ⓘ Free online encyclopedia. Did you know? page 5

ဇွန်းနှုတ်သီးငှက်

ဇွန်းနှုတ်သီးငှက်သည် ခရုစုတ်ငှက်နှင့်အတူ သရက်စကီ အိုနီသီဒီး မျိုးရင်းတွင် ပါဝင်၍၊ ငှက်ကျားနှင့် မျိုးချင်းနီးစပ် သည်။ ဇွန်းနှုတ်သီးငှက်သည် သာမန်အားဖြင့် ငဟစ်နှင့်တူ၏။ ကမ္ဘာပေါ်၌ ဇွန်းနှုတ်သီးငှက် ၆ မျိုးရှိ၏။ ထိုငှက်သည် အလျား ၃၃ လက်မရှည်သဖြင့် ငှ ...

ဇွေ့ငှက်

ဇွေ့ငှက် သည် တင်မလိုင်းအီဒီး မျိုးရင်းတွင် ပါဝင်၏။ ပါဏဗေဒအမည်မှာ တာဒွိုက်ဒီ ဂူလာရစ် ဖြစ်သည်။ ဇွေ့ငှက် သည် ၁ဝ လက်မခန့်ရှိ၍၊ အမြီးတစ်ခုတည်းကပင် ၅ ၁/၂လက်မ ရှည်သည်။ အမွှေးအတောင်များသည် သေသပ်ခြင်းမရှိချေ။ လည်တံနှင့် ရင်အုပ်တို့သည် ဖြူ၏။ အခြားအစိတ် အပိ ...

တင်ကျီးငှက်

တင်ကျီးငှက်သည် ‌ခြေ‌ချောင်းများကြားတွင် အ‌ရေပြားရှိ ‌သော ငှက်ကြီးမျိုးဖြစ်သည်။ ‌ရေတွင်ငုပ်၍ ငါးများကိုအစာ အဖြစ် လိုက်လံဖမ်းဆီး စား‌သောက်တတ်သည်။ တင်ကျီးငှက် သည် ဇီဝ‌ဗေဒ အလိုအားဖြင့် ‘ဖယ်လာ ကရိုကိုရက်စီဒီး’ မျိုးရင်းဝင်ဖြစ်သည်။ ကမ္ဘာတစ်ဝှန်းလုံးတွင ...

တစ်တီတူး

တစ်တီတူးသည် ကယ်ရာဒရိုင်အီဒီး မျိုးရင်းတွင်ပါဝင်‌သော ငှက်ဖြစ်သည်။ ထိုငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် ဟု‌ခေါ်သည်။ တစ်တီတူးဟု‌ခေါ်ခြင်းမှာ ထိုငှက်၏ အော်သံကို အစွဲပြု၍ ‌ခေါ်ခြင်းဖြစ်သည်။ အလျား ၁၃ လက်မ ခန့်ရှိသည်။ ခါထက် ကိုယ်ထည်အနည ...

တနေဂျာငှက်

ငှက်လောကထဲတွင် တနေဂျာငှက်ကဲ့သို့ လှပတောက်ပြောင်သော အမွှေးအတောင်ရှိသည့် ငှက်မျိုးမှာရှားသည်။ တနေဂျာငှက်ဖိုသည် ငှက်မထက် အဆင်းလှပသည်။ တနေဂျာငှက်သည် စင်စစ်အားဖြင့် ဖင့်ဟုခေါ်သောငှက်မျိုးအနွယ်ပင် ဖြစ်သည်။ တောင်အမေရိကတိုက်နှင့် အမေရိကတိုက်အလယ်ပိုင်းရှိ ...

တလိုင်းကောင်

တလိုင်းကောင်ဟုခေါ်သော နှုတ်သီးတိုငှက်ကို ပါဏဗေဒ အလိုအရ ပလူဗီအေးလစ် ဒိုမင်နီက ဟု ခေါ်သည်။ ကယ်ရာ ဒရိုင်အီဒီး မျိုးရင်းတွင် ပါဝင်လေသည်။ အလျား ၁ဝ လက်မရှိ ၏။ ပျံသန်းသည့်အခါ အမြီးပိုင်းသည် မည်းနေသည်ဟု ထင်ရ သည်။ မေလအစ သားပေါက်ချိန်တွင် အမွှေးများသည် ပို ...

တူကန်းငှက်

တူကန်းငှက်မျိုးကို ‌တောင်အ‌မေရိကတိုက်၊ အ‌မေဇုန်မြစ် ဝှမ်းတစ်‌လျှောက်တွင် အ‌မြောက်အမြား‌တွေ့ရသည်။ ထိုငှက်၏ အဓိကထင်ရှား‌သော ကိုယ်အင်္ဂါအစိတ်အပိုင်းမှာ ကြီး‌သောနှုတ် သီးပင်ဖြစ်၏။ သူ၏နှုတ်သီးသည် ဦး‌ခေါင်းနှင့် အဆမတန်ကြီး မား၍၊ ကိုယ်၏အချိုးအစားနှင့် မ ...

တောကျီးကန်း

‌တောကျီးကန်းသည် ‘ပက်ဆာရီ‌ဖောမီး’ မျိုးစဉ်၌၎င်း၊ ‘ကော်ဗီဒီ’ မျိုးရင်း၌၎င်း ပါဝင် သည်။ ‌တောကျီးကန်း၏ အလျားမှာ ၂၀ လက်မမှ ၂၂ လက်မထိရှိသည်။ ပျံသန်းရာတွင် အ‌တောင်ကို မှန်မှန်ရိုက်၍ ‌နှေး‌နှေးနှင့် ‌ဖြောင့်‌ဖြောင့် ပျံတတ် သည်။ အ‌တောင်စွန်းရှိ အ‌မွေးများ ...

တောကြက်

ဇီဝ‌ဗေဒအလိုအရ ‌တောကြက်ကို ‘ဂဲလက်ဂဲလပ်’ဟု‌ခေါ်၏။ ယင်းသည် ‘ဖာစီအာနီဒီ’ မျိုးရင်း တွင်ပါဝင်သည်။ ‌တောကြက်သည် အလွန်ပါးနပ်‌သော ကြက်ရိုင်းမျိုးဖြစ်သည်။ ကြက်ဖသည် အမြီးအပါအဝင် ၂၆ လက်မမှ ၂၈ လက်မခန့်အထိရှည်၍ ကြက်မသည် ၁၇ လက်မခန့်ရှည်သည်။ ‌တောကြက်ပျံသန်း သည့် ...

တောငန်း

တောငန်းသည် ‘အန်စာရီ‌ဖောမီး’မျိုးစဉ်တွင်၎င်း၊ ‘အနာ တီဒီ’မျိုးရင်းတွင်၎င်း၊ ‘အန်စာရိုင်နီ’မျိုးရင်းခွဲ၌၎င်း ပါဝင်၍ ယင်းကို ‘အန်စာအင်ဒီကပ်’ဟု ပါဏ‌ဗေဒအလိုအားဖြင့်‌ခေါ် သည်။ ‌တောငန်းသည် အရွယ်အားဖြင့် အိမ်‌မွေးငန်းမျှရှိ၍ အလျား လက်မ ၃၀ ခန့်ရှိသည်။ အညို ...

တောင်ခါ

ဇီဝ‌ဗေဒအလိုအရ ‌တောင်ခါသည် ‘ဂယ်လီ‌ဖောမီး’မျိုးစဉ် တွင်၎င်း၊ ‘ဖာစီအာနီဒီ’မျိုးရင်းတွင်၎င်း၊ ‘ပါဒီစိုင်နီ’ မျိုးရင်းခွဲ တွင်၎င်း ပါဝင်သည်။ ‌တောင်ခါသည် အလျား ၁၁ လက်မခန့် ရှိသည်။ ‌မေး၊ ပါးနှင့် နားများတွင် ဖြူ‌သောအ‌ရောင်ရှိသည်။ ရင်အုပ်တွင် ညိုဝါ‌ရောင် ...

တောင်ဒေါင်းငှက်

တောင်ဒေါင်းငှက် သည် မြေဝပ်ငှက်မျိုးဖြစ်၍ ကက်ပရီမာလ ဂျီဖောမီး မျိုးစဉ်တွင်၎င်း၊ ကက်ပရီမာလဂျီဒီး မျိုးရင်းတွင်၎င်း ပါဝင်သည်။ ဇီဝဗေဒအလိုအားဖြင့် တောင်ဒေါင်းကို ယူရိုစ တော့ပိုဒပ်မက်ကရောတစ် စာဗီနီစက် ဟုခေါ်သည်။ အလျား ၁၆ လက်မခန့်ရှိ၍ ကိုယ်ထည်ကြီးမားသည် ...

တောင်ပီစူးငှက်

‌ တောင်ပီစူးငှက် ကို ဘီး‌တောင်ပိုဟူ၍လည်း ‌ခေါ်ကြသည်။ ဇီဝ‌ဗေဒအလိုအားဖြင့် ထိုငှက်ကို ‘ယူးပူပ အဲ‌ပေါ့’ဟု‌ခေါ်သည်။ မျိုးရင်းမှာ ‘အုပျူးပီဒီး’ဖြစ်သည်။ အလျား ၁၂ လက်မရှိသည်။ ပျံသန်း‌နေခိုက်၌ အဖြူနှင့် အမည်းစင်းများကို မြင်ရ၏။ အ‌တောင်များကို လိပ်ပြာကဲ့သ ...

တောစာက‌လေး

ဇီဝဗေဒအလိုအားဖြင့် တောစာက‌လေး သည် ‘ပလိုဆီအိဒီး’ မျိုးရင်းတွင်၎င်း၊ ‘ပလိုဆီအိုင်နီး’ မျိုးရင်းတွင်၎င်း ပါဝင်သည်။ ‌တောစာက‌လေးကို စာဗူး‌တောင်း၊ စာ‌ဖောင်းဟုလည်း ‌ခေါ်‌သေး သည်။ စာဗူး‌တောင်းဟု အမည်တွင်ခြင်းမှာ ထိုငှက်၏အသိုက် သည် လည်ပင်းရှည်‌သော ဗူး‌တော ...

တောဆက်ရက်

တောဆက်ရက်သည် မျိုးစဉ်‘ပက်စာရီ‌ဖောမီး’မျိုးရင်း ‘စတာ နီဒီး’တွင် ပါဝင်သည်။ သတ္တဗေဒ အမည်အားဖြင့် ‘အက်ကရီဒိုသီး ရီး ဖပ်စကပ်’ဟု‌ခေါ်သည်။ အလျား ၉ လက်မရှိသည်။ ခပ် လှမ်း လှမ်းမှကြည့်လျှင် ဆက်ရက်နှင့် ခွဲခြား၍မရအောင်တူ သည်။ သို့‌သော် ဆက်ရက်နှင့် ကွာခြား ခ ...

တောဘဲ

တောဘဲသည် ‘အန်စာရီ‌ဖောမီး’မျိုးစဉ်တွင်၎င်း၊ ‘အနာတီဒီ’ မျိုးရင်းတွင်၎င်း၊ ‘ကိုင်ရီနီနီး’ မျိုးရင်းခွဲတွင်၎င်း ပါဝင်သည်။ ဝမ်းဘဲမျိုး အ‌မြောက်အမြားရှိရာတွင် ‌တောဘဲလည်း အပါအဝင်ဖြစ်သည်။ ‌တောဘဲတွင် ပြား‌သောနှုတ်သီးနှင့် အသင့်အတင့်ရှည်‌သော ‌ခြေ‌ချောင်းမျ ...

တောလုံငှက်

ဇီဝ‌ဗေဒအလိုအရ ‌တောလုံငှက်သည် ‘စတြစ်ဂျီ‌ဖောမီး’မျိုးစဉ် တွင်၎င်း၊ ‘စတြစ်ဂျီဒီး’မျိုးရင်းတွင်၎င်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကြက်ဝက်‌ခြောက်‌ကောင် အမည်ဖြင့် လူသိများ သည်။ အလျား ၈ လက်မခန့်ရှိ၍ နားရွက်‌မွှေးများပါရှိသည်။ ‌တောလုံငှက်၏ အ‌ရောင်မှာ မွဲပြ ...

တောသားသပိတ်လွယ်ငှက်

‌ တောသားသပိတ်လွယ်ငှက်သည် သပိတ်လွယ်ငှက်နှင့် မျိုးချင်းနီးစပ်သည်။ ဇီဝ‌ဗေဒအလိုအားဖြင့် ‘ကော့ဆိုင်ခပ် မာလာဗာရစ်ကပ်’ဟု‌ခေါ်သည်။ မျိုးရင်းမှာ ‘တာဒီဒီး’မျိုးရင်းဖြစ်သည်။ ယင်းငှက်၏အမြီးသည် ကိုယ်ထည်ထက် ပို၍ရှည်သည်။ ငှက်ဖို၌ ဦး‌ခေါင်း၊ ‌ကျောနှင့် ရင်အုပ်မ ...

ထန်းစေ့မှုတ်ငှက်

ထန်းစေ့မှုတ်ငှက် ကို သတ္တဗေဒ အလိုအားဖြင့် ပေါ့ဒီစက်ရူဖီ ကောလစ်ဟု ခေါ်သည်။ မျိုးရင်းမှာ ပေါ့ဒီစီပီတီဒီး ဖြစ်သည်။ ရေဝမ်းဘဲကို တစီးမှုတ် ဟုလည်း ခေါ်သေး၏။ အလျား ကိုးလက်မရှိသည်။ မြန်မာနိုင်ငံရှိ ရေ၌ ကျက်စားသောငှက်များတွင် အငယ်ဆုံးငှက်ဟု ဆိုသည်။ ရန်သူ ...

ထပ်တယူငှက်

ထပ်တယူငှက် ထပ်တယူငှက်ကို သိသူအလွန်နည်းပါးသည်။ တုတ္ထရူဟု လည်း ခေါ်ကြသည်။ ဇီဝဗေဒအခေါ်မှာ ဟာပက်တပ် အီရစ် သရိုစဲဖလပ် အီရစ်သရိုစဲဖလပ် ဖြစ်သည်။ ထိုငှက်သည် အလျား ၁၃ လက်မရှိ သည်။ ငှက်မ၏ ဦးခေါင်း၊ လည်ပင်း နှင့် ရင်အုပ်အပေါ်ပိုင်းမှာ လိမ်မော်ရင့်ရောင်ရှိသည ...

ထီးလှိုင်ငှက်

ထီးလှိုင်ငှက်သည် ဘုရားဟောကျမ်းဂန်လာ ဇာတ်ဝတ္ထု တို့တွင် ဟတ္ထိလိင်္ဂငှက်ဟူ၍ ထင်ရှား၏။ ပါဠိစကား ဟတ္ထိ လိင်္ဂမှ ထိလိုင်ကာသို့ ပြောင်းလဲလာပြီးလျှင် ထီးလှိုင်ငှက် ဖြစ်လာဟန်တူ၏။ ဟတ္ထိ ၏အနက် ဆင်၊ လိင်္ဂ၏အနက် အသွင်အပြင်ဟူ၍ဖြစ်ရာ၊ ဤအနက် အဓိပ္ပါယ်နှစ်ရပ်ကို ...

ဒီးဒုတ်

ဦးချိုကဲ့သို့ အမွေးဖုတ်ရှိသော ဇီးကွက်နွယ်ဝင် ညဉ့်ငှက်ကြီး။ မသူတော်ခုနစ်ပါးဟုဆိုရိုးရှိသည့် တိရစ္ဆာန်ခုနစ်မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။ ဇီဝ‌ဗေဒအလိုအရ တီးတုတ်ငှက်ကို ‘ကီတူးပါဇီလုံနင်ဆစ်’ ဟု‌ခေါ်သည်။ ‘စတြစ် ဂျီဒီး’မျိုးရင်း တွင်ပါဝင်သည်။ တီးတုတ ...

ဒေါင်း

ဒေါင်း ဒေါင်းကို မြန်မာမှ ဥဒေါင်းဟုလည်း ခေါ်ကြသည်။ ဒေါင်းသည် ဥမှပေါက်စတွင် သာမန်ငှက်ကဲ့သို့ ရုပ်ဆင်း သဏ္ဌာန်ရှိသော်လည်း နှစ် နှစ်ခန့်ကြာသောအခါ အမြီးအတောင် များ စုံလင်လာကာ ကြည့်၍ တစ်မျိုးကျက်သရေ ရှိလာသည်။ ထိုအခါမှစ၍ ဒေါင်းဖိုများကလည်း ဒေါင်းမထက် ပ ...

ဒေါင်းမင်း

ဒေါင်းမင်းကို ဒေါင်းကုလားဟူ၍လည်း ခေါ်သည်။ ဇီဝ ဗေဒအလိုအားဖြင့် ယင်းကို ပေါ်လီပလက်တရွန် ဗိုင်ကယ်ကာ ရာတမ် ဟုခေါ်သည်။ မျိုးရင်းမှာ ဂယ်လီဖောမီး ဖြစ်သည်။ ဒေါင်းမင်းအဖို၏ အလျားသည် အမြီးအပါအဝင် ၂၂ လက်မမှ လက်မ ၃ဝ ထိရှိသည်။ အမြီးတစ်ခုတည်းပင်လျှင် ၁၂ လက်မ မ ...

နှုတ်သီးစိမ်းဝါဖတ်လေးကြီး

နှုတ်သီးစိမ်းဝါဖတ်လေးကြီးငှက် သည် ဥဩငှက်မျိုး၌ ပါဝင်၍ မျိုးရင်းသည် ကျူကျူလီဒီး ဖြစ်သည်။ ဇီဝဗေဒ အမည်အားဖြင့် ဖီနီကော့ဖီးယပ် ထရစ်တစ်လောင်ဂျီကော်ဒေးတပ် ဟုခေါ်သည်။ ကိုယ်အလျားသည် ၂၄ လက်မရှိရာ ရှည်လျားသော အမြီးကပင် ၁၆ လက်မရှိသည်။ နှုတ်သီး အရောင်သည် စိမ ...

နှံပြီစုတ်

မြန်မာနိုင်ငံတွင် နှံပြီစုတ် ကို နာမည်သာ ကြားဖူးသူများ၍ အသေအချာ တွေ့မြင်လေ့လာဖူးသူမှာ အနည်းငယ်မျှသာရှိသည်။ နှံပြီစုတ်သည် အလျား ၅လက်မ ရှိသည်။ နှံပြီစုတ် အမြောက်နှင့်ချိန်ဟူသော စကားသည် နှံပြီစုတ်၏ သေးငယ်ပုံကို ပေါ်လွင်စေသည်။ များသောအားဖြင့် အသံကိုသ ...

ပိန်ညင်းငှက်

ပိန်ညင်းငှက် သည် ခန္ဓာကိုယ် အရွယ်အစား သေးငယ်သော မျိုးနွယ်စုတစ်ခုဖြစ်ပြီး အရောင်အသွေးစုံနှင့် တောက်ပသည့် ငှက်မျိုးစုတစ်ခု ဖြစ်ပါသည်။ "ကောင်းကင်က ရွှေပိန်ညင်း၊ မိုးခေါ်လို့ဆင်း" ဟု မြန်မာ့အခြေခံပညာမူလတန်းကျောင်းတွင် သင်ကြားရသည့် ကဗျာမှ ရွှေပိန်ညင်း ...

ဗျိုင်း

ဗျိုင်း သည် မြန်မာလူမျိုးများနှင့် ရင်းနှီးပြီး ငှက်တစ်ကောင်ဖြစ်ပါသည်။ အထူးသဖြင့် ကလေးများနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သော ငှက်တစ်ကောင် ဖြစ်ပါသည်။ ကလေးငယ်ကို မိခင်ဖြစ်သူက အိပ်ရာဝင်သီချင်းများဖြင့် ချော့သိပ်ရာတွင်" လူကလေးရဲ့ အိပ်ချိန်တန် ၊ ဗျိုင် ...

ဘီကျားငှက်

ဘီကျားငှက်သည် ကြာဖက်နင်းငှက်မျိုး ဖြစ်သည်။ ယင်းကို ကြာဖက်နင်းဟုလည်း ခေါ်ကြသည်။ ပါဏဗေဒအလိုအားဖြင့် ဟိုင်ဒရိုဖာစီအင်နပ် ချီရားဂတ်ဟုခေါ်၍ ကြာဖက်နင်းငှက်များနှင့်အတူ ဂျာကဉာနီဒီးမျိုးရင်း တွင် ပါဝင်သည်။ ကိုယ်ထည်အလျား ၁ဝ လက်မရှိ၍ အမြီးချည်းသက်သက် ၁ဝ လက ...

ဘီငှက်

ဘီငှက် သည် ကြာဖက်နင်းငှက်အမျိုးအစား ဖြစ်သည်။ ကြာဖက်နင်းငှက်ကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အရှေ့အာရှ တိုက် တစ်ခွင်တွင် တွေ့ရသည်။ အလျား ၁၂ လက်မမှ ၁၅ လက်မအထိ ရှိသည်။ ငှက်ငယ်၏ အမောက်နှင့် လည်ကုပ်တို့သည် ညို၍ အောက်ပိုင်းမှာ ဖြူသည်။ ကြာဖက်နင်းင ...

ဘီလုံးငှက်

ဘီလုံးငှက် သည် ရုပ်ဆင်းသဏ္ဌာန်အားဖြင့် ထူးခြားလှပသော ငှက်မျိုးမဟုတ်သော်လည်း၊ သာယာစွာ အသံကျူးရင့် တေးဆိုတတ်သည်။ ထိုငှက်မျိုးသည် အလောဒီ ဒီးမျိုးရင်းတွင် ပါဝင်၍ မျိုးစိတ်ပေါင်း များစွာရှိသည်။ မြန်မာ နိုင်ငံ လယ်ကွက်များ၌ တွေ့ရတတ်သော ဘီလုံးငှက်မျိုးကိ ...

ဘုတ်ငှက်

ဘုတ်ငှက် သည် ဥဩမျိုးနှင့်အတူ "ကျူကျူ လီဒီး" မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလိုအားဖြင့် "စင်ထရို ပတ် ဆိုင်နင်ဆစ်" ဟုခေါ်သည်။ ဥဩနှင့် မျိုးတူသော်လည်း ဥဩကဲ့သို့အခြားငှက်၏ အသိုက်တွင် ဥအုလေ့မရှိ။ မိမိ အသိုက်နှင့် မိမိဥအုသည်။ တောကျီးကန်းအရွယ် အလျား ၁၈ လက ...

ဘုတ်နှံငှက်

ဘုတ်နှံငှက်သည် ဘုတ်အငယ်စားပင် ဖြစ်သည်။ ဘုတ်ကဲ့သို့ကျူကျူလီဒီးမျိုးရင်းတွင် ပါဝင်၍၊ ပါဏဗေဒ အလိုအားဖြင့် စင်ထရိုပတ် ဗင်ဂါလင်ဆစ်ဟု ခေါ်သည်။ အလျား ၁၅ လက်မရှိသည်။ အတောင်များ မှာ အုန်းခွံရောင် နီကျင့်ကျင့် ရှိသော်လည်း ဘုတ်ငှက်ထက် အရောင်ဖျော့သည်။ ကိုယ်ထ ...

ဘုမ္မသီးငှက်

ဘုမ္မသီးငှက် သို့မဟုတ် ဘုမ္မတီးငှက် သည် ခို၊ ချိုးတို့နှင့်အတူ "ကိုလမ်ဗီဒီ" မျိုးရင်းတွင် ပါဝင်၍ ထင်ရှားသော ငုမျိုးဖြစ်သည်။ ခိုလောက်ပင် အလျား ၁၃ လက်မရှိ၍ ကိုယ်ကာယတုတ်ခိုင်သော ငှက်မျိုးဖြစ်သည်။ အမွှေးအတောင်များမှာ တစ်ကိုယ်လုံး စိမ်းနေသောကြောင့် သစ ...

ဘဲ

မြန်မာနိုင်ငံတွင် ဝမ်းဘဲနှင့်ငန်းအမျိုးပေါင်း ၃၄ မျိုးရှိသည်ဟု သိရသော်လည်း ၆ မျိုးသာလျှင် ဌာနေငှက်များဖြစ်ကြသည်။ ကျန်အမျိုးများမှာ ဆောင်းရာသီဧည့်သည်ငှက်များ ဖြစ်ကြ၍ စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလလောက်တွင် ရောက်လာပြီးလျှင် မတ်လတွင် တိဗက်ကုန်းပြင ...

ဘဲခေါင်းစိမ်း

ဝမ်းဘဲနှင့် မျိုးစဉ်တူ၊ မျိုးရင်းတူနှင့် မျိုးရင်းခွဲတူ အခြားဘဲတစ်မျိုးမှာ ဘဲခေါင်းစိမ်းဖြစ်သည်။ ဘဲခေါင်းစိမ်း၏ အလျားမှာ ၂၃ လက်မ ဖြစ်သည်။ ဘဲခေါင်းစိမ်းဟုခေါ်ကြသည့်အတိုင်း ဦးခေါင်း၏ အရောင်သည် ကိုယ်အရောင်နှင့်မတူဘဲ အစိမ်းရောင်လွှမ်းလျက်ရှိသည်။ ဘဲခေ ...

ဘဲရစ်

ဝမ်းဘဲနှင့်မျိုးစဉ်တူ၊ မျိုးရင်းတူနှင့် မျိုးရင်းခွဲတူသော အခြားဝမ်းဘဲတစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ဘဲရစ်ဖြစ်သည်။ ဘဲရစ်သည် မြန်မာနိုင်ငံတွင် အမြဲနေထိုင်သော ငှက်မျိုးမဟုတ်သော်လည်း အောက်တိုဘာလမှ ဖေဖော်ဝါရီလလယ်အထိ လာရောက်နေထိုင်သောငှက်ဖြစ်သည်။ မြန် ...

ဘဲအ

ဘဲအ သည် ဝမ်းဘဲနှင့် အမျိုးစဉ်တူ၊ မျိုးရင်းခွဲတူ ငှက်ဖြစ်သည်။ ဘဲအသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလမှ မတ်လအထိ လာရောက်လေ့ရှိသော ငှက်မျိုးပင်ဖြစ်သော်လည်း ယင်းကိုတွေ့ရခဲသည်။ ဘဲအ၏ အလျားမှာ ၁၉ လက်မရှိသည်။ ဘဲအ အမ၏ အရောင် မှာ အညိုရောင်အနုတွင် အညိုရင့်ရောင် ...

မကောကြက်တူရွေး

မကောကြက်တူရွေး ကို ကြက်တောကြီးဟုလည်း ခေါ်တွင်သည်။ မကောကြက်တူရွေးသည် ကြက်တူရွေးမျိုးရင်းတွင် ပါဝင်၍ ရိုးရိုးကြက်တူရွေးထက် အကောင်ကြီး ကာ အမြီးရှည်ပြီးလျှက် အရောင်အဆင်းမှာ ပို၍လှပတောက် ပြောင်လေသည်။ အခွံမာသောသစ်သီး ဝလံများကို စားလေ့ ရှိသဖြင့် ကြီးမား ...

မယ်ညိုငှက်

မယ်ညိုငှက်သည် ရေငုံး၊ ရေကြက်၊ ဗောင်တုတ်နှင့် သင်္ဘောရေကြက်ဟုလည်း ခေါ်သော ရေကြက်ဒုံတို့နှင့်အတူ "ရယ်လီဒီး" မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အမည်မှာ "ပေါ်ဖီရီအို ပေါ်ဖီရီအို ပေါ်လီဆီဖာလပ်" ဖြစ်သည်။ အလျား ၁၇ လက်မရှိ၏။ ငှက်မသည်ငှက်ဖိုနှင့် တူသော်လည်း အမော ...

မိန်ဇိမ်ငှက်

မိန်ဇိမ်ငှက် သည် "ကာရာဒရီအီဖောမီး" မျိုးစဉ်တွင်လည်းကောင်း၊ "ဗူရင်နီဒီး"မျိုးရင်းတွင်လည်းကောင်း ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် "အီစာကပ်ရီကာဗီရိုစတြစ်" ဟု ခေါ်သည်။ မိန်ဇိမ်ငှက်သည် အလွန် မြင်ရခဲသော ငှက်မျိုးဖြစ်၍ လူသိနည်းသည်။ ကိုယ်အလျား ၂ဝ လက်မ ရှိသည်။ န ...

မိုးကောင်းငှက်

မိုးကောင်း ငှက်သည် ငှက်ခါးကဲ့သို့ပင် "ကိုရာဆိင် အီဒီး" မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ အလိုအားဖြင့် "ယူရစ်စတိုး မတ်အိုရီယင့်တားလစ် အိုရီယင့်တားလစ်" ဟု ခေါ်သည်။ ငှက်ခါးနှင့် မျိုးတူဖြစ်သော်လည်း ငှက်ခါးလောက် လူသိမများ ချေ။ အလျား ၁၂ လက်မရှိသည်။ ပျံသန်းသည ...

မိုးစာငှက်

မိုးစာငှက် သည် ပျံလွှားငှက်၊ ဇီဝဇိုးငှက်တို့နှင့် အတူ အပိုဒီဒီးမျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအမည်မှာ "ဆစ်ပစိ အာရတ် ပါးဗတ်အင်ဖူမေးတပ်" ဖြစ်သည်။ အလျား ၅ လက်မ ရှိ၍ တစ်ကိုယ်လုံးတွင် ကျပ်ခိုးရောင် ထနေသည့် အညိုရောင် လွှမ်းနေသည်။ တင်ပါးတွင် ဖြူဖွေးခြင်းမရှိ ...

မိုးစွေငှက်

မိုးစွေငှက်သည် မိုးစာငှက်နှင့် အသွင်အပြင်ချင်း တူ သော်လည်း ကိုယ်အနေအထား တည်ဆောက်ထားပုံချင်းမှာ အလွန်ကွဲပြားသည့်ပြင် မျိုးစဉ်နှင့် မျိုးရင်းချင်းလည်း မတူကြ ချေ။ မိုးစွေငှက်သည် "ပက်ဆာရီဖောမီး" မျိုးစဉ်နှင့် "ဟီရန်ဒီဒီဒီး" မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ ...

မောက်တင်ငှက်

မောက်တင်ငှက် သည် ဝမ်းဘဲ၊ ငန်းတို့နှင့်အတူ "အင်ဆာရီ ဖောမီး" မျိုးစဉ်တွင် "အနက်တီဒီး" မျိုးရင်း၌ ပါဝင်၍ သတ္တဗေဒ အလိုအားဖြင့် ဆာကီဒိုင်အောနစ် မယ်လာနိုတော့ ဟုခေါ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းဘဲနှင့်ငန်းအမျိုးပေါင်း ၃၄ မျိုးရှိသည်ဟု သိရသော်လည်း ၆ မျိုးသ ...

မောက်တင်ရေဝမ်းဘဲကြီး

မောက်တင် ရေဝမ်းဘဲ မှာ ရေနေငှက် သတ္တဝါ တစ်မျိုးဖြစ်ြပီး Grebe ခေါ် အရွယ်လတ် ငှက်မျိုးဖြစ်သည်။ ၎င်းငှက်၏ သိပ္ပံအမည်မှာ Podiceps cristatus ဖြစ်သည်။ ယင်းငှက်များသည် ယေဘူယျအားဖြင့် ၄၆ စင်တီမီတာမှ ၅၁ စင်တီမီတာခန့် ရှည်လျားကြသည်။ တောင်ပံနှစ်ခုပေါင်း မှာ ...

မြီးညှောင့်ငှက်မျိုး

ငှက်လောက၌ ပေါ်လွင်ထင်ရှား၍ လူသိများသော ငှက်မျိုးတွင် မြီးညှောင့်ငှက်မျိုးလည်း အပါအဝင် ဖြစ်သည်။ မြီးညှောင့်ငှက်မျိုးသည် ပက်ဆာရီဖောမီး မျိုးစဉ်တွင် မိုတဆီလီဒီး မျိုးရင်း၌ ဝင်သည်။ ယင်း၏ ပါဏဗေဒအမည်မှာ မိုတဆီလာ အယ်လဗာ လျူ ကော့ဆစ် ဖြစ်သည်။ မြီးညှောင့်င ...

မြီးဝန်ငှက်

မြီးဝန်ငှက် သည် တီးတုတ်ငှက်မျိုးစုတွင် ပါဝင်သော်လည်း မထင်ရှား၍ လူသိ နည်းသည်။ မြီးဝန်ငှက်သည် စတြစ်ဂျီဒီး မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလို အားဖြင့် အိုတပ် ဗက်ကာမိုးနား ဟုခေါ်သည်။ မြီးဝန်ငှက်သည် အလျား ၁ဝ လက်မရှိသည်။ တီးတုတ် ဇီးကွက်မျိုးတွင် သေးငယ်သေ ...

မြေလူးငှက်

မြေလူးငှက်မျိုးတွင် ပါဝင်သော ငှက်မျိုးပေါင်း မြောက်မြားစွာ ရှိ၍ ယင်းတို့အားလုံးသည် တာဒိဒီး မျိုးရင်းတွင် ပါဝင်ကြသည်။ များသောအားဖြင့် မြေလူးငှက်ဟု သိမ်းကျုံးခေါ်ဝေါ်ကြသော်လည်း အမည်ထူးသော ငှက်အစားစားရှိကြသည်။ မြေလူးငှက်မျိုးမှန်မှာ တာဒိနီး မျိုးရင် ...

မြေဝပ်ငှက်မျိုး

မြေဝပ်ငှက်မျိုးသည် ကက်ပရီမာလ ဂျီဖောမီးမျိုးစဉ်တွင် ကက်ပရီ မာလဂျီဒီး မျိုးရင်း၌ ပါဝင်၍ အာတိတ်နှင့် အန္တာတိတ်ဒေသများနှင့် နယူးဇီလန် ကျွန်းအပါအဝင် ကျွန်းအများအပြားတို့မှ လွဲ၍ တစ်ကမ္ဘာလုံးလိုလို၌ တွေ့ရ၏။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင ...