ⓘ ဂျော်ဂျင်ဟို

                                     

ⓘ ဂျော်ဂျင်ဟို

ဂျော်ဂျင်ဟို ဟုလူသိများသော ယော့ဂျ် လူးဝစ် ဖရီလို ဖေဟို ဘရာဇီးလ်ဖွား အီတလီပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်သည်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနှင့်အီတလီအမျိုးသားအသင်းတို့တွင် ကွင်းလယ်ကစားသမားအဖြစ် ကစားသည်။ သူသည် လက်ရှိချဲလ်ဆီး၏ဒု - ကပ္ပတိန် ဖြစ်သည်။

ဂျော်ဂျင်ဟိုသည် ဘရာဇီးတွင် မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်တွင် အီတလီနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး ဗီရိုနာ လူငယ်အသင်းနှင့်အတူ သူ၏ဘောလုံးကစားသများဘဝကို စတင်ခဲ့သည်။ ၂၀၁၀-၁၁ ရာသီအတွင်း သူသည် Sambonifacese သို့ အငှားသွား ကစားခဲ့ရသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် အီတလီကလပ် နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၆၀ ကစားနိုင်ခဲ့ကာ Coppa Italia နှင့် Supercoppa Italiana ကို ရရှိခဲ့သည်။ သူသည် ၂၀၁၈ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင်သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပထမရာသီတွင် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် အနိုင်ရခဲ့သည်။

နိုင်ငံတကာအဆင့်တွင် သူသည် အီတလီကို ကိုယ်စားပြုပြီး ၂၀၁၆ ခုနှစ်တွင် သူ၏အကြီးတန်းပွဲဦးထွက်ကို စတင်ခဲ့သည်။