ⓘ ချီတန် ဘာဂတ်

                                     

ⓘ ချီတန် ဘာဂတ်

ချီတန် ဘာဂတ် သည် အိန္ဒိယလူမျိုး ဇာတ်ညွှန်းရေးဆရာ၊ ရုပ်သံတင်ဆက်သူ၊ စိတ်ဓာတ်မြှင့် ဟောပြောသမား၊ သတင်းစာဆရာနှင့် စာရေးဆရာ ဖြစ်သည်။ လူလတ်တန်းစာ အိန္ဒိယလူငယ်များအကြောင်းကို ဇာတ်အိမ်တည်သည့် သူ၏ဝတ္ထုများမှာ လူကြိုက်များသည်။

၂၀၀၈ ခု၊ မတ်လတွင် နယူးယောက်တိုင်း သတင်းစာ၌ အိန္ဒိယသမိုင်းတွင် အရောင်းရဆုံး အင်္ဂလိပ်ဘာသာသုံး စာရေးဆရာအဖြစ် ဖော်ပြခံရသည်။ ၂၀၁၀ ခု၏ တိုင်းမ် မဂ္ဂဇင်း၏ ကမ္ဘာ့ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်လည်း ပါခဲ့သည်။

                                     

1. ငယ်ဘဝနှင့် ပညာရေး

ချီတန်ကို ၁၉၇၄ ခု၊ ဧပြီလ ၂၂ ရက်တွင် နယူးဒေလီ၌ မွေးသည်။ ဖခင်မှာ စစ်မှုထမ်းဖြစ်ပြီး မိခင်မှာ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ထမ်း ဖြစ်သည်။ မွေးချင်းတစ်ယောက် ရှိပြီး ကီတန် Ketan မှာလည်း စာရေးဆရာ ဖြစ်လာသည်။

၁၉၉၅ ခုတွင် အိုင်အိုင်တီမှ စက်မှုဘာသာနှင့် ဘွဲ့ရပြီး စီးပွားစီမံဘွဲ့ကို အမီဒါဘတ်ရှိ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ၁၉၉၇ ခုတွင် ရသည်။ ဂိုးမန်းဆာ့၌ အလုပ်ဝင်ရာ ဟောင်ကောင်၌ အမှုထမ်းရသည်။ ငါးမှတ်တန် ကို ဟောင်ကောင်၌နေစဉ် ရေးခြင်း ဖြစ်သည်။

၂၀၀၈ ခုတွင် ဒေါ်ချစ်ဘဏ် Deutsche Bank သို့ ပြောင်းကာ မွန်ဘိုင်းသို့ ပြန်လာသည်။

                                     

2. မိသားစုဘဝ

အမီဒါဘတ်၌ စီးပွားစီမံတက္ကသိုလ် တက်ရောက်စဉ် အနူရှာနှင့် ဆုံရာ ထိုအကြောင်းကို နှစ်မြေ နှစ်နယ် ဝတ္ထုအဖြစ် ပုံဖော်ခဲ့သည်။ အီရှန် Ishaan နှင့် ရှာရီအမ် Shyam အမည်ရှိ အမွှာ သားနှစ်ယောက် ရှိသည်။