ⓘ ကုန်းလမ်းပို့ဆောင်ရေး

                                     

ⓘ ကုန်းလမ်းပို့ဆောင်ရေး

ကုန်းလမ်းပို့ဆောင်ရေးသည် ၁၉၅၉ ခုနှစ်မှစ၍ ယနေ့အထိ အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်

၁၉၅၉ ခုနှစ်တွင် စစ်ဘက်ကုန်စည်ဖြန့်ချိရေးအဖွဲ့၏ ရင်းနှီးမတည်ငွေဖြင့် "နေပြည်တော် ပို့ဆောင်ရေးကုမ္ပဏီ" အဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်။၁၉၆၂ ခုနှစ်တွင် နေပြည်တော်ပို့ဆောင်ရေးကုမ္ပဏီအား "မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း" BURMA ECONOMIC DEVELOPMENT CORPORATION BEDC အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ဆောင်ရွက်ခဲ့သည်။၁၉၇၂ ခုနှစ်တွင် ပြည်သူပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၈၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီစွာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် ကုန်းလမ်းပို့ဆောင်ရေး" အမည်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

                                     

1. ရည်မှန်းချက်တာဝန်

ကုန်းလမ်းပို့ဆောင်ရေး၏ လုပ်ငန်းရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကုန်စည်/ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များဖြင့် အကျိုးတူ တိုးချဲ့ဆောင်ရွက်ပြီး ပြည်သူလူထုအား ထိရောက်သက်သာသော ဝန်ဆောင်မှုပေးရန်နှင့် ဝင်ငွေ တိုးမြှင့်ရှာဖွေရန်၊
  • အဆင့်မြင့်ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်ပေးလျက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်၊မြို့တွင်းပို့ဆောင်ရေးလုပ်ငန်းများအား ခေတ်မီယာဉ်များ၊ ခေတ်မီနည်းစနစ်များဖြင့် ပြေးဆွဲ ဆောင်ရွက်သွားရန်၊
  • ကုန်းလမ်းပို့ဆောင်ရေးရှိ သက်တမ်းလွန် ယာဉ်ဟောင်းများအားအပ်နှံပြီး ယာဉ်သစ် များ ဖြည့်တင်း နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊
  • ပြည်နယ်/တိုင်း ဒေသကြီးများအားဆက်စပ်၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အများပိုင် ကော်ပိုရေးရှင်း ထူထောင်၍ လုပ်ငန်းဆောင်ရွက်ရန်၊
  • ကွန်တိန်နာတင် ယာဉ်များအသုံးပြု၍ Multi Model စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ရန် သာမက နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကိုပါ တိုးချဲ.လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားရန်။
                                     

2. ဖွဲ့စည်းပုံ

ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ဖွဲ့စည်းပုံနှင့် ခွင့်ပြုအင်အား ဘောင်အတွင်း၌ ဌာနအသီးသီးကို ဖွဲ့စည်းကာ ဦးဆောင်စီမံကွပ်ကဲဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူ အထွေထွေမန်နေဂျာနှင့် ဒု-အထွေထွေမန်နေဂျာ တို့သည် ဌာနအသီးသီးမှ တင်ပြသော ဌာနဆိုင်ရာ လုပ်ငန်းကိစ္စအရပ်ရပ်ကို စိစစ်သုံးသပ်၍ အရေးယူ ဆောင်ရွက်ဖွယ်ရာများကို ဦးဆောင် ညွှန်ကြားရေးမှူးအား တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်ကြသည်။

ကုန်းလမ်းပို့ဆောင်ရေးတွင် ဖွဲ့စည်းထားရှိသော အောက်ပါဌာနအသီးသီးကို ဌာနမှူးများမှ ဦးဆောင်၍ ယှဉ်တွဲပါတာဝန်များကို ဦးဆောင်ညွှန်ကြားရေးမှူးအား တာဝန်ခံ ဆောင်ရွက်ကြသည် -