ⓘ အတက်ရောဂါ

ဖျားနာခြင်း

ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်း မွေးစကနေ သေဆုံးတဲ့အချိန်အထိ ဖျားနာခြင်းကို လူတိုင်း ကြုံတွေ့ဖူးကြမှာပါ ။ ခန္ဓာကိုယ် ကနေ လုပ်ဆောင်ချက်အားလုံးဟာ ပုံမှန်ကတစ်ဆင့် သွေဖီလာပြီဆိုရင်တော့ ဖျားနာခြင်းဆိုတာ ဟာ လက္ခဏာ တစ်ခုအနေနဲ့ ဝင်ရောက်လေ့ရှိပါတယ် ။ လူကြီးတွေမှာ fever ဝင်ပြီဆိုရင်မသက်မသာ ခံစားရလေ့ ရှိပြီး ကိုယ်အပူချိန် 103 F ထိ မရောက်ခင်အထိတော့ ဖျားခြင်းဟာ အန္တရာယ် သိပ်မရှိ လှပါဘူး ။ လူငယ်တွေနဲ့ မွေးကင်းစကလေးတွေမှာတော့ အပူချိန်လေး နည်းနည်းတက်ခြင်းမှာတောင်မှ ပြင်းထန်သော ပိုးဝင်မှု ဝင်တာတွေ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့်လည်း ကိုယ်အပူချိန်ဘယ်လောက်များရင် ရောဂါ ရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတတ်ပ ...

ကျွန်းနက်

ကျွန်းနက် များကချင်ပြည်နယ်မိုးကောင်းမြို့နယ်အတွင်းကရင်ပြည်နယ် မြဝတီ နား တဝိုက်ပေါက်ရောက်ပြီး ရှမ်းပြည်နယ် မိုးမိတ်အနီးတဝိုက်နှင့်မြန်မာနိူင်ငံရှိ ရေနံမြေနှင့်ဆက်စပ်နေသော မကွေး ၊ရေနံချောင်း၊ချောက်၊ကလေးစသည့် ဒေသများတွင် ရှားပါးစွာ ပေါက်ရောက်သည်။ကျွန်းနက်သည်မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်းရင့်လာသည့်အခါကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည့် သယောင်ရှိသည်။ ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူပေ။ သိဒ္ဓိဝင် ဂန္ဘီရ သစ်တစ်မျိုးဖြစ်သဖြင့် မြန်မာ့ရိုးရာ အယူအရ ထိုက်တဲ့သူထံအလိုလိုရောက်လာတတ်တယ် ၊ ထိုက်သူသာ ကိုင်ဆောင် ...

ရှေးဦးသူနာပြု

ရှေးဦးသူနာပြု ဆိုသည်မှာ ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ဆေးခန်း၊ ဆေးရုံမရောက်မီ သာမန်လူတဦးက အကန့်အသတ်ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်းကို ခေါ်သည်။ အခြေခံ ဆင်ခြင်တုံတရားဖြင့် ပြုစုစောင့်ရှောက်ရခြင်း ဖြစ်သည်။ သို့ရာတွင် အသက်ကယ်ရန် အချို့ကိစ္စများအတွက် လက်တွေ့ သင်ကြား တတ်မြောက်မှု လိုအပ်သည်။ ဥပမာ Cardio-Pulmonary Resuscitation နှလုံး-အဆုပ် ပြန်လည် အလုပ် လုပ်စေရန် ပြုလုပ်ပေးခြင်းတို့ ဖြစ်သည်။ ဒဏ်ရာ အနာတရဖြစ်နေသူ၊ ရောဂါဝေဒနာတစ်ခုခု ခံစား နေရသူ တစ်ဦးတစ်ယောက်အား ရှောင်တခင် ပြုစုပေးမှုကို ရှေးဦးသူနာပြုခြင်းဟု ခေါ်သည်။ အရေးတကြီး ဖြစ်နေချိန်တွင် ရှေးဦးသူနာ ပြုနည်းများသည် ဝေဒနာခံစားနေရမှုကို လျော့ပါ ...

                                     

ⓘ အတက်ရောဂါ

ဝက်ရူးပြန်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းကို ယခုတိုင် မသိကြသေးချေ။ သို့သော် ဆရာဝန်များသည် ထိုရောဂါဖြစ်နေသူ၏ ဦး နှောက်မှ ဖြစ်ပေါ်စေသော လျှပ်စစ်လှိုင်းများကို ဦးနှောက်၏ လျှပ်စစ်လှိုင်း မှတ်သည့် ကိရိယာတွင် တွေ့မြင်နိုင်ကြလေသည်။ ထိုရောဂါအတွက် ထိုကိရိယာကို သီးခြားတီထွင်ထားခြင်းဖြစ်ရာ ရောဂါကျရောက်နေစဉ်၌ ဖြစ် ပေါ်လာသော လျှပ်စစ်လှိုင်းများ၏ ပုံသဏ္ဌာန်များ ထူးခြားစွာပြောင်းလာ သည်ကိုတွေ့ရသည်။

ဝက်ရူးပြန်ရောဂါသည် နာဗ်ကြောအဖွဲ့တွင် ကျရောက်သည့်ရောဂါကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ထိုရောဂါသည်မျိုးရိုးဇာတိနှင့် မဆိုင်ချေ။ တစ်ဦးမှတစ်ဦးသို့လည်း မကူးစက်ချေ။ ပြင်းထန်သော ဝက်ရူးပြန်ရောဂါ ဖြစ်လျှင် ဝေဒနာရှင်သည် ရုတ်တရက် သတိမေ့သွားပြီးလျှင် လဲကျသွားနိုင်လေသည်။ သူ၏ ကြွက်သားများသည် လှုပ်ရှားလာပြီးလျှင် တက်တက်လေသည်။ ထိုသို့ ဖြစ်ခြင်းသည် နှစ်မိနစ်မှ ငါးမိနစ်အထိ ကြာတတ်ပြီးနောက် တွေဝေနေတတ်သည်။

ဝက်ရူးပြန်ရောဂါသည် မပြင်းထန်လျှင် သတိလစ်သည့်အချိန်သည် အလွန်တိုတောင်းလေသည်။ သို့မဟုတ်လျှင် ထူးခြားသည့်ခံစားချက်များ ရှိတတ်သည်။ သို့မဟုတ်လျှင်လည်း စိတ်အနှောင့်အရှက်များ ရှိတတ်သည်။ ထိုအခြေအနေမျိုးသည် ကလေးများတွင် ဖြစ်ပေါ်လေ့ရှိသည်။

အထက်တွင်ဖော်ပြပါ အခြေအနေနှစ်မျိုးမဖြစ်ဘဲ ထူးခြားသည့် အခြေအနေ တစ်မျိုးလည်း ဖြစ်တတ်သေးသည်။ ထိုတတိယအမျိုးအစား အခြေအနေမျိုး ဖြစ်သောအခါတွင် ဝေဒနာရှင်သည် သာမန်အခါကဲ့သို့ လုပ် ရိုးလုပ်စဉ်အတိုင်း လုပ်၍နေလေသည်။ သို့သော် ထိုဝေဒနာရှင်သည် သူပြု လုပ်နေသည်ကို သူသိလေ့မရှိချေ။ တစ်ခါတစ်ရံတွင် ဝေဒနာရှင်သည် အထက်ဖော်ပြပါ အခြေအနေ သုံးမျိုးအနက် တစ်မျိုးမက ဖြစ်ပေါ်တက် လေသည်။

ဦးနှောက်၏ အရေးကြီးသောအမှု ဆောင်ရွက်ချက်မှာ သွေး အတွင်းမှရရှိသော သကြားနှင့် အောက်ဆီဂျင်စွမ်းအင်ကို နာဗ်ကြောစွမ်း အင်အဖြစ်သို့ ပြောင်းလဲပေးရန်ဖြစ်သည်။ ဦးနှောက်နာဗ်ကြော စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးရာ၌ အချိန်နှင့် စွမ်းအင်ထုတ်လွှတ်ပေးသည့် နေရာ ကို မကန့်သတ်နိုင်၊ မအုပ်ထိန်းနိုင်လျှင် ဝက်ရူးပြန်ရောဂါ ဖြစ်လာလေတော့သည်။ ဝက်ရူးပြန်ရောဂါ ဖြစ်လာပြီးနောက် အချိန်အတော်ကြာ တွေဝေ၍နေခြင်းသည် ဦးနှောက်မှစွမ်းအင်ကို မရနိုင်တော့ခြင်းကြောင့်ဖြစ်သည်။

တစ်ခါတစ်ရံ ဝေဒနာရှင်၏ ဦးနှောက်တစ်ခုလုံး၌ အနှောင့် အရှက်မဖြစ်ဘဲ အစိတ်အပိုင်း တစ်ခုခုတွင်သာ ဖြစ်ပေါ်တတ်သေးသည်။ သာဓကအဖြစ် ဖော်ပြရလျှင် တစ်ခါတစ်ရံတွင် ဝေဒနာရှင်၏ ခြေတစ်ဖက် တည်းသာ ဆတ်တောက်ဆတ်တောက် ဖြစ်သွားတတ်စေသည်။ ထိုသို့ဖြစ်ရ သည်မှာ ဦးနှောက်တွင် ခြေထောက်နှင့်သက်ဆိုင်သော အစိတ်အပိုင်း၌သာ အနှောင့်အရှက်ဖြစ်ခြင်းကြောင့်ဖြစ်သည်။

ဝက်ရူးပြန်ရောဂါဖြစ်လာစဉ် လူနာအား သူ့ကိုယ်သူ ထိခိုက်အောင် မပြုလုပ်နိုင်စေရန် ပြုပြင်ထားသင့်သည်။ ဝေဒနာရှင်အား ထွေးထွေးနွေးနွေး ထားပေးသင့်ပြီးလျှင် လည်ပင်းဘက်ရှိ အဝတ်များကို ချောင်ချောင်ထားပေး သင့်သည်။ ပါးစပ်အတွင်း အပေါ်နှင့် အောက်သွားများအကြား၌လည်း အဝတ်ကိုလိမ်၍ ခံထားပေးသင့်သည်။ သို့မှသာရောဂါ အတက်တွင် လျှာကို ကိုက်ဖြတ်မိခြင်းဘေးမှ လွတ်ကင်းနိုင်ပေမည်။

ဝက်ရူးပြန်ရောဂါ ဖြစ်လာသည့်တိုင်အောင် ဘေးမဖြစ်စေနိုင်သည့် လုပ်ငန်းကိုသာ ဝက်ရူးပြန်ရောဂါရှိသူအား လုပ်စေသင့်သည်။ ဝေဒနာရှင်အား စိတ် အနှောင့်အရှက်မဖြစ်စေဘဲ အေးဆေးစွာနေစေသင့်သည်။ ထို့ပြင် အရက် သေစာများကိုလည်း ရှောင်ရှားစေသင့်ပေသည်။