ⓘ Free online encyclopedia. Did you know? page 76

ဝိညာဏဉ္စာယတန

ဝိညာဏဉ္စာယတနဘုံ ဆိုသည် ဝိညာဏဉ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အာကာသာနဉ္စာ ယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ ဝိညာဏဥစ္စာယတနဘုံဟု ဆိုသော်လည်း ...

သုဒဿာ

သုဒဿာဘုံဆိုသည်မှာ ကောင်းသော ရှုမြင်ခြင်းဖြင့် ရှုမြင်အပ်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ သုဒဿာဘုံသည် အတပ္မါဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ သုဒဿာဘုံသို့ ကသိုဏ်း၁၀ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား ၁၂ပါးထဲမှ ...

သုဒဿီ

သုဒဿီဘုံသည် ထိုထိုတရားတို့ကို ကောင်းစွာရှုမြင်လေ့ရှိသော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ သုဒဿီဘုံသည် သုဒဿာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ သုဒဿီဘုံသို့ ကသိုဏ်း၁၀ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား ၁၂ပါးထဲမှ တစ်ပ ...

အကနိဋ္ဌ

အကနိဋ္ဌဘုံဆိုသည်မှာ ယုတ်နိမ့်သည့် သဘောအလျင်းမရှိ၊ အထွတ်အမြတ်အဖြစ်ကို ရောက်နေကြသော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အကနိဋ္ဌဘုံသည် သုဒဿီဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အကနိဋ္ဌဘုံသို့ ကသိုဏ်း၁၀ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသ ...

အတပ္မါ

အတပ္ပါဘုံဆိုသည် ချမ်းချမ်းသာသာ ဖိုလ်ချမ်းသာများကို ခံစား၍ မရောင့်ရဲနိုင်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အတပ္ပါဘုံသည် အဝိဟာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ကွာဝေးသည်။ အတပ္ပါဘုံသို့ ကသိုဏ်း၁၀ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန ...

အဝိဟာ

အဝိဟာဘုံ ဆိုသည်မှာ အချိန်ကာလ အနည်းငယ်နှင့် မိမိရောက်နေသောနေရာဘုံကို မစွန့်လွှတ်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အဝိဟာဘုံသည် ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ကွာဝေးသည်။ အဝိဟာဘုံသို့ ကသိုဏ်း၁၀ပါး၊ အာနာပါနဿတိ၊ ဥပေက ...

အသညသတ်

အသညသတ်ဘုံ သည် ဝေဟပ္ဖိုလ်ဘုံနှင့် တပြင်တည်းမှာ တည်ရှိသည်။ အသညသတ်ဘုံသို့ ပထမဈာန်ရသော ပုဂ္ဂိုလ်များ ရောက်ကြသည်။ ပထမဈာန်ရသော ပုဂ္ဂိုလ်များဆိုသော်လည်း တခြားပထမဈာန်ရသော ပုဂ္ဂိုလ်များနှင့် မတူကြပါ။ သာသနာတော်မှ တပါးသော အယူအကျင့်ရှိသည့် တိတ္ထိကျောင်းများတ ...

အာကာသာနဉ္စာ ယတန

အာကာသာနဉ္စာယတနဘုံ ဆိုသည် အာကာသာနဥစ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အကနိဋ္ဌဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကာသာနဉ္စာ ယတနဘုံဟု ဆိုသော်လည်း ...

အာကိဉ္စ ညာယတန

အာကိဉ္စ ညာယတနဘုံ ဆိုသည် အာကိဉ္စ ညာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ ဝိညာဏဉ္စာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကိဉ္စ ညာယတနဘုံဟု ဆိုသော်လည်း ...

Jade Buddha Temple

ကျောက်စိမ်းဘုရားကျောင်း သည် ရှန်ဟိုင်းတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ၁၈၈၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကျောင်းတော်တွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဘုရားရုပ်ထုပ်နှစ်ဆူ ရှိသည်။ ထိုဘုရားနှစ်ဆူသည် ပင်လယ်ရေကြောင်းလ ...

ဓမ္မတလကစေတီတော်

ဓမ္မတလကစေတီတော် သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် တည်ရှိသည့် မြန်မာရိုးရာပုံစံဖြင့် တည်ဆောက်ခဲ့သည့် ဘုရားတစ်ဆူ ဖြစ်သည်။ စေတီတည်ရှိရာနေရာသည် ယခုအခါဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာပညာရေးနှင့် ပတ်သတ်သည်များကို သင်ကြားပို့ချရာ ...

ဗုဒ္ဓဘာသာဘုရားကျောင်းများစာရင်း

Nan Tien Temple Ling Yen Mountain Temple Sunnataram Forest Monastery

မောင်ရင်ပေါ်တောရ

မောင်ရင်ပေါ်တောရ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ စက်မှုဇုန်အနီးတွင် တည်ရှိသည်။ လျှိုမြောင်၊ တောင်တန်း၊ ဂူလှိုဏ်များဖြင့် သာယာလှပသော နေရာ ဖြစ်ကာ၊ ရှေးယခင်က စွန်းလွန်းဆရာတော် သီတင်းသုံးနေထိုင်ခဲ့ရာ ဖြစ်သည်။ မောင်ရင်ပေါ်တေ ...

ကပိလဝတ်ပြည်

သက္ကတိုင်း ကပိလဝတ်ပြည် သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူသော ပြည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး တိုင်း ၊ ပြည်ကြီး ဟု ကျော်စောခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော်များကို ...

ကုသိနာရုံပြည်

ကုသိနာရုံ မှာ ရှေးယခင်က အိန္ဒိယနိုင်ငံ၊ မဇ္ဈိမ ဒေသရှိ ပြည်ကြီး ၂ဝ အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာ ဘုရားသခင် ပရိနိဗ္ဗာန် စံယူခဲ့သော နေရာဖြစ်၍ ဗုဒ္ဓဝါဒီများ အသိများကြသည်။ ထိုပြည်မှာ ဟိမဝန္တာတောင်ခြေရှိ နီပေါနိုင်ငံနှင့် ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိ၍ ...

ဗုဒ္ဓခြေတော်ရာ

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်။ ၎င်းတို့မှာ- အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ။ မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်းမ ...

ဗုဒ္ဓဂါယာ

ဗုဒ္ဓဂါယာ သည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွ ...

မိဂဒါဝုန်

ဆားနပ်မြို့သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာဏသီမြို့၏ အရှေ့မြောက်ဖက် ၁၃ ကီလိုမီတာအကွာ၊ ဂင်္ဂါမြစ်နှင့် ဂုမ္မတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည်။ ဆားနပ်မြို့ရှိ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ခု၊ ဝါဆိုလပြည့်တွင် ဓမ္ ...

လုမ္ဗိနီ

လုမ္ဗိနီ သည် နီပေါနိုင်ငံ၊ ရူပန်ဒေယီခရိုင်တွင် တည်ရှိသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားအား မယ်တော်မာယာမှ မွေးဖွားခဲ့သည့် နေရာဖြစ်သည်။ လုမ္ဗိနီကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုမှ ၁၉၉၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ဝေသာလီပြည်

အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်မြောက်ပိုင်း ဗေဆာရမြို့ တည်ရာအရပ်သည် ဗုဒ္ဓဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာလီပြည် တည်ရာဌာန ဖြစ်သော်လည်း ယခုအခါတွင်မူ ရှေးဟောင်းသုတေသနနေရာ တစ်ခုအနေဖြင့် တည်ရှိနေသည်။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပေါသထသုတ် ပါဠိတော်လာ ...

သတ္တ သတ္တာဟ

ဘုရားရှင်တို့ ဘုရား စဖြစ်ပြီးပထမဆုံး သီတင်းသုံးတော်မူသော နေရာ ၇- ဌာနကို ဆိုလိုသည်။ ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာဟ ကျင့်တော်မူကြသည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။ ဗောဓိပင်၏ တောင်ဘက်၄၀လံ အကွာ၁၁-လံ ဟု စာမှာရှ ...

သတ္တဌာန

မြတ်စွာဘုရားသခင်သည် ဗောဓိပင်ရင်း၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရတော်မူပြီး နောက်ဘုရားရှင်တို့ပြုရိုးဖြစ်စဉ် ဓမ္မတာသုံးဆယ်အနက် ဓမ္မတာတစ်ခုဖြစ်သောတစ်ဌာနလျှင်ခုနစ်ရက်တာမျှ ခုနစ်ဌာနတွင်မွေ့လျော်စံပယ်တော်မူခြင်းပြုလေသည်။ ထိုခုနစ်ဌာနကိုပေါင်း၍သတ္တဌာနဟုခေါ်သည် ...

ကောဏ္ဍညဘုရား

၁။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ အဆုံး အပိုင်းအခြား မရှိသော တန်ခိုး ရှင်ဖြစ်၍ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစော ရှိတော်မူသော မနှိုင်းယှဉ် အပ်သည်ဖြစ်၍ ချဉ်းကပ် ဝံ့ခဲသော ကောဏ္ဍည မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ၂။ ထိုမြတ်စွာဘုရားသည် ...

ကကုသန်

ကကုသန်မြတ်စွာဘုရား ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာ အတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏားမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထ ...

ကောဏဂုံဘုရား

ကောဏဂုံဘုရား သည် ကကုသန်ဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား၊ အရိမေတ္တေယျဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ၁။ ကကုသန်မြတ်စွာဘုရား၏ နောက်အဖို့၌ အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ ...

ကဿပဘုရား

ကဿပဘုရား သည် ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ဂေါတမဘုရား နှင့် အရိမေတ္တေယျဘုရား စသည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဘုရားကြီးငါးဆူမှ ပွင့်ပြီးခဲ့သောဘုရားဖြစ်သည်။

ဒီပင်္ကရာဘုရား

၁။ ထိုအခါ ထိုရမ္မဝတီပြည်သူပြည်သားတို့သည် သံဃာနှင့်တကွသော မြတ်စွာ ဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏။ ၂။ ဒီပင်္ကရာမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတ ...

နာရဒဘုရား

ပဒုမဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အန္တရကပ်တခု၏ ဆုတ်ကပ် လူတို့၏ သက်တမ်း ကိုးသောင်းသို့ ရောက်သောအခါ အနေမဒဿီမှအစ ဘုရားသုံးဆူပွင့်သော ဝရကမ္ဘာ၌ တတိယမြောက် နာရဒဘုရားရှင် ပွင့်တော်မူခဲ့သည်။ နာရဒဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင ...

နှစ်ကျိပ်ရှစ်ဆူ

နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော" ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ...

ပစ္စေကဗုဒ္ဓါ

ပစ္စေက = အသီးသီး + ဗုဒ္ဓါ = မဂ်ဖိုလ်ကို သိသူများ ဟု အဓိပ္ပါယ်ရသည်။ ဘုရားပွင့်သောအချိန်၊ ဘုရားသာသနာ ထွန်းလင်းနေသော အချိန်များတွင် ပစ္စေကဗုဒ္ဓများ ပွင့်ရိုးထုံးစံမရှိပေ။ ထိုသို့ ဘုရားရှင်နှင့်အပြိုင်မဟုတ်ဘဲ သီးခြားပွင့်သော ဘုရားငယ်ဖြစ်၍ ပစ္စေကဗုဒ္ဓ ...

ပဒုမဘုရား

အနောမဒဿီဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် လူတို့သက်တမ်း အနှစ် တသိန်းတမ်းမှ ဆုတ်ချီတက်ချီဖြင့် နောက်ဆုတ်ကပ် အနှစ်တသိန်းတမ်းသို့ ပြန်ရောက်သော် ပဒုမဘုရားလောင်းတော်သည် တုသိတာနတ်ပြည်မှ နတ်သက်ကြွေပြီးလျှင်၊ စမ္ပကမြို့တော်၌ အသမမင်းကြီးနှင့် အသမဒေဝီမ ...

မင်္ဂလဘုရား

၁။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကို ပယ် ဖျောက်၍ တရားတည်းဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၏။ ၂။ ထိုမြတ်စွာဘုရားအား အခြားသော မြတ်စွာဘုရားတို့ထက် လွန်ကဲသော အတု ...

ရေဝတဘုရား

၁။ သုမနမြတ်စွာဘုရား၏ နောက်အဖို့၌ ရေဝတမည်သော လောကရှေ့သွား မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် နှိုင်းယှဉ်စရာ ဥပမာ ရှိတော်မမူ၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ၊ အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တော်မူပေ၏။ ၂။ ထိုမြတ်စွာ ...

ဝေဿဘူဘုရား

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် တူသောသူ ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူသော အမည်အားဖြင့် ဝေဿဘူ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ၂။ ထိုအခါ အနှောင်အဖွဲ့ကို ဖြတ်တောက်၍ သွားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုမြတ်စွာဘုရားသည် ရာဂမီးဖြင့် တောက်လ ...

သောဘိတဘုရား

၁။ ရေဝတမြတ်စွာဘုရား၏ နောက်အဖို့၌ သောဘိတမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ တည်ကြည်တော်မူ၏၊ ငြိမ်သက် သောစိတ် ရှိတော်မူ၏၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ။ ၂။ ထိုမြတ်စွာဘုရားသည် မိမိအိမ်တော်၌ စိတ်ကို ဆုတ်နစ်စေတော်မူပြီ၊ ...

သုမနဘုရား

၁။ မင်္ဂလမြတ်စွာဘုရား၏ နောက်အဖို့၌ သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကြောင့် တူသော ပုဂ္ဂိုလ် ရှိတော်မမူ၊ အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူ၏။ ၂။ ထိုအခါ ထိုမြတ်စွာဘုရားသည် မေခလမြို့၌ တရားခရုသင်းနှင့် ...

အနောမဒဿီဘုရား

သောဘိတမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် အန္တရကပ်တခုတွင် မ,သု,ရေ,သော ဟူ၍ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာသည် ကုန်ဆုံးသွား၏။ ထို့နောက် ဘုရားပွင့်ခြင်းမှ ဆိတ်သုဉ်းသော ဘုရားမပွင့်သော သုညကမ္ဘာကပ် အသင်္ချေဖြစ်ပျက် ကုန်လွန်သည်။ ၎င်းနောက် တက်က ...

ကပ်

ကပ် ဆိုသည်မှာတရားအထူးတို့၏ ဖြစ်နေခိုက် ပိုင်းဖြတ်ကြောင်း ဖြစ်သော အချိန်ကာလကို "ကပ်" ဟု ဆိုသည်။ အချိန်ကာလအထူးပင် ဖြစ်သည်။ "ကပ္ပိယန္တတိ ပရိစ္ဈိဇ္ဇိယန္တိ နာနာဓမ္မပဝတ္တိယော ဧတေနာတိ ကပ္ပေါ" ဧတေန - ဤအချိန်ကာလဖြင့်၊ နာနာဓမ္မပဝတ္တိယော - တရားအမျိုးမျိုးတိ ...

စေတနာ

စေတနာ ဆိုသည်မှာ "စေတေတိ" = စေ့ဆော်စီရင်တတ်၏၊ "ဣတိတသ္မာ" = ထို့ကြောင့်၊ "စေတနာ" = စေတနာမည်၏။ အလုံးစုံသော အမှုမျိုးတို့ကို ပြုလုပ်ရာတို့၌ စေတနာသည် ကိုယ်တိုင်နာမ်တရားတို့၏ အကြီးအမှူးဖြစ်၍ မိမိ၏ စေ့ဆော်ခြင်းကိစ္စ၊ ဖဿစသောတရားတစ်ပါးတို့၏ တွေ့ထိခြင်းစေသ ...

ဆရာတော်

ဆရာတော် ဆိုသည်မှာ မြန်မာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွင် သက်ကြီးဝါကြီး ရဟန်းတော်များ သို့မဟုတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်တို့ကို ရည်ညွှန်းခေါ်ဆိုသော အသုံးအနှုန်းတစ်ခု ဖြစ်သည်။ ရံဖန်ရံခါတွင် ရိုသေလေးစားမှုဖြင့် ဆရာတော်ကြီး ဟူ၍လည် ...

တဏှာ

တဏှာ သည် ဝေဒနာကြောင့် ဖြစ်ပေါ်သည်။ "တဏှိယတီတိ တဏှာ" ငတ်မွတ်တတ်သောကြောင့် "တဏှာ" မည်သည်။ မည်သည့်အခါကာလမှာမှ အလိုပြည့်ဝသည်ဟု မရှိဘဲ အမြဲငတ်မွတ်လျက်ရှိနေသည်ကို "တဏှာ" ဟူ၍ ဆိုသည်။

မဟာဘိနီဟာရ

မဟာဘိနီဟာရ ဆိုသည်မှာ စကြာဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီး၊ ဆုတောင်းကြီး ဖြစ်သည်။ "ဗုဒ္ဓေါ ဗောဓေယျံ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ" ဟူသည့် မဟာဗောဓိပတ္ထနာကို "မဟာဘိနီဟာရ" ဟု ဆိုသည်။

မဟာလတာ

မဟာလတာတန်ဆာ ဆိုသည်မှာ ဗုဒ္ဓစာပေကျမ်းဂန်တို့တွင် ပါရှိသည့် အလွန်တရာ အဖိုးထိုက်တန်သည့် အမျိုးသမီးအဝတ်တန်ဆာ ဖြစ်သည်။ မြန်မာစာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ "ရတနာများဖြင့် ပန်းနွယ်ပန်းခြောက် စီခြယ်ထားသော ထူးမြတ်သည့် အမျိုးသမီးအဝတ်တန်ဆာ" ဖြစ်သည်။ ဤကမ္ ...

လက္ခဏာရုပ်

လက္ခဏာ ဆိုသည်မှာ ဤတရားတို့သည် အနိစ္စမျိုးတို့သာတည်းဟု သန္နိဋ္ဌာန်ကျ သိမှတ်နိုင်ကြရန် အမူအရာမျိုး ဖြစ်သည်။ လက္ခဏာရုပ် ပါးရှိသည်။ ၎င်းတို့မှာ ၁ ဥပစယရုပ် − ရှေးဦးစွာ ဖြစ်ပေါ်ခြင်း၊ ဖြစ်ပေါ်ပြီးနောက် အဆင့်ဆင့် တိုးပွားခြင်းများ ဖြစ်သည်။ ထိုတွင် ရှေးဦ ...

လဇ္ဇီ

လဇ္ဇီ ဆိုသည်မှာ ပညတ်တော်ကို သိသောစိတ်နှင့် စေ့ဆော်၍ အာပတ်ကို မလွန်ကျူး၊ ပုထုဇဉ်ဂတိဖြင့် စွန်းညိသော အာပတ်ကို မဖုံးလွှမ်း၊ အဂတိလေးပါးသို့ မလိုက်စားသော သဘောရှိသည့် ပုဂ္ဂိုလ်ကို "လဇ္ဇီပုဂ္ဂိုလ်" ဟု ဆိုသည်။

လိင်္ဂ

လိင်္ဂ သည် လေးပါး ရှိ၏။ သဗ္ဗညု ဗောဓိလောင်းတို့၏ တံခွန်ကြီး လေးပါး ဖြစ်သည်။ ဤတံခွန်ကြီးလေးပါးသည် သာဝကဗောဓိလောင်း၊ ပစ္စေကဗောဓိလောင်းတို့နှင့် မဆက်ဆံသော သဗ္ဗညုဗောဓိလောင်းတို့၏ တံခွန်ကြီး လေးပါး ဖြစ်သည်။

လောက

လောက ဆိုသည်မှာ အမြဲတည်လေ့မရှိ ပျက်စီးတတ်သောကြောင့် "လောက" ဟု မည်သည်။ "အနိစ္စဘူတေန လုဇ္ဇတီတိ လောကော" လောကသည် သုံးမျိုးအပြားရှိ၏။ ၎င်းသုံးမျိုးတို့မှာ ဩကာသလောက၊ သင်္ခါရလောက၊ သတ္တလောကတို့ ဖြစ်သည်။

ဝိညာဉ်

ဝိညာဉ် သည် စိတ်ပင်ဖြစ်၏။ စိတ်ကို ဝိညာဉ် ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း ခေါ်သည်။ မြန်မာ့အလို နှလုံး ဟူ၍လည်းကောင်း၊ လိပ်ပြာဟူ၍လည်းကောင်း၊ အသက်ဟူ၍လည်းကောင်း ခေါ်ကြပြန်၏။ ဤနေရာ၌ မည်မျှပင် အခေါ်များ သော်လည်း အဘိဓမ္မာဒေသနာအရ ပရမတ္ထတရားလေးပါးတွင် တစ်ပ ...

ဝိပဿနာ

ဝိပဿနာ ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ ...

ဝေဒနာ

ဝေဒနာ ဆိုသည်မှာ "ဝေဒယတီတိ ဝေဒနာ" ခံစားတတ်သောကြောင့် ဝေဒနာ မည်သည်။ ဖဿဓာတ်၏ ကြိတ်နယ်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အာရုံ၏အရသာကို ခံစားတတ်သောတရားသည် "ဝေဒနာ" မည်သည်။ အာရုံ၏ အရသာမည်သည် ပိယ သာတဟု ဆိုအပ်သော ချစ်ခင်နှစ်သက်ဖွယ် သာယာမြတ်နိုးဖွယ်များကို ဆို ...