ⓘ စည်ဖြိုး

                                     

ⓘ စည်ဖြိုး

စည်ဖြိုး သည် မြန်မာလူမျိုး အမျိုးသား သရုပ်ဆောင်တစ်ဦးဖြစ်သည်။ စည်ဖြိုးကို ၁၉၉၀-ခုနှစ်၊ စက်တင်ဘာလ ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ အဖ ဦးထွန်းအောင်နှင့် အမိ ဒေါ်သီသီဝင်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ စည်ဖြိုးထွန်းဖြစ်သည်။ မွေးချင်းညီအကိုနှစ်ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ညီဖြစ်သူအမည်မှာ ပြည့်ဖြိုးအောင်ဖြစ်သည်။ စည်ဖြိုးသည် အကြားမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း ၏ တူလည်း ဖြစ်သည်။ ၂၀၁၂-ခုနှစ်တွင် ရွာပျောက်ကြီး ဗီဒီယိုဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် MRTV-4 မှ ထုတ်လွင့်ခဲ့သော အလင်းထဲကလူ ရုပ်သံဇာတ်လမ်းတွဲတွင် အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့သမားနေရာမှ သရုပ်ဆောင်ခဲ့သည်။

                                     

1. ငယ်ဘဝ

စည်ဖြိုးကို ပုသိမ်ဆေးရုံကြီးတွင် ၄ရက် ၉လ ၁၉၉၀ မနက် ၁ နာရီတွင် မွေးဖွားခဲ့သည်။ မွေးဖွားစဉ်က ငွေကြေးမတတ်နိုင်ခဲ့သဖြင့် ဆေးရုံတွင် ဆရာဝန်မငှားနိုင်ခဲ့သောကြောင့် သူနာပြုနှင့်သာ မွေးခဲ့ရသည်။ ၂ နှစ်သားအရွယ်တွင် အဒေါ်ဖြစ်သူ၏ ဗေဒင်ဟောခန်းပြောင်းရွှေ့ခြင်းနှင့်အတူ ရန်ကုန်သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့သည်။