ⓘ Free online encyclopedia. Did you know? page 59

သာမာဝတီ

သာမာဝတီ သည် ဥတေနမင်းကြီး၏ မိဖုရားဖြစ်သည်။ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် အသာဆုံး အမြတ်ဆုံး မေတ္တာရှင် ဧတဒဂ်ဘွဲ့ ပိုင်ရှင်လည်း ဖြစ်သည်။

သာရိပုတ္တရာထေရ်

ရှင်သာရိပုတ္တရာ သည် ဂေါတမဘုရားရှင်၏ လက်ယာတော်ရံ ပထမအဂ္ဂသာဝကကြီး ဖြစ်တော်မူသည်။ ပညာကြီးသောအရာ၌ ဧတဒဂ်ရတော်မူသည်။ မြတ်စွာဘုရားရှင်တော်မြတ်မှ တပါးပညာကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍ မရှိသောထူးကဲသည့်ဂုဏ်နှင့် ပြည့်စုံသည့် ရဟန္တာထေရ်အရှင်ကား ရှင်သာရိပုတ ...

သိင်္ဂါလမာတုထေရီ

ဤဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ကမ္ဘာတစ်သိန်းအထက်တွင် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုအချိန်တွင် သိင်္ဂါလမာတုထေရီသည် ဥစ္စာပြည့်စုံသည့် အမတ်မျိုးတွင် ဖြစ်၏။ တစ်ခုသောအချိန်တွင် သိင်္ဂါလမာတုထေရီသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၏။ ထို့နောက် ရဟန် ...

သိဒ္ဓတ္ထမင်းသား

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း၊ ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝ ...

သီဝလိထေရ်

သီဝလိထေရ် သည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် လာဘ်လာဘပေါများသည့်အရာ၌ ဧတဒဂ်ရသော ရဟန္တာဖြစ်သည်။ မြတ်စွာဘုရားသခင်၏ လက်ယာတော်ရံ လေးကျိပ်တွင် တစ်ပါးအပါအဝင်လည်း ဖြစ်လေသည်။ သီဝလိထေရ်၏ ခမည်းတော်နှင့်မယ်တော်တို့ကား မဟာလိမင်းသားနှင့် ကောလိယ ပြည့်ရှင် ကောလိယမင ...

သီဟာသနဒါယကထေရ်

ဤဘဒ္ဒကမ္ဘာမှ ၉၄ ကမ္ဘာအထက်တွင် ပွင့်တော်မူသည့် သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ဂေါတမမြတ်စွာဘုရား မဟုတ်ပါ။ သီဟာသနဒါယကထေရ်သည် နေရာပလ္လင်၊ ခြေနင်း အင်ပျဉ်၊ ကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုကဲ့သို့ ပြုခဲ့သည့် ကောင်းမှုကုသိုလ်တို့ကြောင့် ...

သုဇာတာ

သုဇာတာ သည် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်အခါတွင် ပထမဆုံးသရဏဂုံတည်သည့်အရာတွင် ဧတဒဂ်ရခဲ့သည်။ သုဇာတာသည် ဥရုဝေလတောအနီး သေနာနိဂုံးမှ သူဌေးကြီးသေနိယ၏ သမီးဖြစ်သည်။ သူဌေးကြီး၏ သမီးတွင် ယသဆိုသည့် သားတစ်ယောက် ရှိလေသည်။ သူဌေးသမီး သုဇာတာသည် ပထမကိုယ်ဝန်တွင် သားယ ...

သုဒိန်

အရှင်သုဒိန် သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် လူသိများ ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။ မြတ်စွာဘုရား၏ ပထမဆုံးသော သိက္ခာပုဒ်ပညတ်ရသည့် အကြောင်းရင်းမှာလည်း အရှင်သုဒိန်ကြောင့်ပင် ဖြစ်သည်။ အရှင်သုဒိန်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဆုံးသော ပ ...

သုဒ္ဓေါဒနမင်းကြီး

သုဒ္ဓေါဒနမင်းကြီး သည် ဂေါတမမြတ်စွာဘုရား၏ ဘခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း ကပိလဝတ်ပြည်ကြီး ကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင် လူဝတ်ကြောင်ဘဝနှင့်ပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သော ပုဂ္ဂိုလ်ထူးလည်း ...

သုပ္ပဗုဒ္ဓ (ဒေဝဒဟပြည့်ရှင်)

ဒေဝဒဟပြည့်ရှင်မင်းကြီး သုပ္ပဗုဒ္ဓ သည် ထေရဝါဒကျမ်းများနှင့် မဟာဝံသကျမ်းလာ မျိုးဆက်စာရင်းများအရ ဂေါတမဗုဒ္ဓနှင့် ယောက္ခမတော်စပ်သူလည်းဖြစ်၊ ဦးရီးတော် တော်စပ်သူလည်း ဖြစ်သည်။ သုပ္ပဗုဒ္ဓဟူသည့် အမည်ကို ထေရဝါဒစာပေများတွင် များပြားစွာ မကြာခဏဖော်ပြထားသည်ကို ...

သုပ္ပဗုဒ္ဓ (သောတာပန်)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည့်ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် များစွာသော ပရိသတ်ခြံရံ၍ တရားဟောလျက်နေတော်မူ၏။ ထိုအခါ သုပ္ပဗုဒ္ဓလူနူသည် အဝေးမှနေ၍ တရားနာရန် စုဝေးနေသောလူအ ...

သုပ္ပိယာ

သုပ္ပိယာသည် ပထမဆုံးအကြိမ် မြတ်စွာဘုရားနှင့်တွေ့ကာ တရားနာသည်နှင့် သောတာပန် ဖြစ်လေ၏။ တစ်နေ့သောအခါ သုပ္ပိယာသည် မိဂဒါဝုန်ကျောင်းအတွင်း လှည့်လည်သောအခါ ဝမ်းလျှောနေသည့် ရဟန်းကို တွေ့၏။ ထို မကျန်းမာသော ရဟန်းကို ပြုစုရန် လိုအပ်သော ပံ့သကူသားကို အစေအပါးကို ...

သုဘူတိ

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်သုဘူတိထေရ်သည် ‘ကောသိယ’ ဟု အမည်ရသည့် ရသေ့ ဖြစ်၏။ ထိုရသေ့သည် လွန်ကဲသော အကျင့်ရှိသော ရသေ့ဖြစ်၏။ ကြွေကျသော သစ်သီးကိုသာ မှီဝဲ၍ နေ၏။ ထိုရသေ့သည် မိမိထံပါးတွင် ရာဂစိတ်များ ဖြစ်ပေါ်လာပါက ထိုစိတ်တို့ကို ဆုံးမ၍ နေ ...

သုမင်္ဂလ (ဗုဒ္ဓဝင်ရဟန်း)

ပိယဒဿီမြတ်စွာဘုရား လက်ထက်တတော်အခါတွင် ဖြစ်၏။ အရှင်သုမင်္ဂလထေရ်သည် အလှူပြုလိုသည့် ဖြစ်၍ စိတ်ဖြင့်တောင့်တကာ" မြတ်စွာဘုရား ကြွလာတော်မူပါ” ဟု ဆုတောင်း၏။ ထိုအခါ ဘုရားသည် သူ၏ စိတ်အကြံကို သိသဖြင့် ရဟန္တာတစ်ထောင်တို့နှင့်အတူ အရှင်သုမင်္ဂလထေရ်ထံသို့ လာ၏။ ...

သုမန (ပန်းသည်)

သုမနသည် ဗိမ္ဗိသာရမင်းကြီးအား မုလေးပန်းကို နေ့စဉ်ဆက်သရ၏။ တစ်နေ့သောအခါ သုမနသည် မင်းကြီးအား မုလေးပန်းတို့ကို ယူဆောင်ကာ မြို့ထဲသို့ဝင်လာ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ရောင်ခြည်တော်ခြောက်သွယ်လွှတ်ကာ ဆွမ်းခံကြွလေသည်။ သုမနသည် မင်းကြီးအား ဆက်သရမည့် မုလ ...

သုမေဓာထေရီ

ထိုသို့ လူ့ပြည်၊ နတ်ပြည်တို့တွင် ဘဝပေါင်းများစွာနေခဲ့ပြီးနောက် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ကဿပဘုရားရှင်လက်ထက်သို့ ရောက်လာ၏။ ထိုဘုရားရှင်အား ကိကီ အမည်ရသော ကာသမင်းသည် ကိုးကွယ်၏။ ထိုမင်းတွင် သုမေဓာထေရီအပါအဝင် သမီးတော် ခုနစ်ယောက် ရှိ၏။ ထိုသမီးတော် ...

သူရမ္ဗဋ္ဌသူဌေး

သူရမ္ဗဋ္ဌသည် သာဝတ္ထိပြည်မှ သူကြွယ်တစ်ဦး ဖြစ်၏။ အစ၌ တိတ္ထိတို့၏ တပည့်ဒကာဖြစ်၏။ သူရမ္ဗဋ္ဌ၏ သောတာပန်ဖြစ်ရန် အကြောင်းဥပနိဿယကို မြင်တော်မူသော ဘုရားရှင်သည် ဆွမ်းခံကြွလာ၏။သူရမ္ဗဋ္ဌလည်း ဘုရားရှင်အား အိမ်ထဲသို့ပင့်၍ ဆွမ်းကပ်၏။ ဘုရားရှင်လည်း တရားချီးမြှင့် ...

သောဏာထေရီ

သောဏာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဧတဒဂ်ရ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။ သောဏာထေရီသည် ထက်သန်သောလုံ့လရှိသည့်အရာတွင် မြတ်စွာဘုရားက ဧတဒဂ် ပေးတော်မူခဲ့သည်။

သောပါက

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်အခါတွင် ဖြစ်၏။ အရှင်သောပါကထေရ်သည် တောင်ဝှမ်းလှိုဏ်ဂူတစ်ခုကို ရှင်းလင်းနေ၏။ ထိုအချိန် သိဒ္ဓတ္ထမြတ်စွာဘုရား ကြွလာ၏။ ထိုအခါ အရှင်သောပါကထေရ်သည် မြတ်စွာဘုရားအား သစ်ရွက်တို့ဖြင့် ခင်းကာ နေရာကို ပေးလှူခဲ့၏။ ပန်းကို ပေးလှူ၏။ ထိ ...

သောဘိတ

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သောဘိတထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။

သောရေယျထေရ်

သောရေယျထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ထင်ရှားသည့် ရဟန္တာ တစ်ပါး ဖြစ်၏။ သောရယျသူဌေးသား၏ ဖြစ်ရပ်သည် အလွန်အံ့ဖွယ် ဖြစ်၏။ တစ်ဘဝတည်းမှာပင် ယောက်ျား၊ မိန်းမ နှစ်ဘဝနေခဲ့ရသူ ဖြစ်သည်။

ဟတ္ထကာဠာဝက

ဟတ္ထကာဠဝက သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သင်္ဂဟဝတ္ထုလေးပါးဖြင့် မိမိ၏ ပရိတ်သတ်ကို ချီးမြှောက်သည့် ဥပါသကာတို့တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ကို ရရှိခဲ့သည်။ ဟတ္ထကာဠဝကသည် အာဠဝီတိုင်း၊ အာဠဝီပြည် အာဠဝကမင်း၏ သား ဖြစ်၏။ ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာ တတ် ...

အင်္ဂုလိမာလ

သာဝတ္တိပြည် ပေဿနဒီ ကောသလမင်းကြီး၏ အတိုင်ပင်ခံပညာရှိ ပုရောဟိတ်ကြီး၏ဇနီး ပုဏ္ဏေးမကြီး မန္တာနီတွင် သားတစ်ယောက် ဖွားမြင်ရာ ဖွားမြင်သည့်အချိန်တွင် တစ်ပြည်လုံးရှိ လက်နက်များ အရောင်တဝင်းဝင်း ထွက်လာသဖြင့် မွေးဖွားသောသား၏ နက္ခတ်ကြောင့် ဖြစ်ကြောင်း သံတော်ဦ ...

အဇာတသတ်

အဇာတသတ်မင်း သည် ဂေါတမမြတ်စွာ ဘုရားလက်ထက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီး နှင့်ဝေဒေဟီမည်သော မိဖုရားကြီးတို့မှ မွေးဖွားသော မင်းသား ဖြစ်သည်။ အဇာတသတ်မင်းသားသည် ဝေဒေဟီမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ တည်နေလေသောအခါ မိဖုရားကြီးတွင် ဗိမ္ဗိသာရမင်းကြီး၏ ...

အဇိတထေရ်

အဇိတထေရ်သည် သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီး၏ လေးလေးမြတ်မြတ် ဆည်းကပ်ကိုးကွယ်ထားသည့် မင်းဆရာနှင့် ပုဏ္ဏေးမတို့၏သားဖြစ်သည်။ အဇိတ သတို့သား ဖွားမြင်စဉ်အခါက ဂေါတမမြတ်စွာဘုရား ပွင့်တော် မမူသေးပေ။ အရွယ်သို့ရောက်လတ်သော် အိမ်ရာထောင်သည့် လူ့ဘောင်တွင် မမ ...

အဉ္စန

အဉ္စန သည် ရှေးခေတ်အိန္ဒိယနိုင်ငံရှိ ကောလိယမင်းဆက်၏ မင်းတစ်ပါး ဖြစ်သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များအရ ထိုမင်းဆက်သည် ဂေါတမဗုဒ္ဓလက်ထက်ပတ်ဝန်းကျင်တွင် တည်ရှိခဲ့သည်သည်။ ဒေဝဒဟဘုရင်ကြီး၏ သားတော်စပ်သူ ဖြစ်သည်။ အဉ္စနတွင် သုပ္ပဗုဒ္ဓနှင့် Dandapani ဟူသည့် သား ...

အဍ္ဎကာသိထေရီ

ဤဘဒ္ဒကမ္ဘာ၌ ကဿပမြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားလက်ထက်တွင် အဍ္ဎကာသိထေရီသည် ရဟန်းပြုတော်မူ၍ သီလ၊ ဣန္ဒြေတို့ကို စောင့်ထိန်းခဲ့၏။ တစ်နေ့သောအခါ အဍ္ဎကာသိထေရီသည် အာသဝေါကင်းပြီးသော ရဟန်းမတစ်ဦးကို ပြစ်မှားလိုသောစိတ်ဖြင့် ဆဲဆိုခဲ့၏။ ထိုကဲ့သို့ ...

အနာထပိဏ်

သုဒတ္ထသည် မြတ်စွာဘုရားနှင့် မတွေ့ဆုံမီကပင် အလှူအတန်းတို့၌ ရက်ရော၏။ သူတပါးတို့အပေါ်၌ ကြင်နာတတ်သူလည်း ဖြစ်၏။ ချို့ငဲ့သူများကိုလည်း ပေးကမ်းစွန့်ကြဲ၏။ ထို့ကြောင့် သူ၏အမည်အရင်းဖြစ်သည့် သုဒတ္တ ပျောက်ကာ အနာထပိဏ္ဍိက ဟု အမည်တွင်သည်။ အနာထပိဏ္ဍိက သည် ကိုးကွ ...

အနုရုဒ္ဓါထေရ်

အနုရုဒ္ဓါထေရ် သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ထင်ရှားသော ထေရ် တစ်ပါးဖြစ်သည်။ မြတ်စွာဘုရားခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ညီတော်ဖြစ်သော သုက္ကောဒနမင်း၏ သားတော် အငယ်ဖြစ်သည်။ ငယ်စဉ်က အဆင်းလှ၍ ဘုန်းကံကြီးလျက် သိမ်မွေ့နူးညံ့သည်။ မရှိ ဟူသော စကားကို တစ ...

အန္နသံသာဝက၊ သုဘူတိဝဂ်

သိဒ္ဓတ္ထဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်အန္နသံသာဝကထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ရကာ ပီတိ ဖြစ်လေ၏။ ထို့နောက် မြတ်စွာဘုရားအား ဆွမ်းတို့ဖြင့် လုပ်ကျွေး၏။ ထို့နောက် မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာ ပြုလေ၏။ ထိုသို့ ဆွမ်းလှူခဲ့သည့် အကျိုးကြောင့် အ ...

အမ္ဗပါလီ

ကမ္ဘာဦးအခါကမဟုတ်ဘဲ` ဥပပတ် ပဋိသန္ဓေ ´နှင့် လူလာဖြစ်သော ထူးခြားသည့် လူတစ်ယောက်ရှိခဲ့ဘူးသည်။ ထိုသူမှာ အမ္ဗပါလီ ဖြစ်သည်။ အမ္ဗပါလီသည် အရင်ဘဝ ဘုရားရှင်များ လက်ထက်တွင် ကုသိုလ်ကောင်းမှုများကို ဆည်းပူး အားထုတ်ခဲ့သည်။ လူ့ပြည် နတ်ပြည်စုန်ဆန်ပြီး သံသရာမှာ ကျ ...

အာနန္ဒာထေရ်

အာနန္ဒာထေရ် သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော် မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခု ...

အာဠာဝကဘီလူး

ဂေါတမ မြတ်စွာဘုရားလက်ထက်တော် တွင် မဇ္ဈိမဒေသ၏ အရှေ့မြောက်စွန်းဟိမဝန္တာ အနီးတွင် အာဠာဝီ တိုင်းပြည်ရှိ၏။ ထိုတိုင်းပြည်အတွင်း မင်းနေပြည်ကြီးနှင့် မနီး မဝေး ခရီးတဂါဝုတ်ကျော် ကွာဝေးသောအရပ်၌ ညောင်ပင်ကြီး တစ်ပင်ရှိသည်။ ထိုညောင်ပင်၌ အာဠာဝကဘီလူးသည် စတုမဟာရ ...

အဿဇိထေရ်

အဿဇိထေရ်သည် ဂေါတမမြတ်စွာဘုရားသခင်၏ အသီတိသာဝက ရှစ်ကျိပ်အနက် လက်ျာတော်ရံ သာဝကလေးကျိပ်တွင် တပါးအပါအဝင်ဖြစ်သည်။ ထိုပြင်ပဉ္စဝဂ္ဂီငါးဦးအနက် တဦးအပါအဝင်ဖြစ်သည်။ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူ ပြီးနောက် ဤမင်းသားသည် စကြဝတေးမင်းသော် ...

ဥဂ္ဂတသူကြွယ်

ဥဂ္ဂတသူကြွယ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သံဃာအား စိတ်တူမျှစွာ လုပ်ကျွေးသည့် ဥပါသိကာများတွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။ ဥဂ္ဂတသည် ဟတ္ထိဂါမအရပ် သား ဖြစ်၏။

ဥဂ္ဂသူကြွယ်

ဥဂ္ဂသူကြွယ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် နှစ်သက်ဖွယ်သော ဝတ္ထုကို လှူလေ့ရှိသည့် ဥပါသကာတို့တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ကို ရခဲ့သည်။ မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရုံဖြင့် သောတာပန် ဖြစ်လေသည်။

ဥဒကဒါယိကာထေရီ

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာအထက် ကာလတွင် ဖြစ်၏။ ထိုဘဝတွင် ဥဒကဒါယိကာထေရီသည် ရေရောင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုရသူ ရေသည်မ ဖြစ်ခဲ့၏။ ထိုရေသည်မသည် ရေခပ်၍ ရဟန်းတို့၏ ရေချိုးအိမ်တွင် ရေတည်၍ ကုသိုလ်ပြု၏။ ထိုပြုခဲ့သည့် ကုသိုလ်ကံသသည် သ ...

ဥပ္ပလဝဏ်ထေရီ

ဥပ္ပလဝဏ်ထေရီသည် ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ သာဝတ္ထိပြည် ကုဋေ ၁၆ဝ ကြွယ်ဝသော သူဌေး၏ သမီးဖြစ်၍ ကြာညိုအဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည် တွင်သည်။ ကိုယ်အနံ့လည်း ကြာညိုနံ့သင်းသည်။ ဥပ္ပလဝ ...

ဥမာပုပ္ဖိယ၊ ဆတ္တဝဂ်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥမာပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။

ဧကတ္ထမ္ဘိကထေရ်

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ကုသိုလ်ယူကြသော အသင်းသားများသည် မြတ်စွာဘုရား၏ တန်ဆောင်းဝန်းကို ဆောက်လုပ်လျက် ရှိ၏။ ထိုသို့ ဆောက်လုပ်ရာတွင် တိုင်တစ်လုံးသည် လိုလျက် ရှိ၏။ ထိုအသင်းသားတို့သည် တိုင်အတွက် တောထဲတွင် ရှာဖွေကြ၏။ ထိုသို့ရှာဖွေကြသည့် ...

ဧကပိဏ္ဍပါတဒါယိကာထေရီ

တစ်ခုသောဘဝတွင် ဧကပိဏ္ဍပါတဒါယိကာထေရီသည် ဗန္ဓုမတီမြို့ရှိ ဗန္ဓုမာအမည်ရှိသည့် မင်း၏ မိဖုရား ဖြစ်၏။ ထိုမင်းသည်လည်း တရားကို ကြည်ညိုရိုသေ၏။ ထို့ကြောင့် ထိုမင်းနှင့်အတူ မိဖုရားသည် တရားကျင့်ကြံ၏။ ထို့နောက် မိဖုရားသည် မင်းအား ရဟန်းတစ်ပါးအား ဆွမ်းလုပ်ကျွေး ...

ဧကူပေါသထိကာထေရီ

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာအထက် ကာလတွင် ဖြစ်၏။ ဧကူပေါသထိကာထေရီသည် အိုးရွက်သည်မ ဖြစ်ခဲ့၏။ နေထိုင်ရာမြို့ဖြစ်သည့် ဗန္ဓုမတီမြို့တွင် ဗန္ဓုမာမည်သော မင်းသည် ဥပုသ်ဆောက်တည်လျက် ရှိသည်ကို မြင်၏။ ထို့သို့ မြင်ပြီးနောက် အိုးရွက်သည်မသည်လည်း ဥပု ...

ကရိသျှမုတ္တိ၊ ဂျေဒု

အိန္ဒိယဒဿန ပညာရှင်၊ တရားဟောဆရာနှင့်စာရေးဆရာကြီး ဂျေဒုကရိသျှမုတ္တိသည် ၁၈၉၅ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အိန္ဒိယတောင်ပိုင်း မဒရပ်မြို့မြောက်ဘက် မိုင် ၁၅ဝ အကွာရှိ မဒနာပါလေအရပ်၌ ဗြဟ္မဏမိဘမျိုးရိုးမှ မွေးဖွားခဲ့သည်။ ရှစ်ယောက် မြောက်သားဖြစ်သည်။ ဖခင် သီအိုအ ...

ဂျွန် ဟပ်စ်

သာသနာပြုပြင် ရေး ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော ဂျွန်ဟပ်စ သည် ၁၃၆၉ ခုနှစ်ခန့်တွင် ပိုဟီးမီးယားပြည်နယ်၌ မွေးဖွားလေသည်။ သာမန်ဆင်းရဲသား မျိုးနွယ်မှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သော်လည်း ပင်ကိုယ်ဉာာဏ် ထက်သန်သူဖြစ်၍ ပရာဟ မြို့တော်ရှိ တက္ကသိုလ်တွင် ပညာ သင်ကြာ ...

ဂျွန်ကယ်လ်ဗင်

ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယာန်အယူဝါဒ အရေးတော်ပုံခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူးများတွင် ဂျွန်ကယ်လ်ဗင်လည်း အပါအဝင်ဖြစ်သည်။ ဂျွန်ကယ်လ်ဗင်သည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပစ်ကာဒီနယ် နွာယွန်မြို့၌ဖွားမြင်သည်။ ပထမတွင် သူ၏ဖခ ...

စွင်ဂလီ၊ ဦးရစ်

၁၅ ရာစုနှစ်အတွင်း ဥရောပတိုက်၍ ခရစ်ယန်သာသနာ့ အရေးပုံ ပေါ်ပေါက်နေစဉ်၊ ဂျာမနီမှ မာတင်လူသာနှင့် ပြင်သစ်မှ ဂျွန်ကယ်လဗင်တို့နည်းတူ၊ ဆွစ်ဇာလန်မှ ဦးရစ်စွင်ဂလီသည် ထင်ရှားလာခဲ့သည်။ စွင်ဂလီသည် ခရစ် ၁၄၈၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် ဆွစ်ဇာလန်ပြည် စိန်ဂေါမြ ...

ဆားဗိုနာရော်လာ ဂျီ

ဂျီရော်လာမို ဆားဗိုနာရော်လာ သည် အီတလီနိုင်ငံ ဖာရား ရ မြို့တွင် ၁၄၅၂ ခုနှစ်၌ ဖွားမြင်သည်။ ငယ်စဉ်က သူသည် ယထာဘူတပညာနှင့် ဆေးပညာတို့ကို လေ့လာလိုက်စားခဲ့ သည်။ ဆေးဆရာတစ်ဦးဖြစ်သူ အဖိုးသည် ဆားဗိုနာရော်လာ အား သူကဲ့သို့ပင် ဆေးဆရာဖြစ်စေလိုသည်။ သို့ရာတွင် ဆာ ...

ဇိုရော့အက်စတာ

ဇော်ရော့အက်စတာ သည် ပါရှလူမျိုးတို့အတွက် ဘာသာရေးရှေ့ဆောင်ဖြစ်သည်။ သူဖော်ဆောင်ခဲ့သည့် ဇော်ရော့အက်စထရီယံဝါဒ ကို နှစ်ပေါင်း ၂၅ဝဝကျော် ယုံကြည်ခဲ့ပြီး ယနေ့တိုင် ယုံကြည်ကိုးကွယ်သူများလည်း ရှိပါသည်။ ဇော်ရော့အက်စထရီယံကျမ်း အဗက်စတာ ကျမ်းတွင် ပထမဆုံးအပိုင်း ...

ဒုတိယအာဘင် (ပုပ်ရဟန်းမင်းကြီး)

ခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားအောင် လှုံဆော်သူ အဖြစ် ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင် ကိုသမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ မူဆလင်တို့ လက်ထဲကျရောက်နေသည့် မြင့်မြတ်သောမြေ ကိုခရစ်ယာန်တို့လက်ထဲ ပြန်ရောက်အောင် တိုက်ယူရမည် ဟူသောလှုံဆော်ဟောပြောမှုကို ဥရောပမှ ...

မနိ

ခရစ်နှစ် သုံးရာစုတွင် ပေါ်ထွန်းခဲ့သူ တမန်တော် မနိ သည် ထိုခေတ်အခါက အလွန်နောက်လိုက်နောက်ပါများသည့်၊ ယုံကြည်သူများသည့်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ မက်ဆိုပိုတေးမီယား တွင်ဖွားမြင်ပြီး ထိုစဉ်က ပါရှအင်ပါယာတွင် ပါထန် မင်းဆက် အုပ်စိုးချိန်ဖြစ်သည်။ ဇော်ရော့အ ...