ⓘ Free online encyclopedia. Did you know? page 94

လူးတား

သက္ကတဘာသာ ပ္လုတမှာ "ပ" နှင့် "လ" ကို ဆင့်၍ ပါဠိဘာသာအလိုမှာ မဆင့်ဘဲ ထားခြင်းမျှသာ ထူး၏။ ပါဌ်ဆင့်အတိုင်း ပ္လုတ ဟူ၍လည်း ပါဠိစာပေတွင် အသုံးရှိသည်။ ပါဠိဘာသာ ပလုတ မှ လူးတားဖြစ်လာသည်ဟု ဆိုရာ၌ ပလုတ မှ ပြုတ ဖြစ်လာ၍ ထိုတွင် "ပ" ကျေ၍ လုတ ဖြစ်သည်။ ထို လုတ ကိ ...

လေးချိုး

လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။

လေးလုံးစပ်လင်္ကာ

လေးလုံးလျှင် တစ်ပါဒစပ်ဆိုရသော ကဗျာအဖွဲ့ ဖြစ်သည်။ လင်္ကာ ဆိုသည်မှာ အလင်္ကာရမှ ဆင်းသက်လာသော စကားဖြစ်သည်။ တန်ဆာ ဆင်ခြင်းဟု အဓိပ္ပာယ်ရသည်။ မြန်မာကဗျာတွင် အသုံးများသော ကဗျာ အဖွဲ့ဖြစ်သည်။ ပုဂံခေတ်မှ ယနေ့ခေတ်အထိ လေးလုံးစပ် လင်္ကာနည်းကို သုံးလေ့ရှိသည်။

လွမ်းချင်း

သတိရအောက်မေ့ဖွယ်ရာတို့ကို လွမ်းဆွတ်တသ စပ်ဆိုထားသော သီချင်းတစ်မျိုးကို လွမ်းချင်းဟုခေါ်သည်။ လွမ်းချင်းများ သည် အလောင်းမင်းတရားကြီးလက်ထက်တော်ကပင် စတင်ပေါ်ပေါက်ခဲ့၏။ သို့သော် ထိုအခါက လွမ်းချင်းဟူသောအမည်နှင့် ခေတ်မစားခဲ့သေး ချေ။ မြောက်ဘက်သံဟူ၍သာ လူမျ ...

သဖြန်

ဒွေးချိုး၊ တြိချိုးနှင့် လေးချိုးတို့ကို တခါတရံ သဖြန် ဟု အမည်တပ်၍ခေါ်သည်ကို တွေ့ဖူးပေမည်။ ထိုသို့ခေါ်သည်မှာ သီဆို တီးမှုတ်မှုဆိုင်ရာ ဂီတသဘောကိုလိုက်၍ ဖြစ်သည်။ ပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို သီဆိုတီးမှုတ်၍ ပြီးဆုံးသောအခါ အသံကိုဖြန်ဖြေသော သဘောဖြင့် ...

သာချင်း

သာချင်းဟူသောအဖွဲ့သည် ဟောစာနှင့် ခပ်ဆင်ဆင်တူသည်။ သာချင်းမပေါ်မီကဟောစာများပေါ်ပေါက် ၏။ နောက် တစ်ဖြည်းဖြည်းဟောစာများကို သာယာချေငံစွာ တစ်မျိုးတမည်ပြောင်းလွှဲဖွဲ့ဆိုကြကာ သာချင်းဟုအမည် ပေးကြဟန်တူသည်။ သာချင်းစပ်ဆိုရာ၌ စာဆိုသူလက်ထက် မတိုင်မီ ဖြစ်ပေါ်သောအ ...

သံချပ်

ယိမ်းချင်း၊ နတ်ချင်း၊ လှေတော်သံ စသော သီချင်းတို့၏အကြား၌ ထည့်သွင်းချပ်ညှပ်၍ တိုင်ကာ ဖောက်ကာ သီဆိုရသော သီချင်းသံတိုမျိုး ဖြစ်သောကြောင့် သံချပ် ဟုခေါ်သည်။

သံချို

အသံချိုချိုသာသာရွတ်ရသော လေးချိုးကဗျာမျိုးဖြစ်သည်။ ရုပ်သေးပွဲများတွင် လက်စွဲတော်ရုပ်ခေါ် စာဆိုရုပ်ကို ကိုင်ရသော စာဆိုကိုင်သည် အလှူအကြောင်း၊ အလှူရှင်အကြောင်းတို့ကို ရုပ်သေးစင်လက်တန်းကိုကိုင်လျက် ဇဝနဉာဏ်ဖြင့် ချက်ချင်းဖွဲ့ဆိုလေ့ရှိသော ကဗျာမျိုးဖြစ်သ ...

သံပိုင်း

သံပိုင်းဆိုသည်မှာ မြန်မာဘာသာသက်သက်ဖြစ်၍ အစဉ်အဆက်ဖြစ်ခြင်း ဟူသောအဓိပ္ပါယ်နှင့် စာစောင်များ၏ အဆုံး၊ နိဂုံးလင်္ကာ ဟူသောအဓိပ္ပါယ်များကိုရသည်။ အစဉ်အဆက်ဖြစ်ခြင်းဟူသော အကြောင်းအရာကို သံပိုင်း ခေါ်ဝေါ်ရေးမှတ်ကြသည့်အ ထောက်အထားများမှာ ကိုးခန်းပျို့တွင် မနု ...

သံပေါက်

အသံကို ပေါက်ရောက် ပေါ်လွင်စွာ ဖတ်ရွတ်ရသော လင်္ကာတိုအမျိုးအစား ဖြစ်သည်။ မြန်မာကဗျာ စတင် သင်ကြားသောအခါ ကဗျာအစ သံပေါက်က ဟု ဆိုရိုးရှိသည့်အတိုင်း သံပေါက်ကို ရှေးဦးစွာ သင်ကြားပေးလေ့ရှိသည်။ သံပေါက်သည် လေးလုံး စပ်လင်္ကာဖွဲ့နည်း၏အခြေခံဖြစ်သည်။ ကဗျာဖွဲ့နည ...

အန်ချင်း

အန်ချင်းသည် မြန်မာသက္ကရာဇ် ၇ဝဝ- ကျော် ပထမအင်းဝခေတ်က စတင်ပေါ်ပေါက်ခဲ့သည့် ကဗျာတစ်မျိုးဖြစ် သည်။ မှန်နန်းရာဇဝင်အရ သက္ကရာဇ် ၇၅၉ -ခုနှစ်၌ ဘုရင်မင်း ကြီးစွာသည် အင်းဝမှအထက်အညာ တကောင်းမြို့သို့ ဖောင်တော်ဖြင့် ဆန်တော်မူလေသည်။ ထိုအခါ ဖောင်တော်ကို ငင်သည့် ...

အိုင်ချင်း

အသံ အိုင်အိုင်၊ အသံ မြိုင်မြိုင်နှင့် သံပြိုင်သီဆိုရသော အချင်းမျိုး ဖြစ်သောကြောင့် အိုင်ချင်း ဟုခေါ်သည်။ ဤသီချင်းသံကို ကြားလိုက်လျှင် မျက်ရည်ဖြိုင်ဖြိုင် အိုင်၍ စီးဆင်းလာစေတတ်သော သတ္တိကြောင့် အိုင်ချင်း ခေါ်ပါသည် ဟူ၍လည်း ဆိုကြသည်။ အိုင်ချင်းများသ ...

အဲချင်း

အဲချင်းဟူသည် ဧချင်း၊ အိုင်ချင်း၊ အန်ချင်းတို့ကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သော ကဗျာလင်္ကာစု၌ ပါဝင်၍ ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ အဲ ဟူသော စကားလုံးသည် မြန်မာစကားလုံးဖြစ်၍ ရပ်တံ့သည် ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အဲချင် ...

အမှတ် ၇ အငူ (ရုပ်ရှင်)

အမှတ် ၇ အငူ ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၈ ခုနှစ်တွင် ရုံတင်ပြသသည့် ဒါရိုက်တာ ဝေ့တယ်စိန့်၏ ပထဦးဆုံးသော ဇာတ်လမ်းရှည် ထိုင်ဝမ် ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည်။ ထိုင်ဝမ်တေးသံရှင် ဖန့်ယိချိန် ၊ ဂျပန်သရုပ်ဆောင် ချိအဲ့ ထာနက နှင့် မျိုးဆက်သစ် တေးသံရှင် လျန်ဝန်ရ ...

ကရင်စောင်းကောက်

ကရင်အမျိုးသား တူရိယာများအနက် ဖါးစည်ကလွဲလျှင် ဏာဍိင် စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်၊ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ န ...

ဂစ်တာ

ဂစ်တာ ဟူသည် ကြိုးတပ် တူရိယာတစ်ခုဖြစ်ပြီး ထိုကြိုးများအား လက်ဖြင့် တီးခတ်ရသည်။ ဂီတာ၏ အဓိက အစိတ်အပိုင်းများမှာ ကိုယ်ထည်၊ လက်ကိုင်၍ ကြိုးများအား ဖိထိန်းရန်အတွက် ပြားသော လက်ကိုင်တန်း တစ်ခု၊ ထိုကြိုးများအား ထိန်းချုပ်ထားရန်အတွက် ထိန်းချူပ်ဘားများ နှင့ ...

စောင်းကောက်

စောင်းကောက်သည် ရှေးကတည်းက ရှိခဲ့သော မြန်မာ့ ကြိုးတပ်တူရိယာတစ်ခုဖြစ်သည်။ ၁၉၅၆ တွင် ဂျပန်ဒါရိုက်တာ ကွန်အိချိကာဝါ က ဗမာ့စောင်း - The Burmese Harp အမည်ရှိသည့် ဒုတိယကမ္ဘာစစ်အခြေခံ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ စာရေးဆရာ ရဲမြလွင်က မြန်မာ့စောင်း အမည ...

တရုတ်ရိုးရာ နှစ်ကြိုးတပ်တယော

အာ့ဟူ သည် နှစ်ကြိုးတပ် ဘိုးတံတင်တေးဂီတတူရိယာဖြစ်ပြီး၊ အခြားအခေါ်အားဖြင့် ဆူးတယောဟူ၍လည်းကောင်း၊ တောင်ပိုင်းတယောဟူ၍လည်းကောင်း၊ တစ်ခါတစ်ရံတွင် တရုတ်တယော သို့မဟုတ် တရုတ် နှစ်ကြိုးတပ်တယော ဟူ၍လည်း အနောက်တိုင်း၌ လူသိများသည့် တူရိယာပစ္စည်းတစ်ခု ဖြစ်ပါသည် ...

ဖီဖ

ဖီဖ သည် ဗျက်စောင်းဂစ်တာဖြစ်ပြီး ကြိုးလေးချောင်းတပ်ဆင်ထားသည့် တရုတ် ဂီတ တူရိယာ ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင်တရုတ် ဂစ်တာ ဟုခေါ်ပါသည်။ တူရိယာတွင် သစ်တော်သီးပုံသဏ္ဌာန်ရှိသောသစ်သားကိုယ်ထည်တစ်ခုရှိပြီး ၁၂ ခုမှ ၂၆ အထိ ကြိုးတပ်ဆင်မှုပုံစံ ရှိသည်။ တရုတ်တူရိယာ ...

မင်ဒလင်

မင်ဒလင် သည် ကြိုးတပ်တူရိယာတစ်မျိုး ဖြစ်သည်။ လျုခေါ် အင်္ဂလိပ် ဗျပ်စောင်းမျိုးတွင် ပါဝင်၍ မြန်မာဗျပ်စောင်း နှင့် ခပ်ဆင်ဆင်တူသည်။ မင်ဒလင်အိုးသည် ဗူးသီးခြမ်းသဖွယ် ဖြစ်၏။ လည်တံတို၍ ကန့်လန့်ဖြတ်တုံးကလေးများစွာ ရှိသည်။ ထိပ်ကား၍ ပြားပြီးလျှင် ယင်းတွင် က ...

မိကျောင်း (တူရိယာ)

မိကျောင်းတူရိယာ သည် အငြိမ့်တီးမျိုး ၆ ပါးတွင် အပါအဝင်ဖြစ်သော တူရိယာဖြစ်၏။ မိကျောင်းရုပ်ဖြင့် ပြုလုပ်၍ တီးသော မိကျောင်းတူရိယာမျိုးများကို ခရစ် ၈ဝ၁-၂ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သော ပျူယဉ်ကျေးမှု မိတ်ဆက်အဖွဲ့တွင် ထည့်သွ ...

မြန်မာဂီတာ

ဂီတာ လို့ ပြောလိုက်ရင် အနောက်တိုင်းဇာတိ ကြိုး ၆ ချောင်းပါ ကြိုးတပ်တူရိယာ Guitar ကိုပဲ အရင်ဆုံး မြင်မိကြပေမယ်။ မြန်မာဂီတာ လို့ဆိုရင်တော့ အနောက်တိုင်းဂီတာပုံစံမျိုးပဲလို့ သိကြသူတွေများပါလိမ့်မယ်။ မြန်မာဂီတာ က အနောက်တိုင်းဇာတိ Slide Guitar Lap Steel ...

ဟွန်းတယော

မြန်မာနိုင်ငံထဲကို ဟွန်းတယောတွေ ရောက်မလာခင် ဗိုင်အိုလင် တယောပြားတွေက အရင်ဆုံး ရောက်ရှိလာခဲ့တယ်လို့ မှန်းဆရပါတယ်။ တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူးများပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်းအချိန်မှာတော့ ကမ္ဘာသုံး ဗိုင်အိုလင် တယောကို မြန် ...

ကြေးဝိုင်း

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။ အကျယ် တစ်ပေကိုးလက်မခန့်ရှိသော ပန်းပြားပေါင်း ရှစ် ပြားကိုစပ်၍၊ ကြေးဝိုင်းလုပ်လေ့ရှိသ ...

ခေါင်းလောင်း

တရုတ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ လောက် က ခေါင်းလောင်းများ စတင် ပေါ်ပေါက်ခဲ့သည်ဟု အဆိုရှိ သည်။ သို့ရာတွင် ခိုင်လုံသော အထောက်အထားများကား မရှိ ချေ။ အနောက် နိုင်ငံများတွင်မူ ရောမလူမျိုးတို့ အုပ်ချုပ်သည့် တိုင်းပြည်များ၌ ခရစ်ယန်အယူဝါဒကို အတ ...

ပတ္တလား

ပတ္တလား = Sanskrit ဝါဒ္ယ+Myan တလား တလား မွန်ဘာသာ၌" တလာ” သည်" သေတ္တာ” ဟု အဓိပ္ပာယ်ရပါသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို" ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က" ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး" တ္လာ” နှင့် မြန်မာ" သစ်” ကို ပေါင်းလိုက်သော ...

ပတ်မကြီး

ဆိုင်းဝိုင်း၏လက်ဝဲဖက်တွင် ပတ်မကြီးကို ထားရသည်။ ရှေးရိုးမူအတိုင်းမှာ ပတ်မကြီးကို သုံးချောင်းထောက် ဝက်ခွနှစ် ခုနှင့် ထမ်းပိုးထားသော တန်းတွင်ဆွဲသည်။ ယင်းကို ပတ်မ ထမ်းဟု ခေါ်၏။ မူလက ထိုပတ်မထမ်းမှာ ရိုးရိုးသစ်သားတန်း ဖြစ်သော်လည်း၊ နောင်သောအခါတွင် ထိုတ ...

ပတ်ဝိုင်း

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။ ပတ်ဝိုင်းမှာ မှန်စီရွှေချထားသော ပန်းပြားကြီးပေါင်းရှစ်ခုကို ဆက်စပ်ဝိုင်း ဖွဲ့ကာ၊ ပုံ ...

ဗြော

ဗြောမှာ မြန်မာ့တူရိယာ စစ်စစ်ဖြစ်သည်။ ``ပလုပ်တုတ် ဗြုန်း ဗြော ဗြော´´ ဟူ၍ အသံထွက်သဖြင့် ဗြောဟု ခေါ်ကြဟန်တူသည်။ ဗြောမှာ ပတ်စာမပါရှိသောစည်ကို ဘုလုံးတပ်တုတ်ဖြင့် တီးခတ်ရသည်။ ဗြောအဖွဲ့တွင် ပလုပ်တုတ်တစ်ခု၊ ဗြောတစ်လုံး၊ နှဲတစ်လက်နှင့် စည်းဝါး၊ လင်းကွင်းတ ...

ချည်ချောင်း

ချည်ချောင်း တူရိယာမှာ ယခု တွဲပြွေဟု ခေါ်ဆိုနေသော လေမှုတ်တူရိယာတစ်မျိုး ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း၄၀ဝ လောက်ကတည်းက ပေါ်ပေါက်နေသော တူရိယာ ဖြစ်သည်။ ချည်ချောင်းမှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ဝါးဖေါင်ကဲ့သို့ ကြီးစဉ်ငယ်လိုက် ပြွေများကို တစ်ချ ...

နှဲ

နှဲ သည် ပုလွေ ကို အရင်းခံ၍ တိုးတက်တီထွင် ထားသော အပြင်အခင် ပါ တူရိယာ ဖြစ်သည်။ ပုဂံမြို့ ရွှေစည်းခုံ စေတီရင်ပြင် မြောက်ဘက် ကြေးဂူတိုက် သစ်သားတံခါးရွက်တွင် နှဲမှုတ်နေဟန် ပန်းပုရုပ်တစ်ရုပ် တွေ့ရပြီး ယင်းအရုပ်မှာ လွန်စွာရှေးကျလှသည်။ ထို့ကြောင့် နှဲကို ...

ဟဲဗီးမက်တယ်လ် ဂီတ

Heavy metal သည် rock ဂီတ၏အမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၆၀နှင့် ၁၉၇၀ အစောပိုင်းတွင် United Kingdom နှင့် United States မှ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ blues rock, psychedelic rock မှ မူရင်းဇစ်မြစ်နှင့်အတူ တီးဝိုင်းများသည် heavy metal ကို ထူထပ်သိပ်သည်း၊ ထုထ ...

အွန်လိုင်းစွယ်စုံကျမ်း

စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ပေါ်လာသည်။ နာမည်ကျော် ဝီကီပီးဒီးယား Wikipedia ဟုခေါ်သော အင်တာနက်အခမဲ့ စွယ်စုံကျမ်းကို အင်္ဂလိပ်ဘာ ...

ဂေဘရီယယ် ဂါဆီယာ မားကွိဇ်

ဂေဘရီယယ် ယိုဆေး ဒီ လာ ကွန်ကော်ဒီယာ ဂါဆီယာ မားကွိဇ် ကိုလံဘီယာနိုင်ငံသား ဝတ္ထုရှည် ဝတ္ထုတိုများကို ရေးသားသော စာရေးဆရာ၊ ပြဇာတ်ရေးဆရာ နှင့် သတင်းစာဆရာ တစ်ဦး ဖြစ်သည်။ ၁၉၂၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင် မွေးဖွားပြီး လက်တင်အမေရိက တစ်ခွင်တွင် ဂါဘိုဟု လူသိများ ...

ဆက်ဖို

ဆက်ဖိုသည် ဂရိစာပေသမိုင်းတွင် ရှေးကျသော လစ်ရစ် ကဗျာစာဆိုရှင် ဂရိအမျိုးသမီး ဖြစ်သည်။ ဘီစီ ၆ဝဝခန့်တွင် အီးဂျီးယန်းပင်လယ်ရှိ လက်စဗော့ကျွန်းတွင်မွေးဖွားသည်ဟု အမှတ်အသား ပြုကြသည်။ ဂရိပညာရှိအယ်ရစ္စတိုတယ်သည် ဆက်ဖိုအား ဂရိစာဆိုပညာရှိ ဟိုးမားနှင့်တန်းတူထားခ ...

ဆောဖကလီ

ဆောဖကလီသည် ဂရိလူမျိုး နာမည်ကျော် ပြဇာတ်ရေးဆရာဖြစ်သည်။ အေသင်မြို့ဆင်ခြေဖုံးဒေသတွင် မွေးဖွားခဲ့၍၊ မိဘများမှာ ကုံလုံကြွယ်ဝသူများဖြစ်၏။ ပဲရီကလီးခေါင်းဆောင်မှုအောက်တွင် ဂရိနိုင်ငံငယ်များ တန်ခိုးထွန်းတောက်စဉ်အခါက သူ၏ပြဇာတ်များ ခေတ်စားခဲ့သည်။ ဆောဖကလီသည် ...

ကဝါဗတား ယာဆူနာရီ

ဂျပန်နိုင်ငံ၏ သက်ကြီးဝါရင့် စာရေးဆရာကြီးများတွင် ထိပ်တန်းက ရှိနေသော ယာဆူနာရီ ကဝါဗာတားကို အိုဆာကာမြို့၌ ခရစ် ၁၈၉၉ ခုနှစ်တွင် ဖွားမြင်သည်။ ကဝါဗာတားသည်ငယ်စဉ်က ပန်းချီဆရာတစ်ယောက် ဖြစ်လိုခဲ့ပေရာ ထိုလိုအင်ဆန္ဒသည် သူ၏ဝတ္ထုများတွင် ယခုတိုင် ထင်ရှားပေါ်လွ ...

တိုယိုဟိခို ကာဂါဝါ

တိုယိုဟိခို ကာဂါဝါ သည် ဂျပန်လူမျိုး ခရစ်ယာန်ဘာသာဝင် တစ်ဦး ဖြစ်သည်။ စစ်ဆန့်ကျင်ရေး လှုပ်ရှားသူ၊ ခရစ်ယာန်ပြုပြင်ပြောင်းလဲရေးလိုလားသူ၊ အလုပ်သမား လှုပ်ရှားပြောင်းလဲရေးဝါဒီ တစ်ဦးဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာ၏ အဆုံးအမများကို လူ့အဖွဲ့အစည်းတွင် အသုံးချရန်အ ...

ဂျိုဟန် ဝုဖဂန် ဖွန် ဂါတာ

ယိုးဟန် ဗောလ်ဖ်ဂန် ဖော်န် ဂါးတာ သည် ဂျာမန် စာရေးဆရာနှင့် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ဂျာမန်စာဆိုတော်ကြီး ဂါတာသည် ၁၇၄၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ ဖွားမြင်သည်။ အမိဖက်မှ အဖိုးမှာ မြို့မျက် နှာဖုံးတရားသူကြီးတစ်ဦး ဖြစ်သည်။ ငယ်စဉ်က ...

ရောဘတ် လူဝီ စတီဗင်ဆန်

ရောဘတ် လူဝီ စတီဗင်ဆန် သည် အင်္ဂလိပ်စာပေ လောက၌ ပုံဝတ္ထုများ ရေးသားခြင်းဖြင့် ကမ္ဘာကျော်ဖြစ်လာသော စာရေး ဆရာကြီးတစ်ဦး ဖြစ်သည်။ ခရစ် ၁၈၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် နေ့တွင် စကော့တလန်နိုင်ငံ အီဒင်ဘာရာမြို့၌ ဖွား မြင်သည်။ ငယ်စဉ်က များစွာ ချူချာလှသဖြင့် ...

သောမတ် ကာလိုင်း

သောမတ်ကာလိုင်းမှာ စကော့လူမျိုး ကမ္ဘာကျော်စာရေးဆရာကြီး တစ်ဦးဖြစ်၏။ ၁၇၉၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စကော့တလန်ပြည် ဒမ်ဖရီးရှိုင်ယာ အက်ကယ် လဖက်ကန်ရွာ၌ ဖွားမြင်သည်။ သူ၏ဖခင်မှာဆင်းရဲနွမ်းပါးသော ကျောက်ပန်းရန်သမား တစ်ဦးဖြစ်၍၊ ကာလိုင်းသည် သားသမီး ရှစ်ယေ ...

အာချီဗား ဂျိုးဇက် ကရိုနင်

နာမည်ကျော် ဗြိတိသျှ စာရေးဆရာကြီး အေ၊ ဂျေ၊ ကရိုနင် ကို စကော့တလန်ရှိ ဒန်ဘာတန်ပြည်နယ်၊ ဟယ်လင်ဘတ်မြို့ လေးတွင် ၁၈၉၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ ကရိုနင်သည် ဂလစ်စဂိုတက္ကသိုလ်တွင် ဆေးပညာကို ဆည်းပူး၍ ခွဲစိတ်ဆရာဝန် အဖြစ်လည်းကောင်း၊ သတ္တုတွင ...

မိဂယ်သေ သာဗင်တေး

သာဗင်တေး၊ ဆာအာဗေးသရာ မိဂယ်သေ သည် စပိန်နိုင်ငံမှ ကမ္ဘာကျော်စာရေးဆရာဖြစ်သည်။ ဆင်းရဲနွမ်းပါးသော ကာစတီးပြည်သား မှူးမတ်အနွယ်မှ မွေးဖွားသည်။ ဖခင်ဖြစ်သူမှာ ရိုဒီ ဂရိုသေသာဗင်တေး ဟု အမည်ရှိသောဆရာဝန်တစ်ဦးဖြစ်၍ နန်းတွင်းသားအချင်းချင်း ဓားရေးလှံရေးပြကြသည့်အခ ...

ဆဲလ်မာ လော့ခ်ဂေလော့ဖ်

ဆဲလ်မာ လော့ခ်ဂေလော့ဖ် ဆိုသူမှာ ဆွီဒင်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဗယ်ဆုကို ပထမဦးဆုံးရရှိသော အမျိုးသမီးစာရေးဆရာမဖြစ်သည်။ ထို့ပြင် ဆွီဒင်ပညာတံခွန်အသင်း၏ အဖွဲ့ဝင်အဖြစ် ပထမဆုံးရွေးကောက်ခံရသော အမျိုးသမီးလည်းဖြစ်သည်။ လော့ခ် ဂေလော့ဖ်ကိ ...

ဟန် ခရစ်ရှန် အင်န်ဒါဆင်

ဟန် ခရစ်ရှန် အင်န်ဒါဆင် သည် ဒိန်းမတ်စာရေးဆရာနှင့် ကဗျာဆရာဖြစ်ပြီး သူ၏ပုံပြင်များသည် ကမ္ဘာကျော်လေသည်။ သူ့ကဗျာနှင့် ပုံပြင်များကို ဘာသာစကားပေါင်း ၁၅၀ ကျော်ဖြင့် ဘာသာပြန်ထားပြီး ရုပ်ရှင်နှင့်ပြဇတ်များတွင်လည်း အသုံးပြုကြသည်။ အန်ဒါဆင်သည် ငယ်စဉ်က ဆင်းရ ...

ဂျိုးဇက် ကွန်းရက်

နာမည်ကျော် အင်္ဂလိပ်စာရေးဆရာတစ်ယောက်ဟူ၍ အသိအမှတ် ပြုခြင်းခံရသော ဂျိုးဇက်ကန်းရက်သည် ပိုလန်ပြည်သား ဖြစ်ပေသည်။ သူ၏အမည်ရင်းမှာ တီယိုဒေါ ဂျိုးဇက် ကွန်းရက်ကော်ဇင်းနီယိုစကီ ဖြစ်၏။ သူ့ဖခင်မှာ ပိုလန် တော်လှန်ရေးသမား တစ်ယောက် ဖြစ်ရကား ကွန်းရက် မှာ ရှုပ်ထွေ ...

ဟိုစေး ဆာရာမဂို

စိတ်ကူးဉာဏ်အားကောင်းသော စာရေးဆရာဖြစ်သူ ဟိုစေးဆာရာမဂိုသည် ပေါ်တူဂီဘာသာနှင့်ရေးသားပြီး နိုဗယ်လ်ဆုဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး စာရေးဆရာဖြစ်သည်။ စိတ်ဝင်စားဖွယ် ကောင်းသော အလင်္ကာအဖွဲ့အနွဲ့များဖြင့် ရေးသားထားသည့်၎င်း၏ Blindness ဝတ္ထုမှာလူသိများသည်။ ဆာရာမ ...

ဂီးဒါး မိုပါဆွန်း

ဂီးဒါမိုပါဆွန်း သည် ပြင်သစ်လူမျိုး ကမ္ဘာကျော် စာရေးဆရာဖြစ်သည်။ ဝတ္ထုရှည်များနှင့် ဝတ္ထုတိုများ အများအပြားရေးသားခဲ့သည်။ ဝတ္ထုတိုများ ရေးသားရာတွင် အထူးပြောင်မြောက်သည်။ ကာလပေါ် ဝတ္ထုတိုများကို ရေးသားရာတွင် ရှေ့ဆောင်ဖြစ်၍ ယခုတိုင် သူ၏ အရေး အသားတို့ကိ ...

ဆိုင်မွန်ဒီ ဗျူးဗွား

ဆီမုန်း လူစီ အားနက်စတင်း မာရီ ဘားထျန် ဒီဗိုးဗွား သည် ပြင်သစ်လူမျိုးစာရေးဆရာ၊ ပညာတတ်၊ ဖြစ်တည်မှုဒဿနိကဝါဒီ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၊ အမျိုးသမီးဝါဒီ နှင့် လူမှုရေးသီအိုရီသမား တစ်ဦးဖြစ်သည်။ ကိုယ်တိုင်က ဒဿနိကသမားတစ်ဦးဟု ခံယူခြင်းမရှိသော်လည်း အမျိ ...

ဖရန်ဆွာ ရက်ဗီလေး

ဖရန်ဆွာ ရက်ဗီလေး သည် ၁၅ဝဝ ပြည့်နှစ်လွန်နှစ်များ အတွင်းက ထင်ရှားသော ပြင်သစ်စာရေးဆရာတစ်ဦး ဖြစ်သည်။ ပြင်သစ်နိုင်ငံ တူးရိန်းခရိုင်၊ ရှိနွန်မြို့၌ ဖွားမြင်သည်။ ရက်ဗီလေး မွေးဖွားသော ခုနှစ်ကိုသော်၎င်း၊ ငယ်စဉ်ဘဝကို သော်၎င်း အတိအကျ မသိရချေ။ ရက်ဗီလေးသည် ထိ ...