ⓘ ကာနဲလ် (ကွန်ပျူတာ)

စက်ရုံ

စက်ရုံ ဆိုသည်မှာ ကုန်ပစ္စည်းများကို စက်ပစ္စည်းများဖြင့်သော်၎င်း၊ လူအားဖြင့်သော်၎င်း၊ ထုတ်လုပ်ရာ အဆောက်အဦဖြစ်သည်။ ယနေ့ခေတ်ပေါ် စက်ရုံများတွင် ဂိုထောင်ကဲ့သို့ အဆောက်အဦများ ပါဝင်ကာ ယင်း ဂိုထောင်များတွင် စက်ယန္တရားကြီးများ တပ်ဆင်ထားကာ လိုင်းထုတ်လုပ်မှုပုံစံဖြင့်ထုတ်လုပ်သည်။ စက်ရုံတစ်ခုဖြစ်ပေါ်ရန် လုပ်သားအရင်းအနှီး၊ ငွေအရင်းအနှီး အစရှိသည်သို့လိုအပ်ပါသည်။စက်ရုံတစ်ခု အတွက်မြေနေရာနှင့် ပတ်ဝန်းကျင်သည်လည်း အလွန်အရေးကြီးပါသည်။

                                     

ⓘ ကာနဲလ် (ကွန်ပျူတာ)

ကွန်ပျူတာနှင့် သက်ဆိုင်သော အသုံးအနှုန်းတွင် ကာနဲလ် ဆိုသည်မှာ ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် အတော်များများ၏ အဓိက အစိတ်အပိုင်းပင် ဖြစ်သည်။ ၎င်းသည် ဟတ်ဒ်ဝဲလ် အဆင့်တွင် လုပ်ဆောင်သော ဒေတာ ကိုင်တွယ်ထိန်းသိမ်းမှုများ နှင့် အသုံးချဆော့ဖ်ဝဲလ် တို့ကြားတွင် ပေါင်းကူးသဖွယ် ဆက်သွယ်ပေးသည်။ ကာနဲလ်၏ လုပ်ငန်းဆောင်တာများတွင် စနစ်၏ အရင်းအမြစ် များကို စီမံခန့်ခွဲခြင်း လည်း ပါဝင်သည်။ ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်များ၏ အခြေခံ အစိတ်အပိုင်း ဖြစ်သည့် အတွက် ကာနဲလ်သည် ရင်းမြစ်များ အတွက် အောက်ခြေ အကျဆုံး စိတ်ကူးပုံဖော်နိုင်သည့် အလွှာ အဖြစ် ပံ့ပိုးပေးနိုင်သည်။