ⓘ မန်းငြိမ်းမောင်

                                     

ⓘ မန်းငြိမ်းမောင်

ဖဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နှုတ်ထွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

                                     

1. ထောင်ဒဏ်ကျခံရခြင်း

၁၉၆၇ ခုနှစ်တွင် ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ်ဖြင့် ဦးနေဝင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ရပြီး ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြင့် အပို့ခံခဲ့ရသည်။ ပင်လယ်ပြင်တွင် ၁၄ ရက်ကြာ ဖြတ်သန်းကာ ကိုကိုးကျွန်းမှ ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရသည်။ ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကာ ၁၉၈၀ တွင် ထပ်မံဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများနှင့် တရားစွဲဆိုခဲ့ရကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

                                     

2. နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။