် စီမံမှာ ဒေါက်တာမြင့်မြင့်ငြိမ်း နှင့် လက်ရှိ ဒုတိယပါမောက္ခချုပ် သင်ကြားရေးမှာ ဒေါက်တာခင်မာမြင့် ဖြစ်သည်။

ဆေးတက္ကသိုလ်၁ ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

                                     

1. သမိုင်းကြောင်း

မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical PracticeL.M.P course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။

                                     

2. ဘာသာရပ်များ

တတိယနှစ် အမ်ဘီဘီအက်စ်

  • အထွေထွေ ရောဂါဗေဒ
  • ခွဲစိတ်ကုပညာလက်တွေ့
  • ဆေးပညာလက်တွေ့
  • အဏုဇီဝဗေဒ
  • ဆေးဝါးဗေဒ

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်းခ အမ်ဘီဘီအက်စ်

  • ခွဲစိတ်ကုပညာ
  • ကလေးကျန်းမာပညာ
  • ဆေးပညာ
  • သားဖွားနှင့် မီးယပ်ဆေးပညာ
                                     

2.1. ဘာသာရပ်များ ပထမနှစ် အမ်ဘီဘီအက်စ်

  • ဇီဝဗေဒရုက္ခဗေဒနှင့် သတ္တဗေဒ
  • လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ
  • ရူပဗေဒ
  • ဓာတုဗေဒ
  • မြန်မာစာ
  • တိုင်းရင်းဆေး
  • လူသားခန္ဓာဗေဒ မိတ်ဆက်
  • သင်္ချာ နှင့် စာရင်းအင်း ပညာ
  • အင်္ဂလိပ်စာ
  • ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ
                                     

2.2. ဘာသာရပ်များ နောက်ဆုံးနှစ် အပိုင်းက အမ်ဘီဘီအက်စ်

  • ရောဂါဗေဒ နှင့် သွေးပညာ
  • သားဖွားနှင့်မီးယပ်ပညာ
  • ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ နယ်ကွင်းဆင်းသင်တန်း ၃ပတ်
  • ဥပဒေရေးရာဆေးပညာ
  • ခွဲစိတ်ကုပညာ
  • ကလေးကျန်းမာပညာ
  • ဥပဒေရေးရာဆေးပညာ လက်တွေ့ကွင်းဆင်းလေ့လာရေး
  • ဆေးပညာ

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

                                     

2.3. ဘာသာရပ်များ နောက်ဆုံးနှစ် အပိုင်းခ အမ်ဘီဘီအက်စ်

  • ခွဲစိတ်ကုပညာ
  • ကလေးကျန်းမာပညာ
  • ဆေးပညာ
  • သားဖွားနှင့် မီးယပ်ဆေးပညာ
                                     

2.4. ဘာသာရပ်များ အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်းခ အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်သို့မဟုတ် တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ M.B.,B.S. အပ်နှင်းခြင်း ခံရသည်။