ⓘ ခန့်စည်သူ

                                     

ⓘ ခန့်စည်သူ

ခန့်စည်သူ သည် မြန်မာ သရုပ်ဆောင်ဖြစ်သည်။ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ယနေ့အချိန်ထိ တကိုယ်တည်းသမားဘဝဖြင့် မိဘကို ပြုစုသည်။

                                     

1. ဖောင်ဒေးရှင်း

၂၀၂၀ တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက်၏ သိမ်တော်အထပ်မြှင့်တင် ပြန်လည်ပြင်ဆင်ရန်ဟူ၍ မွေးနေ့အလှူအဖြစ် သိန်းတရာ မတည်ပေးခဲ့သည်။ ရပ်ကွက်အတွင်း မရှိဆင်းရဲနွမ်းပါး မိသားစု ၂၆၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန်၊ ဆပ်ပြာ၊ ကြာဆံ၊ ထမင်းထုပ်တို့ ထောက်ပံ့လှူဒါန်းသည်။

ကိုဗစ်ကာလအတွင်း အခက်အခဲ ဖြစ်နေသောနေရာများသို့ ခန့်စည်သူ ဦးဆောင်သည့် မေတ္တာသင်္ဂဟအဖွဲ့သည်လည်း လှူဒါန်းမှုများ ပြုသည်။ အဖွဲ့ထူထောင်သည်မှာ ၂၀၂၀ တွင် ၁၀နှစ် သက်တမ်းရှိပြီ ဖြစ်သည်။