ⓘ ခင်သီရိသက်မွန်

                                     

ⓘ ခင်သီရိသက်မွန်

ခင်သီရိသက်မွန် သည် မြန်မာနိုင်ငံသား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သူမသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် သူမသည် သတ္တမမြောက်အာရုံ 7th Sense Creation ခေါ်သည့် အနုပညာစီးပွားရေးလုပ်ငန်းကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ သူသည် Everfit အားကစားရုံများ တည်ထောင်သူလည်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် သူမအား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ၂၀၂၁ မတ်လ ၁၀ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့ခြင်းခံရသူများဖြစ်လာခဲ့ကြသည်။ ထိုသို့အရေးယူပိတ်ဆို့မှု၌ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ ၆ ခုလည်းပါဝင်ခဲ့၏ ။