ⓘ ဂျော်နီရှီးကဲ့

                                     

ⓘ ဂျော်နီရှီးကဲ့

ဂျိုနီရှီကဲ့,သည် ဂျပန်နိုင်ငံသူ ဂျပန်လူမျိုး NMB48အဖွဲ့မှ ဂျပန်တကိုယ်တော် အဆိုတော် တစ်ဦး ဖြစ်သည်။ ဂျော်နီရှီးကဲ့ကို မတ်လလ ၁၈ရက်နေ့ ၁၉၉၅ ခုနှစ်တွင် 滋賀県ရှိဂါ့စီရင်စု၌ မွေးဖွားခဲ့သည်။ ဂျပန်အိုင်​ဒေါ အမျိုးသမီးအဖွဲ့ မှ NMB48၏ အဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည်။

                                     

1. အတ္ထုပ္ပတ္တိ

၂၀၁၀ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် NMB48၏ အဖွဲ့ဝင်ဖွင့်ပွဲမှ အဖွဲ့ဝင်ခွင့် လျှောက်လွှာတင်သွင်းခဲ့သည်။ ၂၀၁၀ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဂျော်နီရှီးကဲ့သည် NTT Pralaမှပံ့ပိုးသော Visit Zoo Campaign Support Project AKB48 Tokyo Autumn Festivalတွင် NMB48၏ ပထမအကြိမ် သုတေသနကျောင်းသူ၂၆ ယောက်ထဲမှ တစ်ယောက်အဖြစ် ဖော်ပြခြင်းခဲ့ရသည်။ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိုဆာကာမြို့ 難波နမ်ဘာရှိ NMB48ပြဇာတ်ရုံ၌ NMB48အဖွဲ့၏ ပထမမျိုးဆက်သစ် အဖွဲ့ဝင် A 3rd Stageဖျော်ဖြေမှုကို စတင်ခဲ့ပြီး ရွေးချယ်ခံရသောအဖွဲ့၀င် ၁၆ ယောက်ထဲမှ ခေါင်းဆောင်မင်းသမီး တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၁ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ဂျော်နီရှီးကဲ့သည် NMB48အဖွဲ့၏ Team Nရာထူး အဆင့် ၁ သုတေသနကျောင်းသူ ၁၆ဦးမှ ရွေးချယ်တင်မြှောက်ခြင်းခံရသူ တစ်ဦးအပါဝင်ဖြစ်သည်။ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဂျော်နီရှီးကဲ့သည် yTv ရုပ်မြင်သံကြားထုတ်လွှင့်မှုမှ 赤川次郎原အာကာတာဂျီ့နိုးဟာနာ့ဇတ်လမ်း ပြသခြင်းဖြင့် ဂျော်နီရှီးကဲ့၏ ပထမဆုံး သရုပ်ဆောင်မှုကို ပြုလုပ်ခဲ့သည်။ ထို့အပြင် ဂျော်နီရှီးကဲ့သည် NMB48အဖွဲ့ဝင်များ၏ ပထမဦးဆုံး မင်းသမီး ဖြစ်လာခဲ့သည်။ ၂၀၁၃ခုနှစ် မေလမှ ဇွန်လ အထိကျင်းပခဲ့သော AKB48၏ ၃၂ ကြိမ်မြောက် အပျိုရွေးချယ်ရေး အထွေထွေရွေးကောက်ပွဲတွင် ဂျော်နီရှီးကဲ့သည် အမှတ် ၄၀ နေရာမှ Next Girls အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၄ခုနှစ် မေလမှ ဇွန်လ အထိကျင်းပခဲ့သော AKB48၏ ၃၇ ကြိမ်မြောက် အပျိုရွေးချယ်ရေး အထွေထွေရွေးကောက်ပွဲတွင် ဂျော်နီရှီးကဲ့သည် အမှတ် ၅၈ နေရာမှ Future Girls အဖြစ်ရွေးချယ်ခံခဲ့ရပြန်သည်။ ၂၀၁၅ခုနှစ် မေလမှ ဇွန်လ အထိကျင်းပခဲ့သော AKB48၏ ၄၁ ကြိမ်မြောက် အပျိုရွေးချယ်ရေး အထွေထွေရွေးကောက်ပွဲတွင် ဂျော်နီရှီးကဲ့သည် အမှတ် ၃၆ နေရာမှ Future Girls အဖြစ်ရွေးချယ်ခံခဲ့ရပြန်သည်။ ၂၀၁၆ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် NMB48 6th Anniversary Liveပွဲ၌ ကျင်းပခဲ့သော NMB48၏၆ နှစ်မြောက်နှစ်ပတ်လည်ပွဲတွင် NMB48မှ အဆင့်မြင့် ရာထူးရရှိကြောင်း တရားဝင် ကြေငြာခဲ့သည်။ ၂၀၁၇ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် NMB48၏ ရာထူးအပ်နှင်း သဘင်ဖျော်ဖြေပွဲမှ ဂျော်နီရှီးကဲ့သည် NMB48အဖွဲ့မင်းသမီး အားလုံးမှ နံပါတ် ၁ အဆင့်မြင့် မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီ ၂၀၁၇ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ MB48၏ ရာထူးအပ်နှင်း သဘင်ဖျော်ဖြေပွဲ ပြီးဆုံးခဲ့သည်။

                                     

2. ပြင်ပလင့်များ

  • အင်စတာဂရမ်ပေါ်ရှိ ဂျော်နီရှီးကဲ့
  • ဂျော်နီရှီးကဲ့
  • ဂျော်နီရှီးကဲ့သို့မဟုတ်အိုစု့ကဲ့၊ ဂါမီနိရှီးကဲ့」Powered by Ameba
  • ဂျော်နီရှီးကဲ့ on TikTok
  • တွစ်တာပေါ်ရှိ ဂျော်နီရှီးကဲ့(၂၀၁၄ခုနှစ် အောက်တိုဘာ ၁၆နေ့မှစတင်ဖွင့်သောအကောင့် )