ⓘ Free online encyclopedia. Did you know? page 62

ဗတင်၊ သခင် (လက်သီးပုန်း)

လက်သီးပုန်း သခင်ဗတင်ကို ၁၉၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် သံတွဲခရိုင် ၊ ကျိန္တလီမြို့ လယ်ဝန်ဦးဘိုးဖေ ၊ ဒေါ် မယ်သီ တို့ မှ ဖွားမြင်၍ မွေးချင်း ရှစ်ဦးအနက် ဒုတိယ မြောက် သားဖြစ်သည်။ ငယ် စဉ်က ညီဖြူဟု ခေါ်ကြသည်။ သံတွဲမြို့ အေဘီ အမ်ကျောင်းနှင့် အ ...

မင်းနွယ်

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

မြတ်ထန်

မြတ်ထန် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး စာပေဗိမာန် စာမူဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က လွတ်လပ်ရေး မ ...

မှူးသမိန်

၁၉၂၂ - ခုနှစ်၊ ဒီဇင်ဘာလ၁၅ရက်နေ့တွင် စစ်ကိုင်းမြို့ ဗညားရပ် ၌ အဖ-မွန်အမတ်ကြီး ဗညားကျန်းတော၏ အဆက်အနွယ် တိုက်သူကြီး ဦးသာဝင်း၊ အမိ ဒေါ်ဒေါ်မှီ တို့က ဖွားမြင်သည်။ အမည်ရင်းမှာ မောင်အောင်ကြည် ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်သောအခါ မောင်စောမြင့် အမည်သို့ ပ ...

လင်းယုန်နီ

လင်းယုန်နီ သည် ဖက်ဆစ်ဂျပန်တော်လှန်ရေး တွင် ပါဝင်ခဲ့သော လွတ်လပ်ရေး မော်ကွန်းဝင် ရ တော်လှန်ရေး တပ်သား ဖြစ်ခဲ့ပြီး ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ဖြစ် ခဲ့သည်။

မန်းဝင်းမောင် (နိုင်ငံတော်သမ္မတ)

ဝင်းမောင် မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

သန်းညွန့်၊ ဗိုလ်မှူးကြီး (ငြိမ်း)၊ ဇေယျကျော်ထင်၊ (မှူးသပြေ)

ကန်တော့ခံ သက်ကြီးစာပေပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးကြီး သန်းညွန့် ကို ဦးဖိုးအောင်၊ ဒေါ်ခင်ညွန့်တို့က တောင်ငူမြို့၌ ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးဦးအနက် အကြီးဆုံးဖြစ်သည်။ ဗိုလ်မှူးကြီးသန်းညွန့်သည် ငယ်စဉ်က တောင်ငူမြိ ...

သောင်းထိုက် (နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)

ဦးသောင်းထိုက် သည် ဒုတိယဗိုလ်မှူးကြီးဟောင်း ၊ လွတ်လပ်ရေး မော်ကွန်းဝင်ဆင့်နှင့် နိုင်ငံဂုဏ်ရည် ရသူ တစ်ဦး ဖြစ်သည်။ ဦးသောင်းထိုက်ကို ၁၉၂၇ ခု ၊ ဒီဇင်ဘာလ ရက်နေ့တွင် အဘ ဦးဘရှင် ၊ အမိ ဒေါ်မြင့်တို့မှ စလေမြို့တွင် မွေးဖွားသည်။ မွေးချင်းလေးယောက်အနက် အငယ်ဆု ...

အောင်ဖေ ၊​ သခင်

သခင်အောင်ဖေ ကို ၁၉၂၀ ပြည့်နှစ်၌ မြောင်းမြမြို့နယ်၊ ပကိတ်ကြီးကျေးရွာ၌ ဘုရားကျောင်း၊ တန်ဆောင်း၊ သိမ်၊ ဇရပ်ဒကာ၊ ဦးဘိုးဆိုင်၊ ဒေါ်လေးတို့ ဖွားမြင်ခဲ့သည့် တစ်ဦးတည်းသော သားဖြစ်သည်။ ၁၉၃၆ ခုနှစ်အတွင်း တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်အမည်ခံယူပြီး ၁၉၃၇ ခုနှစ ...

အောင်ရွှေ

ဗိုလ်မှူးချုပ် ဦးအောင်ရွှေ သည် လွတ်လပ်ရေး မော်ကွန်းဝင် တပ်မတော် အရာရှိဟောင်းတစ်ဦးနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်က ...

ကိုကိုဦး

ဒေါက်တာ ကိုကိုဦး သည် မြန်မာနိုင်ငံသား သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ သူသေဆုံးချိန် ၂၀၁၅ ဒီဇင်ဘာလအထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်မှ အဏုမြူရူပဗေဒ ...

တင်မောင် (သခင်)

ပြည်ခရိုင် ပေါင်းတည်မြို့နေ ဦးဘိုးချိန်၊ ဒေါ်နုတို့မှ ၁၉၁၈ ခု၊ ဇွန်လ ၁၈ ရက်တွင် မွေးသည်။ တတိယမြောက် သားဖြစ်သည်။ ပေါင်းတည် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းနေသည်။

ထွန်းတင် (ဝန်ကြီးဟောင်း)

၁၉၀၈ ခု၊ မေလ ၅ ရက်တွင် ဦးဘိုးကြင်၊ ဒေါ်ကျေးမျှင်တို့မှ ရန်ကုန်၌ ဖွားသည်။ မော်လမြိုင် အစိုးရကျောင်း၊ ရန်ကုန် ကူရှင်ကျောင်းတို့တွင် ပညာသင်သည်။ ဆယ်တန်းကို ကူရှင်ကျောင်းမှ အောင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်သင်ရာ ၁၉၃၃ ခုတွင် ဥပဒေ ဝိဇ္ဇာဘွဲ့ ရသည်။

ဘမောင်ချိန်၊ မစ္စစ်

မစ္စစ် ဘမောင်ချိန် သည် ကရင်လူမျိုး ဝန်ကြီးဟောင်း ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဘမောင်ချိန်၏အမည်နှင့် ထင်ရှားခဲ့သည့် ပထမဆုံး ကရင်ပြည်နယ်ဌာနဝန်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်ခဲ့သော အစိုးရအဖွဲ့၌ ပါဝင်ခဲ့သည့် ပထမဆုံး အမျိုးသမီးဝန ...

သိန်းဖေမြင့်

သိန်းဖေမြင့် ကို အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသားသည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ကလောင်အမည်တွင် သိန်းဖေမြင့်ဟူ၍ ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကု ...

သောင်းတင် (ဗိုလ်မှူးချုပ်)

ဗိုလ်မှူးချုပ်သောင်းတင် သည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဦးစွာဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ အပျော်တမ်း အရန်ရေတပ်သို့ ဗိုလ်လေးအဖြစ် ပြောင်းရွှေ့အမှုထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရလုနီး ၁၉၄၇ ခုနှစ် ဗမာ့တ ...

ကောလိပ်မြိုင်

၁၉၃၂ ခုတွင် ဓနုဖြူမြို့ လေးထပ်ပိုင်းအရပ်နေ ရွှေပန်းထိမ်ဆရာ ဦးညွန့်မောင်နှင့် ဒေါ်ရှိန်တို့မှ မွေးသည်။ အမည်ရင်းမှာ မလှမြိုင် ဖြစ်သည်။ အမေ၏မောင်မှာ မင်းသား ရွှေမန်းမောင်စိန် ဖြစ်သည်။

ကျော်ရွဲ့၊ ဦး

မြန်မာသဘင်လောကတွင် ထင်ရှားသော လူရွှင်တော်များ အနက် ဦးကျော်ရွဲ့သည် တစ်ဦးအပါအဝင် ဖြစ်သည်။ သူသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် မွေးဖွား၍ ဇာတ်သဘင်နယ်ထဲသို့ မြေဝိုင်းဗုံရှည်ခေတ်က မြေဝိုင်းလူပျက်အဖြစ် စတင်ဝင်ရောက် ခဲ့သည်။ ထို့နောက် နာမည်ကြီးသော ဆရာပုရုပ် ...

ခင်ညွန့်၊ ဒေါ် (ယုဝတီ)

ဒေါ်ခင်ညွန့်ကို စင်တော်မင်းသားကြီး ဦးကျော်သန်းနှင့် ဒေါ်အေးရွှေတို့မှ ၁၂၇၈ ခုနှစ်တွင် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း မင်းလမ်း၌ မွေးဖွားသည်။ မွေးချင်း နှစ်ယောက်အနက် အငယ် ဖြစ်သည်။ ငယ်မည်မှာ မမြိုင်ဖြစ်သည်။ အသက်ကိုးနှစ်အရွယ်တွင် ယိမ်းအကပညာကို သင်ယူ ...

ဒီးဒုတ် ခင်မြိုင်

မိခင်ဘက်၌ ဒေါ်စိန်ချယ် ဒေါ်သောင်း စသော နာမည်ကြီး မင်းသမီးများရှိသည်။ အသက် ၁၂ နှစ်ကျော်အရွယ်ကပင် ခေါင်းဆောင်မင်းသမီး ဖြစ်လာသည်။ အောင်ဗညိုကဲ့သို့ မီးစလွယ်အကကိုလည်းကောင်း၊ ဗန္ဓုလကျော်စိန်ကဲ့သို့ ဓားသုံးချောင်းအကကိုလည်းကောင်း မင်းသားများနည်းတူ ကနိုင် ...

ဂျော်လီဆွေ

ဂျော်လီဆွေ သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်နှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။ ဂျော်လီဆွေကို ဦးအေးဖေ၊ ဒေါ်အေးကျင်တို့က ချောက်မြို့၌ ၁၉၃၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ အမည်ရင်းမှာ ဦးလတ်ဆွေ ဖြစ်သည ...

ငွေမြိုင်၊ မ၊ မြခြေချင်း

မြန်မာဇာတ်သဘင်လောက၏ နာမည်ကျော် ဇာတ်မင်းသမီး မြခြေချင်း မငွေမြိုင်ကို ရန်ကုန်မြို့ ကြည့်မြင်တိုင် အိုးဘိုရပ်၌ ၁၂၅၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အဖ လူကြမ်းမင်းသား ဦးအောင်ဘ ၊ အမိ ဒေါ်ငြိမ်းဇံတို့မှ ဖွားမြင်သည်။ ငယ်မည် မငွေလှိုင် ဖြစ ...

စိန်ကတုံး (သဘင်ပညာရှင်)

၁၈၇၅ ခု၊ ဩဂုတ်လ ၁၅ ရက်တွင် ညောင်တုန်းမြို့၌ ဆိုင်းဆရာ ဦးကျော်ဦး၊ ဒေါ်သစ်တို့မှ မွေးသည်။ ငယ်မည်ကို ထွန်းလှ ဟူ၍၎င်း၊ ထွန်းမြိုင် ဟူ၍၎င်း၊ ဖိုး ထွန်း ဟူ၍၎င်း ခေါ်ကြ၏။

စိန်ဆင်၊ ဒေါ်

ဒေါ်စိန်ဆင်သည် မန္တလေးမြို့ ဘီးတန်းရပ် ဦးမှတ်ကြီး၊ ဒေါ်ရင်းဖေါ်တို့၏ သမီးဖြစ်၍ ငယ်မည်မှာ မဖွားဆင်ဟုခေါ် သည်။ ဒေါ်စိန်ဆင်၏ မွေးသက္ကရာဇ်ကို အတိအကျ မသိရ သော်လည်း၊ ဒေါ်စိန်ဆင်နှင့် နီးစပ်သော ပုဂ္ဂိုလ်တို့၏ အဆို အရ၊ ၁၂၅၃ ခုနှစ်ဟု အမှတ်အသားပြုကြသည်။ ငယ ...

စိန်ပါတီ

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လရက် အာဇာနည်နေ့သို့ ရောက်ခါနီးအချိန်များ၌ အာဇာနည်ကြီးများနှင့် စပ်လျဉ်းသော တေးသီချင်းများကို မြန်မာ့အသံကအသံလွှင့်လေ့ရှိရာ ထိုသီချင်းများထဲတွင် လွမ်းမပြေတဲ့ ပန်းခွေ ၊ ဂျူ ဗလီဝယ် စသော သီချင်းများကား ကြားရသူများကို မျက်ရည်စိ ...

စိန်မာဒင်

စိန်မာဒင် အမည်ရင်းမှာ ဦးဝင်းစိန်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောင်သာလကျေးရွာတွင် အဖ ဦးသိန်းခင်၊ အမိ ဒေါ်ကျိုးရင် တို့မှ မွေးဖွားခဲ့ပြီး သားအငယ်ဆုံး ဖြစ်သည်။ အသက်၁၇ အရွယ်တွင် ကရင်ပြည်နယ် ၌ အောင်ပါတင် အမည်ဖြင့် ကရင်မင်းသားတစ်ဦး အဖြစ် စတင်ကပြခဲ ...

စိန်ဝေလျှံ

အလင်္ကာကျော်စွာ စိန်ဝေလျှံ သည် မြန်မာ​တေး​ရေးဆရာ၊ ဂီတပညာရှင်တစ်ဦးဖြစ်သည်။ ဆရာစိန်ဝေလျှံ၏ လက်ရာ​တေးသီချင်းများအနက် အထင်ရှားဆုံးသီချင်းမှာ ပြည်လှ​ဖေသီဆိုခဲ့သည့် ပပဝင်း သီချင်းဖြစ်ပါသည်။ အလင်္ကာကျော်စွာ စိန်ဝေလျှံ သည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့အပိ ...

စိန်သုံ၊ ဒေါ်

ဒေါ်စိန်သုံသည် မြန်မာ သဘင်လောကတွင် ထင်ရှားသည့် မင်းသမီးကြီး တစ်ယောက်ဖြစ်၏။ ဒေါ်စိန်သုံ၏ မိဘတို့မှာ ဆရာဖြိုးနှင့် ဒေါ်အုပ်တို့ဖြစ်သည်။ ဒေါ်စိန်သုံ၏ ဖခင်သည် အပြောအဆို သိမ်မွေ့နူးညံ့သူဖြစ်ခြင်းကြောင့် အများကဆရာဟု ခေါ်ကြသည်။ ဒေါ်စိန်သုံကို မန္တလေးမြိ ...

စိန်အုပ်၊ ဦး

ဦးစိန်အုပ်သည် မြန်မာသဘင်ပညာရှင်တစ်ဦးဖြစ်သည်။ ငယ်မည်မှာ မောင်အိုဖြစ်၏။ ၁၂၃၂ ခုနှစ်တွင် ဟံသာဝတီ ခရိုင်၌၊ အဖ ရုပ်သေးမင်းသား ဦးထွေးနှင့် အမိ ဒေါ်မှတ်တို့မှ မွေးဖွားခဲ့၏။ ငယ်ရွယ်စဉ်ကပင် ဖခင်ဖြစ်သူ၏ ရုပ်စုံစင်တွင် ပါဝင်ကပြခဲ့သည်။ သီပေါဘုရင်လက်ထက် မန္တလ ...

စံတုတ်၊ ဦး (အီနောင်)

မင်းတုန်းဘုရင်နှင့် သီပေါဘုရင်တို့လက်ထက်က၊ ရာမ အီနောင်စသည့် အတွင်းတော်၌ ကပြရသော ဇာတ်တော်ကြီး တို့တွင် အီနောင်မင်းသား အခန်းမှပါဝင်ကပြရသော ဇာတ် မင်းသား ဦးစံတုတ်သည် အီနောင်ဦးစံတုတ်ဟူ၍ ကျော်စော သည်။ ရုပ်သဏ္ဌာန်မှာ သီပေါဘုရင်နှင့်တူသည် ဟုဆိုကြသည်။ ဦးစ ...

ဆင်ခိုးမကလေး

ဆင်ခိုးမကလေးသည် မြန်မာသဘင်လောကတွင် အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားခဲ့သူ သဘင်ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ငယ်မည်မှာ မရွှေမျှင် ဖြစ်၍၊ သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် တောင်တွင်းကြီးမြို့၌ ဖွားမြင်၏။ ဆင်ခိုးမကလေးသည် ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် အသားအရ ...

ရွှေမန်းတင်မောင်

ရွှေမန်းတင်မောင်သည် တချိန်က မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်သူ တစ်ဦး ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကတွင် နာမည်ကျော် လူကြိုက်များခဲ့သော အလင်္ကာကျော်စွာဘွဲ့ရ မင်းသားဖြစ်သည်။ အပြော၊ အဟော ကောင်းသဖြင့် ယခုခေတ်အခ ...

တသက်စိန်၊ ဦး (ဇာတ်မင်းသားကြီး)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော်ဝင်ပန်တျာကျောင်းမှ အကပညာ ဒီပလိုမာဘွဲ့ရ ဇာတ်မင်းသားကြီး ဦးတသက်စိန် ကို ရန်ကုန်မြို့၌ အဖ ဘုရားဒါယကာ သဘင့် ဦးသျှောင် ဂရိတ် ဦးဖိုးစိန်၊ အမိ ဒေါ်ကြင်ယုံတို့မှ ၁၉၃ဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် မွေးဖွားသည်။ ဦးတသက်စိန် ...

ထွေးလေး

ဘိုးတော်ဘုရား၏ အဆက်အနွယ်ဖြစ်သော ကသည်း မင်းသားကြီး မင်းသီဟနှင့် ယင်း၏ နှမတော်စပ်သည့် ကြင်ယာတော် မမကြီးတို့မှ ၁၂၂၉ ခုနှစ်၊ ပြာသိုလဆန်း ရက်၊ အင်္ဂါနေ့တွင်၊ ကျောက်ဆည်ခရိုင်၊ အိုးတုတ်ကုန်းရွာ၌၊ မထွေးလေးကို ဖွားမြင်ခဲ့လေသည်။ ငယ်မည်မှာ ခင်ထွေးဖြစ်၏။ အသာ ...

နု၊ ဦး (သဘင်ဝန်)

သဘင်ဝန် ဦးနုသည် ငယ်စဉ်က စ၍ မည်သည့်မြို့ရွာတွင် ဖွားမြင်သည်ဟု အတိအကျ မသိရသော်လည်း ညောင်တုန်းမြို့တွင် နေထိုင်ခဲ့သည်။ မိဘများမှာ ညောင်တုန်းမြို့ ဈေးအတွင်း ကုန်ဈေးဆိုင် ပိုင်ရှင်များ ဖြစ်ကြသည်။ ဦးနု၏ ဖွားရာဇာတိနှင့် မိဘ အမည်ကို မသိရသေးပေ။ ညောင်တုန်း ...

ပဲခူးမြ

သုံးဆယ်မြို့၊ စံရွေးတန်းလမ်းနေ ကြေးတီးဆရာ ဦးအောင်ကျော်၊ ဒေါ်ရွှေညွန့်တို့မှ ဖွားသည်။ ဦးအောင်ကျော်မှာ လက်ဆွဲဘာဂျာကိုလည်း ကျင်လည်သည်။ ဖခင်က အနုပညာပိုး သွင်းပေးရာ မမြလေးမှာ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်ကပင် အရပ်ယိမ်း၊ ဘုန်းကြီးပျံယိမ်းတို့တွင် ပါဝင်နေပ ...

ဖိုးစိန်၊ ဦး (ဂရိတ်)

ဂရိတ် ဦးဘိုးစိန် သည် မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသူ တစ်ဦးဖြစ်သည်။ ဦးဘိုးစိန်ကို ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက ...

မင်္ဂလာအောင်မောင်း

ဦးအောင်မောင်းသည် မြန်မာသက္ကရာဇ် ၁၂၅၉ ခုခရစ်နှစ် ၁၈၉၇တွင် အဖ ဦးနေဒွန်း အမိဒေါ်ငွေပွင့်တို့မှ ဖွားမြင်သည်။ နာမည်ရင်းမှာ မောင်အုန်းမောင် ဖြစ်သည်။ ဇာတိမှာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လဲလူရွာ ဖြစ်သည်။ မောင်အုန်းမောင် အသက်၁၃နှစ် အရွယ်တင် မင်းဘ ...

မြန်မာဇာတ်မင်းသမီးများ

ဒေါ်ငွေမြိုင်၏ ကသက် အနှစ် ၃ဝ နီးပါးတွင် ဇာတ်မင်းသမီး အဖြစ်နှင့်ချည်းက၍ နှစ်နှစ်ကျော်မျှသာ အငြိမ့်မင်းသမီးအဖြစ် ကပြခဲ့သည်။ ဇာတ်မင်းသမီး လုပ်သည့်အခါ ဦးဘိုးစိန်နှင့်လည်း တွဲဘူးသည်။ သူ့ဇာတ် သူထောင်၍လည်း ကသည်။ ဒေါ်ငွေမြိုင်သည် သူကိုယ်တိုင် ကဇာတ်သဘင် ပ ...

မြရင်၊ မ (လေဘာတီ)

နာမည်ကျော် အငြိမ့်မင်းသမီးနှင့် ဓာတ်ပြားအဆိုတော် လေဘာတီမြရင် ကို မင်းသား ဦဖိုးသစ်နှင့် မင်းသမီးဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့ပါသည်။ သဘင်မျိုးရိုးဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်သိမီခဲ့ပြီ ...

မြလွင်၊ မ၊ ကောလိပ်စိန်

မမြလွင်သည် နာမည်ကျော် ဇာတ်မင်းသားကြီး ဘုရားတကာ ဦးဘိုးစိန်နှင့် တွဲဖက်ကပြခြင်းကြောင့် နာ်မည်ရသောဇာတ်မင်းသမီးကြီးဖြစ်၍ အမည်ရင်း မမြလွင်ထက် ကောလိပ်စိန်ဟူသော အမည်ဖြင့် ပိုမို လူသိများ ထင်ရှားပေသည်။ ဦးဘိုးစိန်သည်ငယ်စဉ်က ယောကျာ်းမင်းသမီး အောင်ဗလနှင့်လည ...

ယင်းတော်မလေး

ယင်းတော်မလေးသည် အီနောင်နန်းတွင်းဇာတ်တော်ကြီးတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ထူးကဲစွာ ကျော်ကြားခဲ့သော တော်သုံးမင်းသမီးဖြစ်ပေသည်။ နာမည်ရင်းမှာ မလေးဖြစ်၍ ယင်းတော်မြို့သူ ဖြစ်သဖြင့် ယင်းတော်မလေးဟု ခေါ်တွင်လေသည်။ ငယ်စဉ်ကပင် ယင်းတော်မြို့စားကို အကြောင်းပ ...

ရာပြတ်၊ ဦး

ဖခင်ဦးသာဒင် နှင့် မိခင်ဒေါ်နက်တို့မှ ခုနှစ်တွင် တောင်သာမြို့ ၌ မွေးဖွားခဲ့သည်။ ဦးရာပြတ်၏ အမည်ရင်းမှာ ဦးမောင်ကလေး ဖြစ်ပါသည်။ ငယ်စဉ်အခါကပင် နိုင်ငံကျော်ဆိုင်းဆရာကြီး စိန်ဗေဒါ၏ ဆိုင်းနောက်ထအဖြစ် တွဲဖက်၍ အဆိုတော်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဖခင်၏ ဇာတ ...

အောင်ဗလ

ယောက်ျားမင်းသမီး ဦးအောင်ဗလ ခေါ် မယ်အောင်ဗလသည် မြန်မာဇာတ်သဘင်လောကတွင် အထူးပင် အတုယူလေးစားခြင်းခံရသော ပြည်သူ့ အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်သည်။ အောင်ဗလကို မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိသော ဆင်ဖြူကျွန်းမြို့ မြောက်ပိုးတန်းရပ်ကွက် ...

ဩဘာစိန်

မင်းသမီးကြီး ဩဘာစိန် ကို ၁၂၆၂ ခုနှစ် တပို့တွဲလဆုတ် ၈ ရက်နေ့တွင် တွံတေးမြို့၊ ကွမ်းခြံပိုင်းနေ အဖ ဗိန္ဒေါဆရာကြီး ဦးဖေ၊ အမိ ဒေါ်သဲဖြူတို့မှ မွေးဖွားခဲ့သည်။ သားသမီးငါးယောက်အနက် အထွေးဆုံးဖြစ်၍ ငယ်မည်မှာ မစိန် ဟုခေါ်သည်။

ဩဘာသောင်း

ဒေါ်ဩဘာသောင်း သည် အငြိမ့်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ကဗျာလွတ်အကကို တီထွင်ခဲ့သူ ဖြစ်သည်။ ဒေါ်ဩဘာသောင်းကို ၁၈၉၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အဘ အင်ဂျင်နီယာ ဦးစံဒွန်း၊ အမိဒေါ်သာလိတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မသောင်းတင် ဖြစ်သ ...

ဗိုလ်မြတ်ထွန်း

ဗိုလ်မြတ်ထွန်း သည် အင်္ဂလိပ် မြန်မာ စစ်ပွဲတွင် ထင်ရှားသော မြန်မာ့ မျိုးချစ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဗိုလ်မြတ်ထွန်းအကြောင်းကို ဒါလဟိုဇီက ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ်လည်းကောင်း၊ စစ်သားကောင်းတစ်ဦး အဖြစ်လည်းကောင်း၊ လေးစားအပ်သည်ဟု မှတ်ချက် ရေးသားခဲ့သည ...

မဟာဗန္ဓုလ

စစ်သူကြီး အဂ္ဂ မဟာ သေနာပတိ သတိုးသုဓမ္မ မဟာ ဗန္ဓုလ သည် ဘိုးတော်ဘုရား နှင့် ဘကြီးတော် မင်းတို့လက်ထက်တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြန်မာစစ်သူကြီးဖြစ်သည်။ ငယ်ရွယ်စဉ်တွင် မထင်ရှားသော အမျိုးအနွယ်မှ ဖွားမြင်လင့်ကစား စွမ်းရည ...

သမိန်ဗရမ်း

သမိန်ဗရမ်းသည် သူရှင် ရာဇာဓိရာဇ်၏ ထင်ရှားသော သူရဲကောင်း တစ်ယောက် ဖြစ်သည်။ ရန်သူ ဗမာဘုရင်ကပင် ချီးကျူး ဂုဏ်ပြုရသော မွန်သူရဲကောင်းတစ်ယောက် ဖြစ်သည်။ စိတ်ဓာတ် အရာမှာလည်း စံတင်လောက်သည့် သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သဗိန်ဗရမ်းဟု ဆိုသည်နှင့် သံခြေချင်းကိ ...