ⓘ ချမ်းချမ်း

                                     

ⓘ ချမ်းချမ်း

မြဝတီ ရုပ်သံမှ ကျင်းပသည့် သံစဉ်များနဲ့ကမ္ဘာ Melody World အဆိုပြိုင်ပွဲတွင် နှစ်သိမ့်ဆု ပထမ ရခဲ့သည်။ ချမ်းချမ်း၏ ပြိုင်ပွဲဝင်သီချင်း သီချင်းလက်ဆောင် မှာ ၂၀၀၇ ခုနှစ် သံစဉ်များနဲ့ကမ္ဘာ၏ အကောင်းဆုံးတေးများ စာရင်းဝင် ဖြစ်ခဲ့သည်။ ထိုသီချင်းသည် အဆိုပြိုင်ပွဲ၌ ပထမ မရသော်လည်း ပရိသတ်ရစေသည့် ပွဲဦးထွက်သီချင်း ဖြစ်ခဲ့သည်။

ပြိုင်ပွဲပြီးသည့်နောက် မကြာမီပင် ပထမဆုံးတေးစီးရီး တကယ်ဆိုရင် အချစ်ပဲလိုတယ် ထွက်လာသည်။ ထိုခွေမှာ ၂၀၁၀ ခုတွင် ချီးမြှင့်သည့် စီးတီးအက်ဖမ် အရောင်းရဆုံး အမျိုးသမီးတေးစီးရီးဆု ရသည်။ ထိုနှစ်၏ အကျော်ကြားဆုံး အမျိုးသမီးအဆိုရှင်ဆု လည်း ချမ်းချမ်းက ရသည်။

                                     

1. တေးစီးရီးများ

သိပ်ချစ်တယ် အရမ်းမုန်းတယ် တေးစီးရီး

သိပ်ချစ်တယ် အရမ်းမုန်းတယ် သည် အဆိုတော် ချမ်းချမ်း၏၂၀၁၁-ခုထွက် တေးစီးရီး ဖြစ်သည်။ တေးသရုပ်ဖော်ခွေကို ၂၀၁၂ ခုတွင် ဖြန့်သည်။ လေးဇီးကလပ် ဂီတဝိုင်းက တီးခတ်ပေးကာ ပရို စတူဒီယို၌ အသံသွင်းသည်။ နောက်ခံသီဆိုသည့်အဖွဲ့မှာ အဲဗားဂလိတ် Ever Glade ဖြစ်သည်။