ⓘ အချက်ပြ ဆက်သွယ်ရေး

ဗော့စတော့ ၁

ဗော့စတော့ ၁ သည် ဗော့စတော့စီမံကိန်း၏ပထမဆုံးအာကာသပျံသန်းမှုဖြစ်ပြီး လူ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးလူလိုက်ပါသည့် အာကာသယာဉ်ဖြစ်သည်။ ၁၉၆၁၊ ဧပြီ ၁၂ တွင် လွှတ်တင်ခဲ့သည်။ ပျံသန်းမှုတွင် ဆိုဗီယက်အာကာသယာဉ်မှူး ယူရီဂါဂါရင် အာကာသသို့ လိုက်ပါသွားသည်။ ပျံသန်းမှုသည် အာကာသသို့လူသား ပထမဆုံးရောက်ရှိမှုဖြစ်ပြီး လူလိုက်ပါသောယာဉ်ဖြင့် ပထမဆုံးကမ္ဘာပတ်ခြင်းလည်းဖြစ်သည်။ ဗော့စတော့ ၁ကို ဆိုဗီယက်အာကာသစီမံကိန်းကလွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးကီရင်ကီရင်မော့ဗ်နှင့်အခြားသူများ၏ ကြီးကြပ်မှုအောက်တွင် ဆာဂေးကိုရိုလက်ဗ်ဦးဆောင်သည့် ဆိုဗီယက်သိပ္ပံပညာရှင်များက ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် ကမ္ဘာကိုတစ်ကြိ ...

                                     

ⓘ အချက်ပြ ဆက်သွယ်ရေး

ယခုအခါတွင် ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်၌ ဖြစ်ပွားသည့် အခြင်းအရာတစ်ခုကို နာရီပိုင်းအတွင်း၌ သိနိုင်ကြပေပြီ။ အဘယ်ကြောင့်ဆိုသော် ရေဒီယို ကြေးနန်း စသည် တို့သည် ထိုသတင်းများကို ဆောင်ကြဉ်းပေးကြသောကြောင့် ဖြစ်၏။ ထိုရေဒီယို ကြေးနန်းစသည် တို့ မပေါ်ပေါက်သေးမီကာလက မည်သို့ သတင်းများ ပေးပို့ကြ၍ တစ်မြို့နှင့်တစ်မြို့ တစ်ရွာနှင့်တစ်ရွာ မည်သို့ ဆက်သွယ် ကြသည်ကို သိလိုကြပေလိမ့်မည်။ ထိုအဆက်အသွယ်များ ပြုလုပ်ရန်မှာ အတော်ပင် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်ခဲ့လေသည်။ သို့ရာတွင် လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသကဲ့သို့ သူ့ခေတ်နှင့်သူ အလိုက် အထိုက် ဆီလျော်အောင် အဆက်အသွယ်များ ပြုလုပ်လာကြလေသည်။ ရှေးအခါက ခရီးသည်များ အချက် ပေးကြပုံမှာ နေ့အခါဖြစ်ပြီး ခရီးတိုလျှင် ကိုယ်အမူအရာ လက်အမူအရာများဖြင့် အချက်ပေးကြသည်။ ည့ဉ်အခါဖြစ်ပြီး ခရီးအတော်အတန်ဝေးလျှင် မီးမြားများဖြင့် အချက်ပေးကြလေသည်။

ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒဝဂ်လာ သာမဝတီဝတ္ထု၌ အလ္လကပ္ပမင်းနှင့်ဝေဋ္ဌဒီပကမင်းတို့သည် ရသေ့ရဟန်း ပြုကာ ဟိမဝန္တတောအရပ်တွင် တောင်တစ်လုံးစီ၌ နေထိုင်ကြရာဝယ် ငါတို့သည် လခွဲတိုင်းသော ဥပုသ်နေ့၌သာလျှင် တစ်ပေါင်း တည်း တွေ့ဆုံခြင်း ဖြစ်ကြကုန်အံ့၊ ဥပုသ်နေ့ ကြုံကြိုက်လျှင် သင်သည်လည်း သင်၏တောင်မှ မီးကိုညှိထွန်းလေလော့၊ ငါသည်လည်း ငါ၏ တောင်၌မီးကို ညှိထွန်းပေအံ့၊ ထိုသို့သော အမှတ်ဖြင့် ရှိသည်၏အဖြစ်ကို သိကြကုန်အံ့ဟု တိုင်ပင် စကားကို ပြောကြား၍ နေကြကုန်၏ ဟူ၍ ပါရှိရာ ယင်းမှာ အချက်ပြ ဆက်သွယ်ခြင်းသဘောဟု ဆိုနိုင်လေသည်။ ထိုသို့ မီးဖြင့် အချက်ပြခြင်းထက် တိုးတက်လာသောအခါ တွင် အမှတ်အသားဖြင့် သတင်ပေးပို့ခြင်းကို ပြုလုပ်ခဲ့ကြလေ သည်။ ထိုပြင် မီးခိုးများကို အလိပ်လိုက် အလိပ်လိုက် ကန့်သတ်ခွဲခြား၍ အချင်းချင်း နားလည်ပြီးဖြစ်သည့် အမှတ် အသားများဖြင့် ပေးပို့ကြလေသည်။ စစ်ဖြစ်နေသောအခါများ တွင် အချင်းချင်း နားလည်ထားသည့် အချက်ပြချက်များကို အလံများဖြင့်ဖြစ်စေ၊ မီးများဖြင့်ဖြစ်စေ ပြပြီး ဆက်သွယ်ခဲ့ကြ လေသည်။

ရှေးခေတ် အချက်ပေးခြင်းများသည် ယခုခေတ် အချက်ပေး ခြင်းများနှင့် နှိုင်းယှဉ်လျှင် အကြမ်းစားများသာ ဖြစ်ခဲ့သော် လည်း စစ်ပွဲတို့တွင် ထိုအချက်ပြချက်များဖြင့်ပင် ရန်သူများ အား အောင်နိုင်ခဲ့ပုံ သာဓကများကို တွေ့ရပေသည်။ အာဖရိက တိုက်၌ အသုံးပြုသည့် အာဖရိက လူမျိုးတို့၏ သတင်း ဆက်သွယ်ပေးပို့ပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်သည့်ပြင် ဆက်သွယ် ရာ၌လည်း အတော်ပင် ခရီးရောက်ခဲ့လေသည်။ ထိုဆက်သွယ်ပုံ မှာ ဗုံတီး ဆက်သွယ်ခြင်းပင် ဖြစ်၏။ သူတို့သည် ဗုံချက် တို့ကို အမှတ်အသားထား၍ တီးခြင်းဖြင့် တစ်ရွာမှ တစ်ရွာသို့ သတင်းများကို လက်ဆင့်ကမ်းနိုင်ကြလေသည်။

ကြေးနန်းနှင့် ရေဒီယိုတို့မှအပ စစ်အတွင်း၌လည်းကောင်း၊ ငြိမ်းချမ်းနေစဉ် ကာလ၌လည်းကောင်း၊ ယနေ့တိုင် အသုံးပြု လျက်ရှိသည့် အချက်ပြဆက်သွယ်နည်းများမှာ အလံပြ ဆက်သွယ်ခြင်း ဖြစ်၏။ တိုင်းပြည်တိုင်းတွင် အပြည်ပြည် ဆိုင်ရာ အချက်ပြ ဆက်သွယ်ရေး အမှတ်အသားများအရ အရောင်မျိုးစုံ ခြယ်လှယ်ထားသည့် အလံငယ်များကို အသုံးပြု ကြသည်။ အလံတစ်ခုစီ၌ အက္ခရာတစ်လုံးစီ အဓိပ္ပါယ်ရှိ၍ အက္ခရာတိုင်းတွင် သက်ဆိုင်ရာအဓိပ္ပါယ်အကျယ်များ ရှိသည်။ ပုံစံအားဖြင့် အဝါနှင့် အပြာထောင်လိုက် နှစ်ရောင် ခြယ်ထား သော လေးထောင့်ပုံ အလံမှာ အက္ခရာကိုပြသော အလံဖြစ် ၍ အဓိပ္ပါယ်မှာ သင်္ဘော ချက်ချင်း ရပ်လိုက်ပါဆိုသည့် အဓိပ္ပါယ် ဖြစ်၏။ ထိုကြောင့် ထိုအလံမျိုးနှင့် ဆက်သွယ်ပုံကို ဘာသာမရွေး လူမျိုးတိုင်းက နားလည်နိုင်ပေသည်။ သို့သော် ထိုအလံတို့မှာ ဝေးကွာသော အရပ်တွင် အရောင် များ ထွေပြားနိုင်သဖြင့် ဆင်မဖိုးခေါ် အချက်ပြ တိုင်တစ်မျိုးကို အသုံးပြုကြသည်။ ထိုနည်းကို ရေတပ်နှင့် မီးရထားဘက်တွင် အထူးအသုံးပြုကြသည်။

အထက်ပါ ဆက်သွယ်ပုံတို့မှာ နေ့အခါ၌ အသုံးပြုသော နည်းများ ဖြစ်ကြသည်။ ည့ဉ်အခါတွင် အလင်းရောင်များကို ခွဲခြား ပြသခြင်းဖြင့်လည်းကောင်း၊ မီးသေနတ်နှင့် အချက်ပြ ခြင်းဖြင့်လည်းကောင်း၊ မီးမောင်းများကို အမှတ်အသားနှင့်ထိုးပြ ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ကြသည်။ မီးပြတိုက်များတွင် လည်း အမှတ်အသားဖြင့်ပင် ခရီးသွားသင်္ဘောများကို သတိပေး ရလေသည်။ မီးရောင်နှင့်အချက်ပြသည့်နည်းမှာ ညဉ့်အခါ၌သာ မဟုတ်၊ မုန်တိုင်းများ၊ မြူနှင်းများ ကျရောက်နေစဉ်တွင်လည်း အသုံးကျပေသည်။

အလင်းရောင်ဖြင့် အချက်ပြဆက်သွယ်ရာ၌ ဟီလီယိုဂရပ် သည် အလွန်အရေးပါ အရာရောက်သော ကိရိယာ ဖြစ်သည်။ ဟီလီယိုဂရပ်တွင် မှန်နှစ်ချပ်ပါ၍ ထိုမှန်နှစ်ချပ်စလုံးကို နေ မည်သည့်နေရာ၌ ရှိသည် ဖြစ်စေ နေမှ အလင်းတန်းကို ပို့လိုသည့်ဘက်သို့ ပို့နိုင်ရန် စီစဉ်ထားသည်။ အလင်းတန်း အတိုအရှည်ကို ကြည့်၍ သတင်းကို မော့အက္ခရာဖြင့် ဖတ်ယူ သည်။ နေ၏ အလင်းကို ကောင်းစွာ ရနိုင်သည့် အိန္ဒိယနိုင်ငံ နှင့် အခြားတိုင်းပြည်များတွင် ထိုအချက်ပြ ဆက်သွယ်ခြင်း သည် လွန်စွာ အရေးပါခဲ့ပေသည်။ သို့ရာတွင် နေမှ အလင်း ကို ကောင်းစွာ မရနိုင်သည့် ဥရောပတိုက်ကဲ့သို့သော ဒေသများ တွင်ကား များစွာ အသုံးမဝင်လှချေ။

ယခုအခါတွင် လျှပ်စစ်ဓာတ်၊ ရေဒီယိုဓာတ်များ ထွန်းကား လာပြီ ဖြစ်၍ ဝိုင်ယာလက် ကြေးနန်းတို့ဖြင့် အစစအရာရာတွင် ပိုမိုလွယ်ကူ ကောင်းမွန်စွာ ဆက်သွယ်နိုင်ကြပြီ ဖြစ်၏။ ကြေးနန်းဖြင့် သတင်းပို့ရာတွင် မော့အချက်ပြစံနစ်ကို အသုံးပြု ကြသည်။ ရေပေါ်တွင် သွားလာသည့် သင်္ဘောအချင်းချင်း သာမက ရေအောက်၌ သွားလာသည့် ရေငုပ်သင်္ဘောအချင်းချင်း လည်း ဆက်သွယ်နိုင်ကြပြီ ဖြစ်သည်။ ရေငုပ်သင်္ဘော၏ဦးတွင် ရေပြင်ထက်က လှိုင်းများ၏ လှုပ်ရှားချက်များမှ ကင်းဝေးသည့် နေရာနားတွင် ခေါင်းလောင်းကဲ့သို့ စက်ကလေးတစ်မျိုးကို တပ်ဆင်ထားသည်။ ထိုစက်ကလေးအားဖြင့် ဖန်တီးပေးလိုက်သော ဂယက်များကို အခြား ရေငုပ်သင်္ဘောမှ မိုက္ကရိုဖုန်းနှင့် သတင်းယူခြင်းဖြင့် ရေငုပ်သင်္ဘောအချင်းချင်း ဆက်သွယ်ကြသည်။ ယခုအခါ တွင် နိုင်ငံကြီးတိုင်း၌ အချက်ပြ ဆက်သွယ်ရေးကို အထူးဂရုပြု၍ စစ်တပ်များတွင် အချက်ပြ ဆက်သွယ်ရေး တပ်မကြီးများဟူ၍ သီးသန့် ထားရှိကြလေသည်။