ⓘ စိုးထွဋ်

                                     

ⓘ စိုးထွဋ်

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အတွင်းရေးမှူး၂ ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်သည်။

ဗိုလ်သင်တန်း အပတ်စဉ် ၆၄ OTS – 64 ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်းကောင်း၊ စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့သည်။၂၀၁၆ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး စရဖ အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

                                     

1. ဝန်ကြီးတာဝန် ထမ်းဆောင်ခြင်း

ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားသည့်အခါ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးဌာနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ခဲ့သော ဝန်ကြီးများအနက် ယခင် NLD အစိုးရလက်ထက်က ဆက်လက်ခန့်အပ်ခြင်းခံရသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။