ⓘ ရန်ကုန်သူမီရှဲ

                                     

ⓘ ရန်ကုန်သူမီရှဲ

ရန်ကုန်သူမီရှဲ, မွေးဖွားအမည် "မေရှဲ" သည် မြန်မာ့လူမှုဘဝဘလော်ဂါ၊ ကိုယ်ဟန်ပြမယ်နှင့် အမျိုးသမီးကိုယ်လုံပညာနည်းစနစ်မှုး ဖြစ်သည်။ သူမသည် ရန်ကုန်အခြေစိုက်၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို ပူးတွဲတည်ထောင်သူနှင့် နည်းစနစ်မှုးတစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်သူမီရှဲ အနေဖြင့် လူမှုဘဝကဏ္ဍအတွက် "Myanmar Influencer Award" ကို ရရှိခဲ့သည်။

                                     

1. ငယ်ဘဝနှင့်ပညာရေး

၁၉၉၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဦးထွန်းနိုင်နှင့် ဒေါ်သူဇာနွယ်တို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ ၂၀၁၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာအထူးပြု ဝိဇ္ဇာဘွဲ့နှင့် အင်္ဂလိပ်ဘာသာ ဒီပလိုမာတို့ကို နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်မှ ရရှိခဲ့သည်။

                                     

2. စီးပွားရေးလှုပ်ရှားမှု

၂၀၁၃ ခုနှစ်တွင် ကျင်းပသော Miss Universe Myanmar အလှမယ်ပြိုင်ပွဲတွင် ခါးနံပါတ် ၅ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆန်ခါတင်အယောက် ၂၀ အတွင်း ရွေးချယ်ခံရသည်။ ထိုပြိုင်ပွဲတွင် Miss Environment 2013 ခေါင်းစဉ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသည်။

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမှကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို အခြားအမျိုးသမီး ၂ ဦးတို့ဖြင့် ပူးတွဲတည်ထောင်သည်။

၂၀၁၆ ခုနှစ်တွင် ရန်ကုန်သူမီရှဲ ပူးတွဲတည်ထောင်သော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းမှာ အမျိုးသမီးပေါင်း ၃၀၀ ကျော်အား သင်ကြားပို့ချပေးနိုင်ခဲ့ပြီး LGBT အဖွဲ့အစည်းများနှင့် အစိုးရအလယ်တန်းကျောင်းများ၊ သံရုံးများအကြားတွင် ထင်ရှားသည်။

                                     

2.1. စီးပွားရေးလှုပ်ရှားမှု လူမှုဘဝဘလော်ဂါ

၂၀၁၈ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်သူမီရှဲ ဗီဒီယိုဖိုင်များကို ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ဆက်ခဲ့ပြီး မဇ္ဈိမရုပ်သံနှင့် iFlix တို့တွင်ပါ ထုတ်လွှင့်ခဲ့သည်။ သူမ၏ ဗီဒီယိုအစီအစဉ်ထုတ်လွှတင့်မှုများသည် အများအားဖြင့် သမိုင်းဝင်နေရာများ၊ ထင်ရှားသော နေရာများ၊ မြန်မာအမျိုးသမီးတို့ နေ့စဉ်ဘဝ၊ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသော အကြောင်းအရာများကို အထူးသဖြင့် တင်ဆက်လျက်ရှိပါသည်။ စူးစူးစိုက်စိုက် ရိုက်ကူး ထုတ်လုပ်ခဲ့သည့်အတွက် လူမှုဘဝကဏ္ဍအထူးပြု Myanmar Influencer Award ကို ၂၀၁၈ ခုနှစ်တွင်ရရှိခဲ့သည်။