ⓘ Free online encyclopedia. Did you know? page 64

စောမောင် (ဗိုလ်ချုပ်မှူးကြီး)

ဗိုလ်ချုပ်မှူးကြီး စောမောင် သည် နိုင်ငံတော်သမ္မတ ​​ဒေါက်တာ​မောင်​မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခ ...

ထွန်းကြည်

ဒုတိယ ဗိုလ်ချုပ်ကြီး ၁-၅-၃၈ ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် မုံရွာ အထက ၁၊ ၁၉၅၀-၅၄ ခုနှစ်တွင် မုံရွာလူငယ်အစည်းအရုံး ဝင်၊ ၁၉၅၄-၅၈ ခုနှစ်တွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရ ...

အောင်သောင်း (ဝန်ကြီး)

ဦးအောင်သောင်း သည် မြန်မာ့နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ကျော်မြင့် (တရားသူကြီး)

တရားသူကြီး ဦးကျော်မြင့် ကို အဖ အရေးပိုင် ဦးဖိန်း နှင့် အမိ ဒေါ်မိမိ တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း ခုနစ်ယောက်ရှိသည်။ ဦးကျော်မြင့် သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကြံခံရတဲ့ ဦးတင်ထွဋ်ရဲ့ ညီဖြစ်ပြီး တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ တက္ကသိုလ်ကျောက ...

မောင်မောင် (နိုင်ငံတော်သမ္မတ)

ဒေါက်တာ မောင်မောင် သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ဥပဒေ ပညာရှင်တစ်ဦး ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ သတ္တမမြောက် သမ္မတ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန် ထမ်းဆောင်လိုက ...

ကင်းဝန်

ရှေးမြန်မာဘုရင်များ လက်ထက်တော်အခါက နေပြည်တော်နှင့် အဝေးမြို့ကျေးလက်နယ်များတွင် ထွက်ဝင်သွားလာသူများကို စစ်ဆေး၍၊ အကောက်အခွန် ကောက်ခံသင့်က ကောက်ခံစည်းကြပ်ရသော ဌာနများကို ကင်း ဟုခေါ်သည်။ ကြည်းကင်း၊ ရေကင်း၊ အနီးကင်း၊ အဝေးကင်း ဟူ၍ ကင်း ၄ မျိုးခွဲထားသည် ...

ကသည်းမြင်းဝန်

၁၉ ဇန်နဝါရီ ၁၇၅၉ တွင် အလောင်းမင်းတရားက မဏိပူရမြို့တော်ကို သိမ်းပိုက်လိုက်ပါသည်။ယင်းနောက် ကသည်းမြင်းသည်တော် အမှုထမ်း နှစ်ထောင်ကျော်ကို ရွှေ၊ ငွေ ၊ အဝတ်ပုဆိုး ၊ ရိက္ခာ စသည်တို့ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးပြီး နေပြည်တော်ဝန်းကျင်၌ အစုအကွက် ၊ နယ်မြေနေ ...

ကသည်းဝန်

ကသည်းဝန်သည် ကသည်း မဏိပူရနွယ်ဖွားများနှင့် ပတ်သက်သည့် အရေးကို လုပ်ကိုင်ဆောင်ရွက်ရသူဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ပြည်တစ်ခုအဖြစ် တွေ့ရှိရသော မဏိပူရနယ်နှင့် မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတို့မှာ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပါသည်။ ကသည်းလူမျိုးများ ...

ကုလားဝန်

ကုလားဝန်ဟူသည် နိုင်ငံရပ်ခြား ဥရောပတိုက်သား သိုးဆောင်လူမျိုးများ ပသီ ၊ ဇေဒဗာရီ လူမျိုးများနှင့် စပ်ဆိုင်သမျှကို လုပ်ဆောင်ရသူဖြစ်သည်။ ကုလားဝန် ရာထူးကို အများအားဖြင့် ဥရောပ ကပြားများ ၊ အိန္ဒိယနွယ်ဖွားများကိုသာ ခန့်အပ်လေ့ ရှိတတ်၏။

ကောင်ဟန်ဝန်

ကောင်ဟန်သည် မဲခေါင်မြစ်အရှေ့ဘက် ကျိုင်းရုံးကြီးခေါ် ကင်းဟန် နယ်သားများကို ဆိုလိုပါသည်။ ကောင်ဟန်အစုသားများတွင်လည်း တပ်ကောင်ဟန်၊ ဝင်းကောင်ဟန် ၊ ယွန်းစုကောင်ဟန်အစုသားများဟူ၍ သုံးမျိုးသုံးစား ခွဲခြားတွေ့ရှိရပါသည်။ အကြမ်းအားဖြင့် ယင်းအစုသုံးစုကို ကြီး ...

ကျီဝန်

ကျီဝန်ဟူသည် စပါး၊ ဆား၊ ဆီ၊ ငါးပိ စသည့် ဘုရင့်ကျီတော်များကို ကြီးကြပ်အုပ်ချုပ်ရသူ ဖြစ်၏။ ကျီဝန်ရာထူးကို ညောင်ရမ်းမင်းတရားကြီး လက်ထက် ၂၄ စက်တင်ဘာ ၁၅၉၈ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် အစောဆုံး တွေ့ရှိရပါသည်။ ထို့ပြင် သာလွန်မင်းလက်ထက် ကျီဝန်ရာထူးဖြင့် ...

ကျုံးဝန်

ကျုံးဝန်သည် မြို့တော်သစ် တည်ရာ၌ ကျုံးတော် တူးဖော်ရေးလုပ်ငန်းကို ကြီးကြပ်ရသူဖြစ်သည်။ သို့ဖြစ်၍ ကျုံးဝန်ရာထူးကို မြို့တည်နန်းတည်မင်းများ လက်ထက်တွင်သာ တွေ့နိုင်ကြောင်း ယေဘုယျ မှတ်ယူနိုင်ပါသည်။

ကျုံးဝန်ဘုမ္မဇေယျ

မြန်မာနိုင်ငံ တဝှန်းလုံးတွင် မနုကျယ်ဓမ္မသတ် သို့မဟုတ် မနုရသေ့ ဖြတ်ထုံးဆိုလျှင် ယောက်ျား မိန်းမမရွေး မကြားဘူး သူ မရှိသလောက်ပင် ဖြစ်သည်။ ဤမျှ ထင်ရှားကျော်စောသော ဓမ္မသတ်ကျမ်းကြီးကို မြန်မာဂန္ဓဝင်သို့ သွတ်သွင်းပေးခဲ့သူမှာ ကျုံးဝန်ဘုမ္မဇေယျ အမတ်ကြီးပင ...

ကျောက်ခွန်ဝန်

ကျောက်ခွန်ဝန် သည် တွင်းထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာ ထုတ်လုပ်တူးဖော်ရောင်းချရေး လုပ်ငန်းများအပေါ် အခွန်တော်စည်းကြပ် ကောက်ခံရသူဖြစ်သည်။ ကျောက်ခွန်တော်အဖြစ် ကောက်ခံရသည့် တွင်းထွက်ကုန်အချို့မှာ ပတ္တြမား ၊ ကျောက် ၊ စိန် ၊ ရွှေ ၊ ဘော် ၊ ပယင်း ၊ ခဲ ၊ ...

ကြေးနန်းဝန်

ကြေးနန်းဝန်ရာထူးကို ရတနာပုံခေတ်တွင်မှ စတင်တွေ့ရှိရပါသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အစီအစဉ်ဖြင့် ကြေးနန်းပညာရပ်များကို နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သင်ယူခဲ့ပြီးနောက် မြန်မာ့ကြေးနန်းလုပ်ငန်းအား စတင်ခဲ့ကြခြင်းဖြစ်သည်။

ခင်မမင်းဝန် (နန်းမတော်ဝန်)

ခင်မမင်းဝန် သို့မဟုတ် နန်းမတော်ဝန်သည် မိဖုရားခေါင်ကြီးနှင့် ပတ်သက်သည့် အရေးကိစ္စအဝဝကို တာဝန်ယူရသူဖြစ်သည်။ အထူးသဖြင့် မိဖုရားခေါင်၏ အသုံးကံကျွေး မြို့ရွာတို့မှ အခွန်တော်များကို စနစ်တကျ ကောက်ခံထိန်းသိမ်း ပေးရသူဖြစ်၏။ ကုန်းဘောင်ခေတ်ဦးကာလ ခင်မမင်းဝန် ...

ခန်းပတ်မင်းကြီး

ပုခန်းမှာလေ၊ လောင်းရှည်မှာဓား၊ ခန်းပတ်မှာနား၊ ရေနံတစ်တိုင် ချင်းရယ်နှင့် လင်းပါ့မလား။ ဆိုသော ဗန်းမော်ဆရာတော် ချိုးသောစာတိုကလေးကို မြန်မာသမိုင်း လိုက်စားသူတိုင်း ကြားဘူးကြပေလိမ့်မည်။ ဤစာပိုဒ်ကလေးမှာ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ထင်ပေါ် ကျော်စော ...

ခုံတော်မောင်ကျဘမ်း

ခုံတော်မောင်ကျဘမ်းမှာ ကျမ်းဂန်ထူးချွန် ကျေညက်သော ပုဂ္ဂိုလ်ဖြစ်သည့် အပြင် တင်္ခဏုပတ္တိဉာဏ်နှင့် ပြည့်စုံသူလည်း ဖြစ်သည်။ မောင်ကျဘမ်း ပေါ်ထွန်းသော ခေတ်မှာ အင်းဝဘုရင် ဒုတိယ မင်းခေါင် လက်ထက် ပေလေးပင် သျှင်လေးပါး ဟု ထင်ရှားကျော်ဇောသော ရဟန်းတော်များနှင့ ...

ချိန်၊ ဦး (လှေသင်းအတွင်းဝန်)

နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုသော မြန်မာလူမျိုးတို့၏ ဆိုရိုးစကားနှင့် လျော်ညီစွာ ကုန်းဘောင်ခေတ်တွင် အရာခတ်သိမ်းတို့၌ နှိုင်းချိန်ဝေဖန် မြော်မြင်တတ်သော ပညာရှိတစ်ဦး ပေါ်ထွန်းခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် ဝေါဟာရလိနတ္ထဒီပနီကျမ်း ကို ပြုစုခဲ့သော ...

ခြိမ့်၊ ဦး

ဦးခြိမ့် သည် မြန်မာဂန္ထဝင်တွင် ကဝိလက္ခဏဒီပနီကျမ်းကို ပြုစုခဲ့၍ မြောင်လှမြို့စား နိုင်ငံခြားဝန်ထောက် မင်းကြီး မဟာမင်းလှ ဇေယျသူဟု ထင်ရှားခဲ့သူ ဖြစ်သည်။ ရတနာသီခခေါ် ရွှေဘိုစီရင်စုခွန်တောင်ကြီးရွာ၌ ဖွားသည်။ ထိုပုဂ္ဂိုလ်သည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင် ...

ငါးစို့ဝန်

ငါးစို့ဝန်ဟူသည် အစိုး ၅ စို့ ခေါ် အသင်းအဖွဲ့ ၅ ခုကို အုပ်ချုပ်ရသူဖြစ်၏။ မြန်မာတပ်ဖွဲ့စည်းပုံတွင် စစ်သည် ၅ ယောက် ၁ အိုးစား ၁ ကြပ်၊ ၅ ကြပ် ၁ သွေးသောက် ၂ သွေးသောက် ၁ တပ်မှူး၊ ၅ တပ်မှူး ၁ ဗိုလ်၊ ၅ ဗိုလ် ၁ စို့ ဟူ၍ ရှိရာ အစိုး ၅ စို့ အတွက် အုပ်ချုပ်ရန ...

ငွေခွန်ဝန်

ငွေခွန်ဝန် သည် ငွေထွက်ရှိရာ မြေလတ်ဒေသများမှ ငွေခွန်တော်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရသူဖြစ်သည်။ ငွေခွန်ဝန်၏ လက်အောက်တွင် ငွေခွန်မှူးရာထူးကိုလည်း ထားရှိပါသည်။ မြန်မာမင်းများလက်ထက် ငွေခွန်မှူးအုပ်ချုပ်သည့် ငွေထွက်ရာနယ်မြေဒေသများမှာ ရွာငံ၊ ပွေးလ ...

စက်ဝန်

စက်ဝန်ရာထူးမှာ ရှေးယခင်အခါကမရှိဘဲ ရတနာပုံခေတ် စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာသော အခါမှသာ ခန့်အပ်ခဲ့သော ရာထူးဖြစ်ပါသည်။ မင်းတုန်းမင်းလက်ထက်တွင် လွှစက်၊ ရက်ကန်းစက်၊ ဒဂငါ်းသွန်းစက်၊ ဗုံးအမြောက်ဆံသွန်းလုပ်စက်၊ စာပုံနှိပ်စက်၊ ရတနာပုံ သဘေငါ်စက်ရုံ စသည ...

စတုရင်္ဂဗလအမတ်

စတုရင်္ဂဗလ အမတ်ကြီးသည် ပင်းယခေတ် မြန်မာစာပေ၌ ထင်ရှားသော စာဆိုတော်တစ်ဦး ဖြစ်၍ ဇာတိအားဖြင့် ပြည်မြို့သား ဖြစ်သည်။ ဝိဇယာပုရ အမည်ရှိ ပင်းယမြို့တည် နန်းတည် တစီးရှင်သီဟသူမင်းကြီး ၏ သားတော်ငါးစီးရှင်ကျော်စွာမင်းသည် အမတ်ကြီးအား သူကောင်းပြု၏။ ထိုမင်း၏ သား ...

စားတော်ဝန်

စားတော်ဝန်သည် နန်းတွင်းရှိ မင်းမိဖုရား၊ သားတော်၊ သမီးတော်တို့၏ အစားအသောက်ကိစ္စများကို တာဝန်ယူရသူဖြစ်သည်။ စားတော်ဝန်၏ လက်အောက်တွင် စားတော်ကဲအမှုထမ်းများ ရှိကြပြီး မြန်မာပွဲတော်၊ ရွှေလောင်းပွဲတော်၊ ရံတိုင်းပွဲတော်၊ ကုလားပွဲတော်၊ တရုတ်ပွဲတော်များကို ...

စီးတော်မြင်းဝန်

စီးတော်မြင်းဝန်ဟူသည် ဘုရင်မင်းမြတ် စီးနင်းသည့် မြင်းတော်များ အဝေးရှမ်းပြည်နယ်၊ ယွန်းပြည် စသည်တို့မှ လက်ဆောင်အဖြစ် ဆက်သသော မြင်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ကြီးကြပ်လုပ်ဆောင်ရသူ ဖြစ်ပါသည်။ ဘုရင်မင်းမြတ်စီးနင်းသော စီးတော်မြင်းအနက် အချို့က ...

ဆင်မင်းဝန်

မြန်မာမင်းများ လက်ထက်က လက်ဆောင်အဖြစ် ဆက်သခံရသည့် ဆင်များနှင့် ဖမ်းဆီးရမိသည့် လေ့ကျင့်သင်ကြားပေးပြီး ဆင်အချို့ကို ဆင်မင်းဟူ၍ သတ်မှတ်ကြ၏။ ဆင်မင်းများထဲတွင် မြို့စားအရာ ပေးအပ်ခံရသည့် ဆင်မင်းများလည်း ရှိပါသည်။ မောရိယ ပစ္စယနာဂရာဇာဘွဲ့ခံ ဆင်မင်းသည် ပတ္ ...

ဆင်ဝန်

ဆင်ဝန်သည် ဘုရင့်ဆင်တော်များအား ထိန်းသိမ်းစောင့်ရှောက်ရသူ ဖြစ်သည်။ ဆင်ဝန်၏ လက်အောက်တွင် ဆင်မှူး၊ ဆင်ဆေးသမားစသည့် အမှုထမ်းများ ထားရှိပါသည်။ ဘုရင့်ဆင်တော်များကို အတွင်းတင်းကုပ် ပြင်တင်းကုပ်တော်များ၌ ချည်နှောင်ထားရှိ၏။ ဦးစီး၊ ဆင်စာချီ၊ နောက်ပဲ့၊

ဆတ္တာဝန်

ရှေးမြန်မာမင်းများလက်ထက်က ဆတ္တာခေါင်းဟူ၍ ရှိခဲ့ဖူးပါသည်။ ဆတ္တာခေါင်းဟူသည် ဘုရင်မင်းမြတ်၊ သားတော်၊ သမီးတော်တို့၏ ခြေသည်း၊ လက်သည်း သန့်စင်ရေး၊ တစ်ကိုယ်တော် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူရသူဖြစ်ဆိုပါသည်။ သီပေါမင်းလက်ထက်တွင်မူ ဆတ္တာခေါင် ...

ဆဒ္ဒန်ဆင်မင်းဝန်

ဘိုးတော်ဘုရား လက်ထက်တွင် သံသာဝတီနယ် နိဗ္ဗာန်ရွာ အရှေ့ဘက်မှ ဆင်ဖြူတော် တစ်ကောင်ကို ရရှိခဲ့ရာ ယင်းဆင်ဖြူတော်ကို ဆဒ္ဒန်မင်းဟု ခေါ်ဆိုသမုတ်ခဲ့ပါသည်။ ထို့အတူ ယင်း ဆဒ္ဒန်ဆင်မင်းအတွက် ဝန်တစ်ဦးလည်း သီးခြားခန့်အပ်ခဲ့ရာ ဆဒ္ဒန်ဆင်မင်းဝန်ဟူ၍ ပေါ်ပေါက်လာခဲ့၏။

ဆရာဝန် (ပညာဝန်)

ဆရာဝန်ဟူသည် ယခုခေတ်တွင် လူနာအား ဆေးဝါးကုသပေးရသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဆိုလိုသော်လည်း မြန်မာမင်းများ လက်ထက်ကမူ ဆရာအား ဝန်အဖြစ်ခန့်ထားခြင်းသာ ဖြစ်ကြောင်း သိရှိရ၏။

တရုတ်ဝန်

တရုတ်ဝန်ရာထူးမှာ တရုန်မြန်မာ ဆက်ဆံရေးအတွက် အရေးပါလှသော ရာထူးတစ်ခုဖြစ်သည်။ ကုန်းဘောင်ခေတ်ဦး ကာလကပင် တရုတ်မြန်မာ အပြန်အလှန် ဆက်ဆံမှုများ တိုးမြှင့်လာခဲ့သည်။

တိုင်တားမင်းကြီး

တိုင်တားမင်းကြီးသည် သက္ကရာဇ် ၁၁၄၃-ခုနှစ် နန်းတက်သော အမရပူရ ပထမမြို့တည်နန်းတည် ဘိုး‌တော်မင်းတရား လက်ထက်မှစ၍ ရခိုင်ပြည်၌ အမှုထမ်း‌သော မှူးမတ်အမျိုးအနွယ်မှ ဆင်းသက်သည်။ အဖမှာ ရခိုင်ပြည် သံတွဲဝန် မဟာမင်းကြီး‌ကျော်စွာဖြစ်သည်။ တိုင်တားမင်းကြီး၏ အမည်ရင်း ...

တောင်ဘက် (ကိုးသင်း) မြင်းဝန်

တောင်ဘက် ကိုးသင်းမြင်းဝန်ရာထူးကို တောင်ဘက်မြင်းဝန်ဟူ၍သာလျှင် ယေဘုယျအားဖြင့် ခေါ်ဆိုကြ၏။ တောင်ဘက်ကိုးသင်းမြင်းနယ်မြေများကို တိကျသေချာစွာ မသိရသေးပေ။ တောင်ဘက်မြင်းဝန် ဦးဘော် ကုန်းဘောင်ခေတ်ဦးကာလ အစောဆုံးတွေ့ရှိရသည့် တောင်ဘက်မြင်းဝန်မှာ မင်းငယ်ကျော်ထင ...

တံဆိပ်ဝန်

တံဆိပ်ဝန်သည် တံဆိပ်အမျိုးမျိုးကို လုပ်ဆောင်စီစဉ်လျက် တံဆိပ်ခတ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရပါသည်။ တံဆိပ်ဝန် စီစဉ်လုပ်ဆောင်ရသည့် တံဆိပ်များထဲတွင် ဘုရင်မင်းမြတ်၏ ကျောက်စီတံဆိပ်တော်၊ အရှင် မိဖုရားကြီး၏ တံဆိပ်နာမတော်၊ မင်းမိဖုရာ ...

ထွန်းညို၊ ဦး၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ

ဦးထွန်းညိုသည် ၁ဝ၈၈ ခုနှစ်တွင် မောင်းထောင်ကြီး ရွာ၌ ဖွားမြင်သည်။ စိန္တကျော်သူဦးဩ၏မိခင် ဒေါ်ပုနှင့် မောင်နှမ တော်သည်။ ဟံသာဝတီရောက် မင်းတရားကြီး လက်ထက်တွင် သာသနာ့ဘောင်၌ ရဟန်းအဖြစ်ဖြင့် ထမ်းရွက်နေခဲ့ရာ၊ ရတနာ သိင်္ဃကုန်းဘောင်မြို့ကို အလောင်းမင်းတရား တ ...

ဒိုင်းဝန်

ဒိုင်းဝန်ရာထူးကို စို့လေးဆယ်ဒိုင်းဝန်ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ဒိုင်းတော်အမှုထမ်းအစု ၄၀ အား အုပ်ချုပ်ရသူဟု ဆိုနိုင်ပါသည်။ မြန်မာမင်းများ လက်ထက်က ဒိုင်းဝန်ကွက်ကဲအုပ်ချုပ်ရာ ဒိုင်းတော်တန်းမှာ ရွှေနန်းတော်လက်ဝဲ ဘက် မာရဘင် တံခါးအထွက်၌ရှိပါသည်။ ဒိုင်းဝန ...

ဒေးဝန်း အကောက်ဝန်

ဒေးဝန်းအကောက်ဝန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တင်သွင်းလာ ကုန်စည်ပစ္စည်းများအပေါ် အခွန်ကောက်ခံ စည်းကြပ်ရသူဖြစ်ပါသည်။ ရွှေတိုက်အတွင်းဝန်၏ အတ္ထုပ္ပတ္တိစာတမ်းတွင် ‘တရုတ်ပြည်ကြီးမှ မြန်မာနိုင်ငံတော်သို့ ကုန်းလမ်းကျရောက်သော ကုန်အထည်အလိပ် ၊ အသုံးအဆောင ...

ဓနက်ပလာဝန်

ဓနက်ကလာဆင်ဝန်ဟူသည် တောဆင်ရိုင်းများကို ယဉ်ကျေးလိမ္မာလာအောင် တာဝန်ယူလေ့ကျင့်ပေးရသော ဝန်ဖြစ်၏။ ဓနက်ပလာဆင်ဝန်၏ လက်အောက်တွင် ကွန်ပစ် စသည့် အမှုထမ်းများ စုံလင်စွာ ထားရှိပါသည်။ဓနက်ပလာဆင်ဝန်သည် လေ့ကျင့်ပြီးစီးသော ဆင်များအား ဆင်ဝန်သို့ လွှဲပြောင်းပေးအပ်ရ ...

နု၊ ဦး ဆရာကြီး

ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် ဖခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ဆက်ခံစိုးစံစဉ် မြန်မာသက္ကရာဇ် ၁၁၄၂-ခုတွင် ရတနာသိင်္ဃမင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။ ဆရာကြ ...

နန်းကံကျွေးဝန်

နန်းကံကျွေးဝန် သည် နန်းတော်၊ ပြသာဒ်ဆောင်ကြီးများ၊ အဆောင်အယောင်များ ဆောက်လုပ်ပြင်ဆင် ထိန်းသိမ်းသည့်လုပ်ငန်းများကို လုပ်ကိုင်ရသူ ဖြစ်သည်။ နန်းကံကျွေးဝန်၏ တာဝန်ဝတ္တရားများမှာ ယခုခေတ်မြို့ပြ အင်ဂျင်နီယာ များနှင့် အလားသဏ္ဌာန် တူပါသည်။

နန်းမတော်ဝန်

ခင်မမင်းဝန် နန်းမတော်ဝန်သည် မိဖုရားခေါင်ကြီးနှင့် ပတ်သက်သည့် အရေးကိစ္စအဝဝကို တာဝန်ယူရသူဖြစ်သည်။ အထူးသဖြင့် မိဖုရားခေါင်၏ အသုံးကံကျွေးမြို့ရွာတို့မှ အခွန်တော်များကို စနစ်တကျ ကောက်ခံထိန်းသိမ်း ပေးရသူဖြစ်၏။ ကုန်းဘောင်ခေတ်ဦးကာလ ခင်မမင်းဝန်ဟု ခေါ်ဆိုက ...

နန်းဦးမင်္ဂလာမြင်းဝန်

နန်းဦးမင်္ဂလာမြင်းဝန်မှာ ကုန်းဘောင်ခေတ်နှောင်းကာလတွင်မှ စတင်ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ သီပေါမင်းလက်ထက်တွင် မြန်မာမြင်းတပ်၌ အစု ၁၁ ခု ရှိရာ နန်းဦးမင်္ဂလာမြင်း အစုလည်း ပါဝင်ပါသည်။ သီပေါမင်းနန်းတက် လာပြီးနောက် ၁၈၇၉ ခုနှစ်တွင် နန်းဦးမင်္ဂလာမြင်းတပ်စု ...

နောက်တော်ပါမြင်းဝန်

နောက်တော်ပါ မြင်းဝန်သည် မြင်းတပ်အစုသားများအနက် နောက်တော်ပါ မြင်းတပ်စုကို အုပ်ချုပ်ကွက်ကဲရသူ ဖြစ်ပါသည်။ နောက်တော်ပါ မြင်းအစုသားများသည် ခါးနောက်ဘက်၌ မြင်းရုပ်တံခွန်စိုက်ပုံ သဏ္ဌာန်ကို စုတ်ဆေးဖြင့် ရေးထိုးထားကြရ၏။ နောက်တော်ပါ မြင်းဝန်၏ လက်အောက်တွင် ...

နောက်ဝန်းကျင်ဝန်

နောက်ဝန်းကျင်ဝန်သည် အနောက်ဆောင်များအား ထိန်းသိမ်းစောင့်ရှောက်ရသည့် နောက်ဝန်းကျင်အစုသားများအပေါ် ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ နောက်ဝန်းကျင် အစုသားများသည် လက်ခြောက်ဘက်ပါ ဂျွန်းနတ်ရုပ်ပုံကို ကျော၌ ရေးထိုးထားကြရကြောင်း သိရှိရ၏။ နောက်ဝန်းကျင် အစုသားများ ...

ပခန်းမင်းကြီးဦးရန်ဝေး

ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်းကာလတွင် နန်းတက်လာသည့် မင်းတုန်းမင်း လက်ထက်တွင် အထူးကျော်ကြားသည့်အမတ်ကြီးတစ်ဦးမှာ ပခန်းမင်းကြီးဦးရန်ဝေး ဖြစ်သည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး လွှတ်တက်မင်းသားများဘဝက ဦးဝိသုဒ္ဓဘွဲ့အမည်ဖြင့် ရဟန်းပြုနေသူ ဦးရန်ဝေးသည် ...

ပင်းယသေနတ်ဝန်

ကုန်းဘောင် ခေတ်ဦး ကာလတွင် ပုံမှန်ရှိရင်းစွဲဖြစ်သော သေနတ်ဝန်ရာထူးအပြင် ပင်းယသေနတ်ဝန်ဟူ၍လည်း ခန့်အပ်ခဲ့ဖူးကြောင်း သိရှိရပါသည်။ ပင်းယသေနတ်ဝန်မှာ ပင်းယကိုအခြပြေုဖွဲ့စည်းထားသော သေနတ်အစုအမှုထမ်းများအား အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်ပါသည်။

ပန်းတဉ်းဝန်

ပန်းတဉ်းဝန်သည် ကြေးသတ္တုနှင့် သက်ဆိုင်သည့် ကြေးစည်၊ ခေါင်းလောင်း၊ ရုတ်တု၊ ရုပ်ပွားတော်များ၊ ထွေးအင်၊ လင်ပန်း၊ ဖလား၊ ဇွန်း စသည်တို့ကို ခတ်လုပ်ရသည့် အမှုထမ်းများအား အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်ပါသည်။ ပန်းတဉ်းဝန်လို လက်အောက်တွင် ပန်းတဉ်းစားရေးတို့ကိုလည်း ...

ပန်းထိမ်ဝန်

ပန်းထိမ်ဝန် သည် ရွှေထည်၊ ငွေထည်၊ ကျောက်မျက်ရတနာများ စီခြယ် လုပ်ဆောင်ရသည့် ပန်းထိမ် လုပ်ငန်းအား ကြီးကြပ်ကွပ်ကဲသူ ဖြစ်ပါသည်။ လုပ်ငန်းဆောင်တာအများအားဖြင့် မကိုဋ်တော်၊ သရဖူတော်၊ ရတနာမောက်ရှုတော်၊ စိန္တာမုနိ မကိုဋ်တော်၊ ရတနာဗောင်းထုပ်တော် များနှင့် တက ...

ပန်းပဲဝန်

ပန်းပဲဝန်သည် ဓား၊ လှံ၊ လက်နက်ကိရိယာများ၊ အမိန့်တော်အရ ခေါင်းလောင်းများ သွန်းလုပ်ရာတွင် တာဝန်ယူရသူ ဖြစ်ပါသည်။ ပန်းပဲဝန်၏ လက်အောက်တွင် ပန်းပဲစာရေးများကိုလည်း ထားရှိ၏။