ⓘ မြေပုံ

အင်ကြင်း (သံတူကြောင်းကွဲ)

အင်ကြင်းကုန်း - ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ အင်ကြင်းကုန်းရွာ အင်ကြင်းကွင်း - ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အင်ကြင်းကွင်းရွာ အင်ကြင်းရွာ၊ စညှင်း - ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြေပုံမြို့နယ်ရှိ အင်ကြင်းရွာ အင်ကြင်းရွာ - ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြေပုံမြို့နယ်ရှိ အင်ကြင်းရွာ

ဥက္ကံ

ဥက္ကံရွာ၊ ယိုးဆနွင်း၊ မြေပုံမြို့နယ် ဥက္ကံရွာ၊ သင်္ဃန်းကြီး၊ လပွတ္တာမြို့နယ် ဥက္ကံရွာ၊ မောင်ငယ်၊ လပွတ္တာမြို့နယ် ဥက္ကံမြို့ ဥက္ကံရွာ၊ လှိုင်သာယာမြို့နယ် ဥက္ကံရွာမ၊ တိုက်ကြီးမြို့နယ် ဥက္ကံရွာ၊ သနပ်ဖက်၊ လပွတ္တာမြို့နယ်

Dota

"Dota - Defense of the Ancients" ဟုအမည်ရသောဂိမ်းသည် နိုင်ငံတကာတွင် ရေပန်းအစားဆုံးဂိမ်းဖြစ်သည်။ 9ယောက်တစ်ဖွဲ့သော် လည်းကောင်းတစ်ဖွဲ့ ၅ ယောက်နေပြီး လက်စွမ်းပြရသော ဂိမ်းဖြစ်သည်။ ထိုဂိမ်းအားစတင်ဆော့ကစားရန် လူ ၂ယောက် သို့ ဘော့ တစ်ယောက်လိုသည်။ Dota ကိုတည်ထောင်သူမှာ Ice Frog ဖြစ်သည်။ Blizzard မှထုတ်လုပ်သော World of Warcraft - Frozen Throne မှ World Editor ကိုမှီး ကိုယ်ပိုင် စိတ်ကူးဖြင့်ရေးဆွဲထားသောမြေပုံတစ်ခုဖြစ်သည်။

IceFrog

ရေခဲဖား ဆိုသူသည် ဂိမ်းဒီဇိုင်နာတစ်ဦးဖြစ်သည်။ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်သည့် Warcraft III မှ စိတ်ကြိုက်မြေပုံတစ်ခု ဖြစ်သော Defense of the Ancients ကို ဖန်တီးသူလည်းဖြစ်သည်။

ထိုင်းပင်လယ်ကွေ့

ထိုင်း ပင်လယ်ကွေ့ သို့ သျမ် ပင်လယ်ကွေ့ ဟုလည်းလူသိများသော တောင်တရုတ်ပင်လယ် ရှိအနိမ့်ပိုင်းအနောက်မြောက်ဘက်ဝင်ပေါက် ဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် ၏အနောက်တောင်ဘက်ကမ်းခြေနှင့် မလေးကျွန်းဆွယ် ၏မြောက်ပိုင်းတစ်ဝက်အကြားရှိသည်။ ၈၀၀ ကီလိုမီတာ အရှည်နှင့် ၅၆၀ ကီလိုမီတာ အထိ အကျယ်အကျယ်ရှိပြီးမျက်နှာပြင်အကျယ် ၃၂၀,၀၀၀ စတုရန်း ကီလိုမီတာ ပင်လယ်ကွေ့သည်မြောက်ဘက်၊ အနောက်နှင့်အနောက်တောင်ဘက်တို့တွင်တည်ရှိပြီး ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းများ ၏အရှေ့ဘက်တွင်၎င်းနှင့်အရှေ့တောင်ဘက်တွင်တောင်တရုတ်ပင်လယ်အထိရှိသည်။ ယေဘုယျအားဖြင့်၎င်းကို ပင်လယ်ကွေ့ကြီး လက်တင်: Magnus Sinus နှင့်ခွဲခြားထားသည်) မှလူသိများ ဂရိ, ရောမ, အာရ ...

မတ်တာဖူးမြို့

မတ်တာဖူး သည်ထိုင်းနိုင်ငံ၊ လရယောင်ပြည်နယ်ရှိ မြို့ ဖြစ်သည်။ ၎င်းသည်ထိုင်းနိုင်ငံ၏အကြီးဆုံး စက်မှုဥယျာဉ် ဖြစ်သော မတ်တာဖူး စက်မှုဇုန် ဖြစ်သည်။ ပြည်နယ်ရုံးများသည် မြေပုံမတာဖူ့ တွင်ရှိသည်။

                                     

ⓘ မြေပုံ

မြေပုံ ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြထားခြင်းဖြစ်သည်။ မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။ မြေပုံ များအား မြေမျက်နှာသွင်ပြင်ပြ မြေပုံများ မှ ရာသီဥတုပြမြေပုံများ၊ လူဦးရေထူထပ်မှု ပြမြေပုံများ၊ စီးပွားရေး နှင့် လမ်းပမ်းဆက်သွယ်ရေးပြ မြေပုံများ စသည်ဖြင့် မြေပုံများကို ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်မှသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မှအစ ဆေးသိပ္ပံပညာရပ်များအထိအကြောင်းအရာ အမျိုးမျိုးပေါ် မူတည်ကာ ချဲ့ထွင် ရေးဆွဲ လာကြသည်။ စက္ကူ များပေါ်တွင်သာ နှစ်ဖက်မြင် မြေပုံများ၊ သုံးဖက်မြင် ရုပ်လုံးကြွမြေပုံများ မှ မြင့်မားလာသော နည်းပညာများ နှင့် အတူ မြေပုံရေးဆွဲခြင်း အတတ်ပညာများ သည်လည်း မြင့်မားလာခဲ့သည်။

မြေပုံ ဟူသော ဝေါဟာရသည် ကမ္ဘာမြေ ၏ ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်များမှ အခြေအနေ သွင်ပြင်များကိုသာ ဖော်ပြသော အဓိပ္ပာယ်မှ အခြားအသော နယ်ပယ်များသို့ ချဲ့ထွင်သုံးစွဲလာသည်။ နက္ခတ်တာရာများပြ မြေပုံ၊ လ နှင့် ဂြိုဟ်များ ၏ မြေမျက်နှာသွင်ပြင် နှင့် မြေအောက်အနေအထားပြ မြေပုံများ၊ ဦးနှောက်သွင်ပြင်ပြမြေပုံ ကဲ့သို့သော လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ၏ တည်နေရာပြ သရုပ်ပြပုံများ စသည်တို့သည် ပထဝီဝင် နှင့် ဘူမိဗေဒ နယ်ပယ်များမှ လွန်မြောက်သွားသော မြေပုံများဖြစ်သည်။ ထို့အပြင် စီမံချက်များ၏ လုပ်ငန်းအဆင့်ဆင့် ဖော်ပြမှုများကိုပါ သုံးနှုန်းဖော်ပြမှုများ တွင်ပါ နယ်ပယ်ချဲ့ထွင် သုံးစွဲလာခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံရေးလမ်းပြမြေပုံ

                                     

ဗဗုနိယဆေးရုံ

ဗဗုနိယဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ဗဗုနိယမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံ ဖြစ်သည်။ ဗဗုနိယခရိုင်ရှိ ဦးဆောင်ဆေးရုံတစ်ခု ဖြစ်ကကာ ဂျက်ဖနာရှိ စီရင်စုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ခုတင် ၆၂၄ ခု ရှိသည်။ ဆေးရုံကို တစ်ခါတရံ "ဗဗုနိယအထွေထွေဆေးရုံ" သို့မဟုတ် "ဗဗုနိယခရိုင်အထွေထွေဆေးရုံ" စသဖြင့်လည်း ခေါ်ကြသည်။

                                     

မန်နာဆေးရုံ

မန်နာဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ မန်နာမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းဆေးရုံကို ဂျက်ဖနာမြို့ စီရင်စုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၃၅၀ ရှိသည်။ ဤဆေးရုံကို တစ်ခါတရံ မန်နာခရိုင်ဆေးရုံ သို့မဟုတ် မန်နာအခြေစိုက်ဆေးရုံ စသဖြင့်လည်း ခေါ်ကြသည်။

                                     

ထရင်ကွန်မလီးဆေးရုံ

ထရင်ကွန်မလီးဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကွန်မလီးမြို့တော်တွင်တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။ ထရင်ကွန်မလီးခရိုင်၌ ဦးဆောင်ဆေးရုံတစ်ခု ဖြစ်ကာ ထရင်ကွန်မလီး စီရင်စုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၃၇၉ ခု ရှိသည်။ တစ်ခါတရံ ဤဆေးရုံကို "ထရင်ကွန်မလီးအထွေထွေဆေးရုံ" သို့မဟုတ် "ထရင်ကွန်မလီးခရိုင်အထွေထွေဆေးရုံ" စသဖြင့်လည်း ခေါ်ကြသည်။

                                     

ထရွိုင်ပြတိုက်

ထရွိုင်ပြတိုက် သည် တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ရှေးဟောင်း ထရွိုင်မြို့၏ ရှေးဟောင်းသုတေသနနယ်မြအနီးတွင် တည်ရှိသော ရှေးဟောင်းသုတေသနပြတိုက်တစ်ခုဖြစ်သည်။ ၂၀၁၈ တွင် ဖွင့်လှစ်ခဲ့ကာ ခေတ်ပေါ်ဗိသုကာအဆောက်အဦ တစ်ခုဖြစ်ပြီး ဌာနစိတ်ခုနှစ်ခုရှိသည်။ ထရွိုင်မြို့၊ မြို့တဝိုက်နှင့် အနီးနားရှိ ကျွန်းများမှ ရှေးဟောင်းမြို့အချို့က သမိုင်းဝင်အနုပညာလက်ရာပစ္စည်းများကို ပြသထားရှိသည်။

                                     

ကန်တလီဆေးရုံ

ကန်တလီဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ကန်တလီမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းကိုး ကိုလံဘိုဗဟိုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၂၁၀ ရှိသည်။ ဤဆေးရုံကို တစ်ခါတရံ "ကန်တလီအခြေစိုက်ဆေးရုံ" ဟုလည်း ခေါ်ကြသည်။

                                     

ကယ်မုနိုင်မြောက်ပိုင်းဆေးရုံ

ကယ်မုနိုင်မြောက်ပိုင်းဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ကယ်မုနိုင်မြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းကို ကိုလံဘိုမြို့ဗဟိုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၄၁၃ ခု ရှိသည်။ ဤဆေးရုံကို တစ်ခါတရံ ကယ်မုနိုင်မြောက်ပိုင်းအခြေစိုက်ဆေးရုံဟုလည်း ခေါ်ကြသည်။

                                     

မယ်လဝီဆေးရုံ

မယ်လဝီဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ မယ်လဝီမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ ဂျက်ဖနာမြို့ စီရင်စုအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၁၄၄ လုံးရှိသည်။ ဤဆေးရုံကို မယ်လဝီခရိုင်ဆေးရုံ သို့မဟုတ် မယ်လဝီ မယ်လဝီအရံဆေးရုံဟုလည်း ခေါ်ကြသည်။

                                     

မန်နာကျွန်းမီးပြတိုက် (အဟောင်း)

မန်နာကျွန်းမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၊ မန်နာကျွန်းရှိ Urumalai တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ မီးပြတိုက်ကို ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ယခုအခါ အလုပ်လုပ်ဆောင်ခြင်း မရှိပေ။ ၎င်းကို သံဖြင့်ပြုလုပ်ထားသည်။

                                     

ကိုဗီလန်အငူမီးပြတိုက်

ကိုဗီလန်အငူမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၊ ကရိုင်တိဗုကျွန်း တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ ၎င်းကို ၁၉၁၆ တွင် တည်ဆောက်ခဲ့သည်။ စခန်းမှာမူ ၁၈၉၉ ခုနှစ်တွင် စတင်ခဲ့သည်။ မီးပြတိုက်သည် အဝိုင်းပုံစံ အင်္ဂတေဖြင့် ပြုလုပ်ထားပြီး အမြင့် ၃၀ မီတာ ရှိကာ အဖြူရောင်ဖြစ်သည်။ အလင်းရောင်မီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၁ မီတာ ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၀.၄၈ မီတာ ရှိ သင်္ဘောပေါ်မှ ကြည့်ရှုသူသည် မီးအလင်းရောင်ကို ၂၁.၄ nautical miles အကွာမှ လှမ်းမြင်ရသည်။

                                     

မူလိုင်တိဗုမီးပြတိုက်

မူလိုင်တိဗုမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၊ မူလိုင်တိဗုမြို့တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အမြင့် ၂၀ မီတာ ရှိကာ သံဝင်ရိုးဖြင့် တည်ဆောက်ထားသည်။ ဤမီးပြတိုက်သည် သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်း ၁၉၉၆/၉၇ တွင် ဖျက်ဆီးခံရသည်ဟု ယုံကြည်ရသည်။