ⓘ ဂိုချန်လျန်

                                     

ⓘ ဂိုချန်လျန်

ဂိုချန်လျန် သည် စင်ကာပူနိုင်ငံသား ဘီလျံနာ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး သုတ်ဆေးနှင့် အပေါ်ဆေးများ ထုတ်လုပ်သော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်သည်။

                                     

1. အလုပ်အကိုင်

သူသည် ပထမဆုံး အိမ်သုတ်ဆေးဆိုင်ကို ၁၉၅၅ တွင် စင်ကာပူ၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် နီပွန် အိမ်သုတ်ဆေး၏ အဓိက ဖြန့်ဖြူးသူ ဖြစ်လာခဲ့သည်။အိမ်သုတ်ဆေး လုပ်ငန်း နှင့် အိမ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပါဝင်နေသော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို ၁၉၇၄ ခုနှစ်တွင် အိမ်ခြံမြေ လုပ်ငန်း လုပ်ဆောင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

                                     

2. ကိုယ်ရေးကိုယ်တာ

သူသည် စင်ကာပူနိုင်ငံတွင် နေထိုင်သည်။ သူ၏ ဂိုဖောင်ဒေးရှင်းသည် ပရဟိတ လုပ်ငန်းဆောင်တာ အချို့အတွက် အများအပြား လှူဒါန်းခဲ့သည်။

သူ့တွင် ဂိုဟပ်ဂျင်း ဆိုသော သားတစ်ဦးရှိပြီး ၂၀၁၈ မတ်လကတည်းက နိပွန်သုတ်ဆေးလုပ်ငန်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျှက် ရှိကာ ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း တစ်ခု ဖြစ်သော နစ်ပ်ဆီး ကိုလည်း လုပ်ကိုင်လျှင် ရှိသည်။