ⓘ Free online encyclopedia. Did you know? page 32

အိုင်ယွန်ပြုရောင်ခြည်

အိုင်ယွန်ပြုရောင်ခြည် ဆိုသည်မှာ အက်တမ် သို့မဟုတ် မော်လီကျူးများ၏ အီလက်ထရွန်များကို လွတ်မြောက်သွားအောင် အထိစွမ်းဆောင်နိုင်သည့် စွမ်းအင်ကို သယ်ဆောင်သော ရောင်ခြည်ကို ခေါ်သည်။ အိုင်ယွန်ပြုရောင်ခြည် သည် စွမ်းအင်မြင့်မားသည့် အလွန်လျှင်မြန်စွာ ရွေ့လျားန ...

အား

အား ဆိုသည်မှာ အရာဝတ္တုတစ်ခုကို ဆွဲခြင်း တွန်းခြင်း စသည့် တခြားအရာဝတ္တုတစ်ခုမှ တုံပြန်သော သက်ရောက်မှုကို ခေါ်သည်။ ဥပမာအားဖြင့် သင် ဘောလုံးတစ်လုံးကို အဝေးရောက်အောင် ကန်လိုက်ပါပြီဆိုပါက သင်သည် ဘောလုံးအပေါ်ကို အားသက်ရောက်လိုက်ခြင်းပင်ဖြစ်သည်။ တနည်းအာ ...

အပူ

နေသည် အပူရှိန်ကို ပေး၏။ မီးကိုကိုင်လျှင် ပူ၏။ တုတ်နှစ်ချောင်းကို ပွတ်လျှင် ပူလာ၏။ လက်ပူတိုက်ရာတွင် လည်း အပူရှိန်ကို လိုသဖြင့် လက်ဖဝါးနှစ်ဘက်ကို ပွတ်တိုက် ပေးရ၏။ ဤအချက်များကို လူတိုင်းပင် တွေ့ကြုံနားလည်ကြ ပေသည်။ သို့သော် အပူဆိုသည်မှာ မည်သည့်အရာမျိ ...

ဂရစ်လျှပ်စစ်စနစ်

ဂရစ်လျှပ်စစ်စနစ်ဟုတွင်သော လျှပ်စစ်ဓာတ်ဖြန့်ချိရေး စနစ်မှာ လျှပ်စစ်ဓာတ်ကို လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခု တစ်ခုစီမှ မဖြန့်ချိဘဲ ဓာတ်အားပေးစက်ရုံအများ စုပေါင်း၍ လက်ကားသဘော ဖြန့်ချိပေးသောစနစ် ဖြစ်သည်။ ဤစနစ်ကို အင်္ဂလန်နိုင်ငံ၌ ၁၉၂၆ ခုတွင် ဗဟိုလျှပ်စ ...

ထရန်စဖော်မာဆီ

ထရန်စဖော်မာဆီထရန်စဖော်မာ အား ကာကွယ်မှုပေးသောဆီသည် အထူးသန့်စင်ထားသောဆီတစ်မျိုးဖြစ်ပြီး မြင့်မားသော အပူချိန်ကိုခံနိုင်ရည်ရှိကာ ၎င်းကိုဖြတ်၍ လျှပ်စစ်စီးဆင်းမှုကို ဟန့်တားနိုင်သောဆီ ဖြစ်သည်။၎င်းကိုကော်ရိုနာ များကိုလျော့ချရန်၊ဂတ်စ်ငွေ့များမှတဆင့် လျှပ ...

ဗို့

ဗို့သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် စနစ်ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။အီတလီ ရူပဗေဒပညာရှင် အလက်ဇန်ဒရိုဗိုလတာ ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ ==လျှပ်စစ်သင်္ကေတ=အားြဖင့် ဗို့ကို Electromotive Forc ...

ရေအားသုံး လျှပ်စစ်စက်များ

လူတို့ သုံးစွဲလျက်ရှိသော အရာများတွင် ရေအားသည်သာလျှင် ရုတ်တရက် ကုန်ဆုံး၍ မသွားနိုင်ချေ။ အလုပ်လုပ်ရန် အတွက် စက်ကိုလည်စေရာတွင် ကျောက်မီးသွေးကို သုံးသည် ဖြစ်စေ၊ ဓာတ်ဆီကို သုံးသည်ဖြစ်စေ လူသည် အစားပြန်၍ မထိုးနိုင်သောပစ္စည်းကို အသုံးပြုနေရခြင်း ဖြစ်ပေသည ...

လျှပ်ကာ

လျှပ်ကာ သည် လျှပ်စစ်ဓာတ်များ လွပ်လပ်စွာ မစီးဆင်းနိုင်သော ပစ္စည်းများဖြစ်ကြသည်။ ထို့ကြောင့် လျှပ်စီးကြောင်းသည် လျှပ်စစ်စက်ကွင်းအောက်တွင် စီးကူးရန် မဖြစ်နိုင်သလောက်ရှိသည်။ ယင်းသည် လျှပ်ကူးပစ္စည်းများ၊ တပိုင်းလျှပ်ကူးပစ္စည်းများအတွက်လည်း အကျုံးဝင်သည ...

လျှပ်ကူးပစ္စည်း

လွတ်လပ်သော အီလက်ထရွန်များ အက်တမ်တစ်ခုမှ တစ်ခုသို့စီးဆင်းသွားသည့်အခါ လျှပ်စီး​ကြောင်းဖြစ်​ပေါ်လာသည်။အီလက်ထရွန်များ ​မြောက်များစွာစီးဆင်း​စေ​သော ပစ္စည်းကို လျှပ်ကူးပစ္စည်း ဟု​ခေါ်သည်။သတ္တုနှင့်ပြုလုပ်​သော ပစ္စည်းအများစုမှာ လျှပ်ကူးပစ္စည်း​ကောင်းမျာ ...

လျှပ်စစ်စွမ်းအင်

လျှပ်စစ်စွမ်းအင်မှာ ​အောက်ပါအချက်များ​ကြောင့် အခြား​သော စွမ်းအင်များထက် သာလွန်​ကောင်းမွန်​နေသည်။ မြင့်မား​​သော သယ်ယူ​ရေး ​ကောင်းကျိုးရရှိခြင်း - ​ယေဘူယျအားဖြင့် လျှပိစစ်ဓာတ်အားထုတ်လုပ်ရာစက်ရုံများသည် သုံးစွဲသူများနှင့် ​ဝေးလံ​သော ​နေရာတွင် တည်ရှိ ...

လျှပ်စစ်ဓာတ်

လျှပ်စစ်ဓာတ် သည် အရာဝတ္ထုတို့၏ ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိဖြစ်ပြီး ၎င်းအား လျှပ်စစ်သံလိုက်စက်ကွင်း အတွင်းတွင် ထားရှိပါက အား တစ်ခုကို ခံစားရရှိစေသည်။ လျှပ်စစ်ဓာတ် နှစ်မျိုး ရှိပြီး အပေါင်းနှင့် အနှုတ် တို့ ဖြစ်သည်။ တူညီသော ဓာတ်တို့သည် တွန်းကန်ကြပြီး မ ...

လျှပ်စစ်ဓာတ်အား

လျှပ်စစ်ဓာတ်အား လျှပ်စစ်စွမ်းအင် သည် ပွတ်တိုက်မှုအားကြောင့် သော်လည်းကောင်း၊ လျှပ်စစ်သံလိုက် ညှို့ခြင်းကြောင့် သော်လည်းကောင်း၊ အခြား စွမ်းအင်တစ်ခုခုမှ အသွင်ပြောင်း၍ သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ လျှပ်စစ်နှင့် သက်ဆိ ...

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စနစ် ဆိုသည်မှာ လျှပ်စစ် စွမ်းအားကို နောက်ဆုံးအဆင့် ပေးပို့ခြင်း ဖြစ်ပြီး ဓာတ်အားပို့လွှတ်စနစ်မှ လျှပ်စစ်ဓာတ်အားများကို သုံးစွဲသူမျာထံသို့ သယ်ယူပို့ဆောင်ပေးခြင်းပင် ဖြစ်သည်။ ဓာတ်အားပို့လွှတ်စနစ်နှင့် ချိတ်ဆက်ထားသော ဖြန ...

လျှပ်တာပြောင်း

လျှပ်စစ်ဓာတ်အားပေးရုံမှ လွှတ်လိုက်သော လျှပ်စစ်ဓာတ် စီးကို ကြေးနန်းကြိုးများဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသော မြို့ကြီးပြကြီးများသို့ ဖြန့်ပေးရာ၌ လျှပ်စစ်ဖိအား ကောင်းဖို့လို လေသည်။ ခရီးဝေးလေလေ၊ လျှပ်စစ်ဖိအားများရန် လိုလေလေ ဖြစ်သည်။ လျှပ်စစ်ဖိအားမ ...

အချိန်ခလုတ်

အချိန်ခလုတ်ဆိုသည်မှာ အချိန်ကျရောက်သောအခါ လှုပ်ရှားလာပြီးလျှင် လျှပ်စစ် ဆာကစ်ကို ပွင့်အောင်ဖြစ်စေ၊ ပိတ်မိအောင်ဖြစ်စေ ပြုလုပ်ပေး သည့် ခလုတ်ကို ဆိုသည်။ ဤခလုတ်နှင့် စပ်လျဉ်း၍ အရိုးဆုံး ကိရိယာမျိုးမှာ နာရီနှိုးစက် ဖြစ်သည်။ နံနက်တိုင်း အချိန်ကျသောအခါ ခ ...

အလင်း လျှပ်စစ်ကိရိယာ

အလင်း လျှပ်စစ်ကိရိယာ။ ။ အလင်း လျှပ်စစ်အိမ်ကို အကြောင်းပြု၍ အလင်းလျှပ်စစ် ကိရိယာ အမျိုးမျိုး ပေါ်ပေါက်လာခဲ့ပေသည်။ အလင်းလျှပ်စစ်အိမ်ပေါ်သို့ အလင်းကျရောက်သည့်အခါ ယင်း၏ ကက်သုတ်ခေါ် ဓာတ်မတိုင်မှ အီလက်ထရွန်များ တန်း၍ ထွက်လာ၏။ ထိုအီလက်ထရွန် တန်းသည် အလင် ...

လျှပ်စစ်ဓာတုဗေဒ

ဆယ့်ရှစ်ရာစုနှစ် နောက်ပိုင်းမှစ၍ ဓာတုဗေဒတွင် လျှပ်စစ်ဓာတ်ကို စတင်အသုံးပြုလာခဲ့ကြရာ ဗန်မာရမ်ဆိုသူသည် လျှပ်စစ်ဓာတ်ပွတ်စက်ကို လှည့်နေစဉ်အတွင်း အိုဇုန်းဓာတ်ငွေ့ကို ပထမဆုံး တွေ့ရှိခဲ့သည်။ ခရစ် ၁၈၈ဝ ပြည်နှစ်တွင် အယ်လက်ဇန္ဒြိုဗိုလတာသည် လျှပ်စစ်ဓာတ်အိုးက ...

အလင်း

အလင်း သည် လျှပ်စစ်သံလိုက်ဖြာထွက်မှု ဖြစ်ပြီး လျှပ်စစ်သံလိုက်ရောင်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အလင်း ဟူသော စကားလုံးသည် ယေဘုယျအားဖြင့် လူတို့၏ မျက်စေ့ဖြင့် မြင်နိုင်သော အလင်းကို ရည်ညွှန်းသည်။ မြင်နိုင်သော အလင်း၏ လှိုင်းအလျားသည် ၄၀၀ မှ ၇၀၀ နာနိုမီ ...

အလင်းအလျင်

အလင်း၏အမြန်နှုန်း ဆိုသည်မှာ ရူပဗေဒတွင် စကြာဝဠာလုံးဆိုင်ရာ ပုံသေကိန်းဖြစ်သည်။ ယင်း၏ တန်ဖိုးအတိအကျမှာ တစ်စက္ကန့်လျင် ၂၉၉, ၇၉၂, ၄၅၈ မီတာနှုန်းဖြစ်သည်။ မိုင်အားဖြင့်ဆိုသော် ၁၈၆, ၂၈၂ မိုင်ခန့်ရှိသည်။ သင်္ကေတ c ဖြင့် ဖော်ပြသည်။ အထူးနှိုင်းရသီအိုရီအရ c ...

သစ်ပိုး

သစ်ပိုးဟုခေါ်သော ပိုးတစ်မျိုးကို ဥယျာဉ်ခြံ များထဲတွင် တွေ့မြင်ရတတ်သည်။ ထိုသစ်ပိုးမျိုးသည် ပိုးမွှားငယ်များ၊ ပိုးနသံကောင်များနှင့် ခပ်ဆင်ဆင်တူသော်လည်း အမှန်စင်စစ် ကရပ်စတေးဆီး မျိုးပေါင်းတွင် အပါအဝင် ဖြစ်သည်။ မျိုးစဉ်မှာ အိုင်ဆိုပိုဒါဖြစ်သည်။ အလျား ...

သားမွေး

အမွေးသည် နို့တိုက်သတ္တဝါတို့၏ အရေမှ ပြင်ပသို့ ထိုးထွက်နေသော အရာများကို ခေါ်ခြင်းဖြစ်သည်။ ပိုးမွှားနှင့် အပင်တို့မှ ဤနည်းအတိုင်း ထွက်နေသောအမျှင်များကိုလည်းခေါ်ဝေါ်ကြသည်။ အမွေးရှိခြင်းသည် နို့တိုက်သတ္တဝါတို့၏ ထူးခြားသောဂုဏ် တစ်ရပ်ဖြစ်၍ ယင်းတို့အတွက ...

ဦးချို

တိရစ္ဆာန်အမျိုးမျိုးတို့၏ ဦးခေါင်းထိပ်မှ ချွန်ထွက်နေသော လက်နက်သဖွယ်အရာများကို ဦးချိုဟုခေါ်၏။ ထိုဦးချိုများမှာ တိရစ္ဆာန်တစ်မျိုးနှင့်တစ်မျိုး မတူကြဘဲ ပုံပန်းသဏ္ဌာန်တွင်သော်လည်းကောင်း၊ ဦးချိုဖြစ်ပေါ်လာပုံတွင်သော်လည်းကောင်း အနည်းနှင့်အများ ကွဲပြားကြ ...

အရေပြား

အရေပြားဟူသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် ဖုံးလွှမ်းနေသောအရာ ဖြစ်သည်။ အရေပြားသည် ဖြူသော၊ မည်းသော၊ လှပသော၊ ရုပ်ဆိုးသော စသည့် မည်ကဲ့သို့သော အဆင်းရှိသူတွင်မဆို အခြေခံဖွဲ့စည်း တည်ဆောက်ပုံမှာ အတူတူပင်ဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန် ၆-ရာခိုင်နှုန ...

ဦးနှောက်

ဦးနှောက် သည် ကျောရိုးရှိ သတ္တဝါများနှင့် ကျောရိုးမဲ့ သတ္တဝါ အများစု၏ အာရုံကြောစနစ်တွင် ဗဟိုအချက်အချာကျသည့် အင်္ဂါတစ်ရပ်ဖြစ်သည်။ ဂျယ်လီငါးနှင့် ကြယ်ငါးများကဲ့သို့သော အခြား တိရစ္ဆာန်များတွင် ဦးနှောက်မပါဘဲ ဗဟိုထိန်းချုပ်မှု မရှိသည့် အာရုံကြောစနစ်သာရ ...

တိုက်ကြက်

မြန်မာနိုင်ငံတွင် အညာဒေသများ၌ ကြက်ပွဲများ ကျင်းပလေ့ရှိသည်။ လူမှာအမျိုး ကြက်မှာအရိုး ဆိုသကဲ့သို့ တိုက်ကြက် ၁ ကောင်၏ မျိုးရိုးသည် အရေးကြီးလှသည်။ မျိုးရိုးပေါ်မူတည်ပြီး အရောင်အသွေး ၊ စိတ်ဓာတ် ၊ ခွပ်လမ်း အမျိုးမျိုးရှိသည်။ အရာင်အသွေးနှင့် ပတ်သတ်ပြီး ...

ဂုံး

ဂုံး ဆိုသည်မှာ အခွံနှစ်ခြမ်းရှိသော ခရုငယ်မျိုးဖြစ်၍ ရေကန် မြစ်​​​ချောင်းများတွင် တွေ့ရှိရသည်။ အခွံကိုခွာ၍ အထဲမှ အသားကို စားသုံးကြသည်။ နုံစပ်သဲပြင်များတွင်လည်း တိုး၍ နေတတ်သည်။ ဂုံးမှာ ဘဲဥပုံဆင်ဆင်ရှိ၍ ရှပ်ကောင်မှာ သုံးထောင့်ချွန်း ဆင်ဆင်ဖြစ်သော ဂု ...

ကကတစ်

ကကတစ် သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ်၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ပါစီဒို မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတ ...

ကကူရံ

ကကူရံ သည် ပင်လယ်ငါးမျိုးဖြစ်၍ ရခိုင်ပြည်နယ်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင်ဟု၎င်း တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကူရံသည် ငပုဏ္ဏားနှင့်အတူ ပေါ်လီနီမီဒို မျိုးရင်းတွင် ပါဝင်၍၊ ဤငါးနှစ်မျိုးလုံးပင် ...

ကော့ဒငါး

ကော့ဒငါးသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ငါးတစ်မျိုးဖြစ်သည်။ ဤငါးကို ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ သမ ပိုင်းပင်လယ်များတွင် အမြောက်အမြား တွေ့ရသည်။ အထူး သဖြင့် ဥရောပတိုက် ပြင်သစ်နိုင်ငံနှင့် မြောက်အမေရိကတိုက် ဗာဂျင်းနီယားပြည်နယ်တို့၏ မြောက်ဘက်ကျသော အတ္တ ...

ငကျီးကန်း

ငကျီးကန်းသည် ပင်လယ်ငါးမျိုး ဖြစ်သည်။ ပါဏဗေဒ အလိုအားဖြင့် ဒီကပ်တားရပ် ရပ်ဆဲလီဟု ခေါ်၍ ကာရင် ဂျီဒီ မျိုးရင်းတွင် ပါဝင်သည်။ ထိုငါးမျိုး၏ ကိုယ်သည် ရှည်လျား၍ ခပ်ပြားပြားနေသည်။ မျက်လုံးများသည် ခေါင်း ၏ ဘေးဖက်တွင်ရှိ၍ ကြီးမားသည်။ ကျောဆူးတောင်နှင့် စအိုဆ ...

ငမန်းစွယ်သည်

ငမန်းစွယ်သည်။ ။ ငမန်းစွယ်သည် သည် ငမန်းမျိုးဝင် ပင် ဖြစ်သည်။ ယင်း၏ ထူးခြားချက်မှာ အမြီးသည် ခက်တက် သဏ္ဌန်မဟုတ်ဘဲ သာမန်ငါးမြီးနှင့်တူ၍ ဦးခေါင်းတွင်လည်း လွှနှင့်တူသည့် အစွယ်ရှည်ပါရှိခြင်း ဖြစ်သည်။ ရခိုင်တိုင်း ကမ်းရိုးတန်းတစ်လျှောက်၌ ထိုငမန်းကို ငမန် ...

ငဝဲရောင်

ငဝဲရောင်။ ။ ပါဏဗေဒအလိုအားဖြင့် ငဝဲရောင်ကိုဆူဒိုဆီအင်နာ ဒိုင် အာကင်သပ်ဟုခေါ်သည်။ငဝဲရောင်ကို တနသ‡ာရီ ကမ်းရိုးတန်း နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၌ တွေ့ရသည်။ ငဝဲရောင်၏ နှာတံမှာ အနည်းငယ်ပွ၏။ နှာတံအရင်းတွင် အပေါက်ကလေး ၃ ခုပါရှိ၏။ ထို့အပြင် အောက်မေး ...

ငါးကျည်း

ငါးကျည်းသည် ငါးထွေမျိုးတွင် ပါဝင်သည်။ ပါဏဗေဒအရ ဟက်တာရိုနျူတိဖော့စီလိ ဟု ခေါ်သည်။ အသားစား ငါးမျိုးဖြစ်သည်။ ငါးခူနှင့် ပုံသဏ္ဌာန်တူသော်လည်း အကောင်သေး၍ ပြာနှမ်းနှမ်းအရောင်ရှိပြီး ငါးခူလောက် မကြီးချေ။ နှုတ်ခမ်းမွှေး လေးမျှင်ရှိ၍ မာကျောချွန်တက်သော နော ...

ငါးကြင်း

ငါးကြင်း သည် ငါးသိုင်းမျိုးတွင် ပါဝင်သည်။ ပါဏဗေဒအရစာရီနားမရီဂါးလားဟု ခေါ်သည်။ ရေချိုနှင့် ရေငန်နှစ်ရပ်လုံးတွင် ကျက်စားနိုင်သည်။ ငါးကြင်း၏ အောက်မေးရိုးအလယ်၌ အဖုငယ်ရှိသည်။ နှုတ်ခမ်းကြားတွင် နှုတ်ခမ်းမွေးတိုတို တစ်စုံရှိသည်။ ကိုယ်လုံးမှာရှည်၍ အမြီးခ ...

ငါးကွန်းညှပ်

ငါးကွန်းညှပ် သည် ငါးပါးနှင့်အတူ အန်ချိုဗီငါးမျိုးစုတွင် ပါဝင်သည်။ငါးကွန်းညှပ် ကို ငါးထန်းရွက်ဟူ၍၎င်း၊ ငါးအုပ်ဖား ဟူ၍၎င်း၊ ငါးပြားဟူ၍၎င်း ခေါ်သည်။ ပါဏဗေဒအမည်မှာ စက်တီပင်နာ တယ်လီရားဖြစ်သည်။ ငါးကွန်းညှပ်သည် ရှောက်အသင်း ငါးပါးနှင့် ဆင်တူသည်။ သို့သော် ...

ငါးခူ

ငါးခူသည် အင်းငါးများတွင် လူသိများသောငါး ဖြစ်သည်။ ပါဏဗေဒအရ ကလာရီယပ်ဗတစ်ရာချပ်ဟူ၍ ခေါ်သည်။ ငါးခူ၏ အရောင်မှာ နီညိုရောင် သို့မဟုတ် အနက်ရောင် ခပ်မွဲဲမွဲဖြစ်သည်။ ဝမ်းပိုင်းတွင် အရောင်အနည်းငယ် ဖျော့နေ သည်။ ဦးခေါင်းမှာပြား၍ ကိုယ်အနည်းငယ်လုံးသည်။ကျောဆူး တ ...

ငါးခွေးလျှာ

ငါးခွေးလျှာမျိုးကို ငါးပြားမျိုးဟုလည်း ခေါ်ကြသည်။ ငါးခွေးလျှာသည် များသောအားဖြင့် ရေအောက်မြေပြင်ပေါ်တွင် သွားလာ ကျက်စားနေတတ်သည်။ ရေအောက်ရှိ ရွှံ့နွံရောင်နှင့် အလွန်တူသောကြောင့် ငါးခွေးလျှာကို မြင်နိုင်ရန် ခဲယဉ်းသည်။ ငါးခွေးလျှာ၏ အရောင်သည် တစ်ချိန် ...

ငါးစင်

ငါးစင်ဟုခေါ်သော ငါးမျိုးတွင် ငါးစင်ရိုင်း၊ ငါးစင်ရိုင်းကြဲ ၊ ငါးစင်၊ ငါးစင်ရိုင်းကြက်ချေး စသော ငါးများ ပါဝင်သည်။ တစ်ခါတစ်ရံ မိစတပ်ကာ ဗာစီယပ်ကိုပင် ငါးစင်ရိုင်းဟူ၍လည်း ခေါ်သေးသည်။ မိစတပ်မျိုးရင်းတွင် ပါဝင်ကြသောငါးများ နှုတ်သီးမွေး လေးစုံပါရှိသည်။ ...

ငါးတံခွန်

ငါးတံခွန်သည် ငါးသံရှည်မင်းကြားနှင့်အတူ တြိုင်ကီရီဒီ မျိုးရင်းတွင် ပါဝင်သည်။ ပါဏဗေဒအမည်မှာ တြိုင်ကီးရပ် ဟော်မဲလား ဖြစ်သည်၊ ငါးတံခွန်၏ ကိုယ်မှာသေး၍ ကြိုးပြားပုံ သဏ္ဌာန်မျိုး ရှိသည်။ ဆူးတောင်သည် တစ်ဆက်တည်းဖြစ်သည်။ မေးရိုးမှာ ရှည်၍ ချွန်ထွက်လျက်ရှိသည ...

ငါးထီး

ငါးထီးသည် အံဩစရာကောင်းသော ရေသတ္တဝါတစ်မျိုး ဖြစ်သည်။ သို့သော် ငါးမဟုတ်ပေ။ ငါးထီး၏ တစ်ကိုယ်လုံး၌ ကော်ရည်တစ်မျိုးဖြင့် ကျိချွဲနေသည်။ငါးထီးသည် ရေထဲ၌နေစဉ် ထီးသဖွယ်ကိုယ်ဝိုင်းကြီးကို ပိတ်ချည်ဖွင့်ချည်ပြုကာ သွားလာ လျက်နေသည်။ ပင်လယ်ကမ်းခြေတွင် နေပူမိနေသေ ...

ငါးထွေ

ငါးထွေသည် ကမ္ဘာအရပ်ရပ်တွင် အနှံ့အပြားတွေ့ရသော ကြောင်ငါး အမျိုးအစားတွင် ပါဝင်လေသည်။ ကြောင်ငါး ဟု အင်္ဂလိပ်အမည်ဖြင့် မှည့်ခေါ်ခြင်းမှာ ပါးစပ်ဘေးတွင် ကြောင်နှုတ်ခမ်းမွေးနှင့်တူသော အမျှင်များ ပါရှိခြင်းကြောင့် ဖြစ်လေသည်။ ငါးထွေသည် အကြည့်ရအရုပ်ဆိုးသော ...

ငါးဓားရှည်

ပါဏဗေဒအရ ငါးဓားရှည်ကို ခိုင်ရိုစင်တြပ်ဒိုရဗ် ဟု ခေါ်သည်။ ငါးဓားရှည်၏ ကိုယ်သည် ရှည်လျား၍ ပြားသည်။ ဝမ်းပိုင်းစောင်းထက်သော်လည်း ငသလောက်မှာကဲ့သို့ လွှသွား နှင့် တူသော အထစ်များ မရှိချေ။ ပါးဟက်ဝကျယ်သည်။ မျက်စိများသည် အဆီဖြင့် ပြည့်ဝသော မျက်ခွံတို့ဖြင့် ...

ငါးနက်ပြာ

ငါးနက်ပြာကို ငါးနံဟူ၍လည်း ခေါ်သည်။ ငါးနက်ပြာသည် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဒုပ်တို့နှင့်အတူ ငါးသိုင်းမျိုးတွင် ပါသည်။ ပါဏဗေဒအလိုအားဖြင့် လေဗီအိုကဲဗားစူးဟုခေါ်၍ စိုင်ပရီနီဒီမျိုးရင်းတွင် ပါဝင်သည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းသည်။ ပါးစပ်ပေါက်ကျဉ ...

ငါးနှပ်

ပါဏဗေဒအလိုအရ ငါးနှပ်သည် စကိုပယ်လီဒေး မျိုးရင်း တွင် ပါဝင်သည်။ သိပ္ပံအမည်အားဖြင့် ငါးနှပ်ကို ဟာပိုဒွန် နေဟေးရီးယပ်ဟု ခေါ်သည်။ ငါးနှပ်ကိုယ်သည် ရှည်လျား၍ အနည်းငယ်ပြား၏။ ဦးခေါင်းတိုတုတ်သည်။ နှာတံသည် ကျယ်၍ထိပ်ဝိုင်းသည်။ ပါးစပ်ပေါက် အလွန်ကျယ်သည်။ မေးရိ ...

ငါးပတ်

ငါးပတ်သည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း၌၎င်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌၎င်း ကျက်စားသည့် အသားစား ငါးမျိုး ဖြစ်သည်။ ပါဏဗေဒအရ ဝေါလာဂိုးနီးယားအတ္တူဟု ခေါ်သည်။ အသားစားကြူးလှသဖြင့် ငါးပတ်ကို ငါးမန်းနှင့်နှိုင်း၍ ရေချိုငါးမန်းဟု ခေါ်ကြသည်။ ငါးပ ...

ငါးပါး

ငါးပါးသည် ငအုပ်ဖားနှင့်အတူ အန်ချိုဗီငါးမျိုးစုတွင် ပါဝင်သည်။ ငါးပါးကို ရှောက်အသင်းဟူ၍လည်း ခေါ်သည်။ သိပ္ပံအမည်မှာ တြစ်စော့ကလီပါရေးဗား ဖြစ်သည်။ ငါးပါး တွင် ဆူးတောင်တို့သည် ကြီးထွားဖွံ့ဖြိုးသည်။ အမြီးခွ ရှည် သည်။ အကြေးခွံများသည် အလျားလိုက် ညီညီညာညာရ ...

ငါးပုဏ္ဏား

ငါးပုဏ္ဏားကို ပါဏဗေဒအရ ပိုလီနီမပ် ပါရာဒီစိအပ်ဟု ခေါ်သည်။ ငါးပုဏ္ဏားသည် မြန်မာနိုင်ငံတွင် ဟင်းလျာအဖြစ် အသုံးများသော ပင်လယ်ငါးမျိုး ဖြစ်၏။ ကိုယ်ပြား၍ အမြီး ပိုင်းကျဉ်း၏။ မျက်စိငယ်၏။ နှာတံဝိုင်း၍ ကျယ်ပြန့်၏။ ပါးစပ်ပေါက်ကျယ်၏။ အမြီးခွစောက်နက်၏။ ရင်ဆူ ...

ငါးပျံ

ငါးပျံ သည် အိပ်ဇိုစီတီဒေးငါးမျိုးရင်းတွင် ပါဝင်သည်။ ငါးပျံ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဆူးတောင်၏ အောက်ခွမှာ အလွန်ရှည်သည်။ ငါးပျံသည် အမြီးနှင့် ပြင်းထန် စွာ ရေကို ရိုက်ခတ်၍ အပေါ်သို့ခုန်ပြီးလျှင် ရင်ဆူးတောင်ကို ငှက်တောင်များသဖွယ်ဖြန့်၍ လေဟုန်စ ...

ငါးပြေမ

ငါးပြေမ ကို ပါဏဗေဒအရ အနာဗတ်တက်စတူဒိနိယပ်ဟု ခေါ်သည်။ ထိုငါးမျိုးကို ချောင်း၊ မြောင်း၊ အင်း၊ အိုင်များတွင် တွေ့ရပေသည်။ ငါးပြေမ၏ ကိုယ်ထည်သည် ပြား၍ ဦးခေါင်း မှာ ကျယ်သည်။ အကြေးခွံများသည် ကြီး၍ ညီညာလာသည်။ ငါး၏ အရောင်မှာ အစိမ်းပုပ်ရောင်ဖြစ်၍ ဝမ်းဗိုက်ပိ ...

ငါးဖယ်

ငါးဖယ်သည် ရေချိုရေငန် နှစ်ရပ်လုံးတွင် ကျက်စားသော ငါးမျိုး ဖြစ်သည်။ ပါဏဗေဒအရ နိုတော့တာရပ် ချိတာလာ ဟု ခေါ်သည်။ ငါးဖယ်၏ ကိုယ်သည် ပြား၍ ဝမ်းပိုင်းသည် ဓားသွားကဲ့သို့ ရှိသည်။ ကျောအရှေ့ပိုင်းခုံး၍ အနောက်ပိုင်း ဖြောင့်သည်။ ကျော၌ အလွန်သေးသော ဆူးတောင်တစ်ခု ...