ⓘ Free online encyclopedia. Did you know? page 199

မြစ်ကြီးနားမြို့

မြစ်ကြီးနားမြို့ သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှ​တောင်သို့ ...

မြစ်ခြေမြို့

မြစ်ခြေမြို့သည် မကွေးတိုင်းအတွင်းတွင် ရှိပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်သည်။ မန္တလေးတိုင်းအတွင်းရှိ ညောင်ဦး၊ ပုဂံမြို့ဟောင်း၊ မြင်းကပါ၊ ပုဂံမြို့သစ် အစရှိသော အထင်ကရနေရာများ၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မြစ်ငယ်မြို့

မြစ်ငယ်မြို့ သည် မန္တလေးခရိုင်အတွင်း၌ တည်ရှိ၍ မြို့နယ်အုပ်ချုပ်ရေးအရာရှိများ ရုံးစိုက်သောမြို့မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ မြစ်ငယ်မြစ်နှင့် မီးရထားလမ်း ဆုံသောနေရာတွင် တည်ရှိ၍ မန္တလေးမြို့မှ ၉ မိုင် ကွာဝေးသည်။ မြ ...

မြစ်သားမြို့

မြစ်သားမြို့ သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ကျောက်ဆည်မြို့၏ တောင်ဖက် ၁၂ မိုင်အကွာတွင် ရန်ကုန် - မန္တလေး ကားလမ်းတို့ဆုံရာ ပန်းလောင်မြစ်၏ အထက်ဆုံးဆည်ဖြစ်သော ကင်းတားဆည်မှ ခွဲထွက်လာသော ပြောင်းပြာ မ ...

မြန်အောင်မြို့

မြန်အောင်မြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြန်အောင်မြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ ကြံခင်းမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ကွာတွင် တည်ရှိသည်။ အထက်အောက် မြန်မာနိုင်ငံသို့ သွားလာ သော သင်္ဘောများ ဆိုက်ကပ်ရာမြို့န ...

မြဝတီမြို့

မြဝတီမြို့ သည် မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်ပါဝင်သော မြဝတီမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ မြန်မာ - ထိုင်း နယ်စပ်တွင် တည်ရှိသည်။ တောင်မှမြောက်သို့စီးသော သောင်ရင်းမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိ၍ မြစ်၏ တဖက်ကမ်း၌ ထိုင်းနိုင်င ...

မြိတ်မြို့

မြိတ်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့လည်းဖြစ်သည်။နေဝင်ရာ အနောက်အရပ်တွင် ပထော်ပထက်တောင်ဟု ခေါ်သ ...

မြိုင်မြို့

မြိုင်မြို့ သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် အညာဒေသ၊ ပခုက္ကူမြို့၏ အနောက်မြောက်ဖက် ၂၅ မိုင် အကွာတွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။

မြေပုံမြို့

မြေပုံမြို့ သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တွင် ပါဝင်သော မြေပုံမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြေပုံမြို့သည် ဟန်းတား ပင်လယ်အော်ကမ်းခြေရှိ ကျွန်းကလေး တစ်ခုပေါ်တွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၆၅မိုင်ဝေး၍ စစ်တွေမြို ...

မြောက်ဥက္ကလာပမြို့နယ်

မြောက်‌ဥက္ကလာပမြို့နယ်သည် ၁၉၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဆေးတက္ကသိုလ်၂ရန်ကုန်၏ တွဲဖက်သင်ကြားရေးဆေးရုံဖြစ်သော မြောက်‌ဥက္ကလာပဆေးရုံသည် မြောက်‌ဥက္ကလာပမြို့နယ်နှင့် အနီးတဝိုက်ရှိနေရာများမှ လူများကို ကျန်းမာရေး ...

မြောင်မြို့

မြောင်မြို့ သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင် ရှိ၍ မြင်းမူမြို့၏ အနောက်တောင်ဖက် ၁၄ မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီမြစ်၏လကျာ်ဖက်ကမ်း ...

မြောင်းမြမြို့

မြောင်းမြမြို့ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တည်ရှိသည်။ မွန်ဘုရင်ရာဇာဓိရာဇ်၏ အရေးတော်ပုံများတွင် ဖော်ပြပါရှိသော မြောင်းမြမြို့မှာ ရာမညတိုင်း မွန် ၃ ရပ်တွင် ပါဝင်သည့် ပုသိမ် ၃၂ မြို့တွင် အဝင်အပါဖြစ် ...

မှော်ဘီမြို့

မှော်ဘီမြို့နယ်သည် ရန်ကုန်တိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မွန်ဘာသာအရ မှော်ပီ= မုဟ်-ဒေါင့်/ကွေ့၊ ဘီ-ပင်လယ်၊ ပင်လယ်ကွေ့ဟု အဓိပ္ပါယ်ရသည်။ မှော်ဘီမြို့သည် ယခင်က အင်းစိန်ခရိုင်အတွင်း၌ ပါဝင်ကာ ရန်ကုန်မှ မီးရထားလမ်းအားဖြင့် ၂၅ မိုင်ကွာဝေး၍ ရန် ...

မ​တ္တ​ရာ​မြို့

မတ္တရာမြို့ သည် မန္တလေးတိုင်းအတွင်းတွင် တည်ရှိပြီး မန္တလေးမြို့၏မြောက်ဘက် မိုင်အကွာတွင်တည်ရှိပါသည်။ မန္တလေးမြို့မှ မတ္တရာမြို့သို့ မီးရထားလမ်း၊ မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားပါသည်။ မတ္တရာမြို့ နှင့် ပတ်သက်၍ အနော်ရထာမင်းလက်ထက်တွင် ရှမ်းပြည်ဒေ ...

ယင်းမာပင်မြို့

ယင်းမာပင်မြို့နယ် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁° ၅၉ နှင့် ၂၂°၁၉ အကြား၊ အရှေ့ လောင်ဂျီကျု ၉၃° ၃၆ နှင့် ၉၅° ၁၅ အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် အကွာတ ...

ရတနာပုံ နည်းပညာ မြို့သစ်

ရတနာပုံ ဆိုင်ဘာစီးတီး သည် မန္တလေးမြို့ အရှေ့ဘက် ၄၂ မိုင် အကွာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံရှိ အတိုင်းအတာ အကြီးမားဆုံး အိုင်တီစင်တာဖြစ်သည်။ ဧက တစ်သောင်းကျော် ကျယ်ဝန်းသည့် ရတနာပုံ ဆိုင ...

ရမည်းသင်းမြို့

ရမည်းသင်းမြို့ သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ပါဝင်ပြီး ရမည်းသင်းခရိုင်နှင့် ရမည်းသင်းမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်တွင် ရှိသည်။ ရန်ကုန်မြို့မှ ရ ...

ရမ်းဗြဲမြို့

မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍ ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းအနီးတွင် တည်ရှိသည်။ ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါတွင် ရမ်းဗြဲမြို့သည် ရမ်းဗြဲခရိုင်၏ မြို ...

ရသေ့တောင်မြို့

ရသေ့တောင်မြို့ မြန်မာနိုင်ငံ၏ အနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်၏ မြောက်ဖက်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မြောက် လတ္တီကျုဒ် ၂၀.၄၈၃၃၃၃၃ ဒီဂရီ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၂.၇၅ ဒီဂရီ တွင် တည်ရှိသည်။ ရသေ့တောင်မြို့သည် စစ်တွေခရိုင်အတွင်းတွင် ပါဝင်သည်။ ...

ရေစကြိုမြို့

ရေစကြိုမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၏ရုံးစိုက်မြို့ဖြစ်၍ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေစကြိုမြို့နယ်၏ အကျယ်အဝန်းမှာ ၃၈၄ စတုရန်းမိုင်ရှိ၍ သူကြီးပိုင် နယ်ပေါင်း ၉၈ ခု ပါဝင်လေသည်။ ရေစ ...

ရေတာရှည်မြို့

ရေတာရှည်မြို့ သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ တောင်ငူမြို့၏ မြောက်ဘက်တွင် မန္တလေးသွား မီးရထားလမ်းပေါ်၌ တည်ရှိသည်။ ရေတာရှည်မြို့နယ်သည် တောင်ငူခရိုင်၏ အနောက်မြောက်ဖျားတွင် ရှိ၍ ၉၉၆ စတုရန်းမိုင် ကျယ်ဝန်း၏။ ...

ရေနံချောင်းမြို့

ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည် ...

ရေဖြူမြို့

ရေဖြူမြို့ သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်၏။ ထားဝယ်မြို့၏ အထက် ၁ဝ မိုင်ခန့်အကွာ ထားဝယ်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ရေဖြူမြို့နယ်မှာ ထားဝယ်ခရိုင်၏ မြောက်ဘက်အကျဆုံး မြို့နယ်ဖြစ်၍ ...

ရေဦးမြို့

ရေဦးသည် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် အနောက်ပိုင်းဒေသတွင်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။ ကုန်းဘောင်မင်းဆက် ဆက်တွင် ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ၏ ဇာတိမြေ ဖလံဂုဏ်ရွာ တည်ရှိသည့် မြို့ဖြစ်သည်။

ရေးမြို့

ရေးမြို့သည် ရန်ကုန်မြို့မှ ကားလမ်းခရီးမိုင် ၂၈၄ မိုင်၊ မော်လမြိုင်မြို့မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ ဖြစ်သည်။ ရှေးယခင်က မီးရထားလမ်းဆုံးမြို့ဟု လူသိများကြသည်။ ရေးမြို့နယ် သည် မွန်ပြည်နယ်တွင် အက ...

ရွာငံမြို့

ရွာငံနယ်သည် ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသတွင် မြောက်ဘက်အကျဆုံး တည်ရှိသော နယ်တစ်နယ် ဖြစ်သည်။ မြောက်ဘက်တွင် ဘော်နယ်၊ အရှေ့ဘက်တွင် ရပ်စောက်နယ်နှင့် ပင်းတယနယ်၊ တောင်ဘက်တွင် ပင်းတယနယ်နှင့် မိတ္ထီလာခရိုင်အနောက်ဘက်တွင် မိတ္ထီလာခရိုင်နှင့် ကျောက်ဆည်ခရို ...

ရွှေကူမြို့

ရွှေကူမြို့ သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရွှေကူမြို့နယ်သည် မြောက်ဘက်တွင် မြစ်ကြီးနားခရိုင်နှင့် ကောက်ကွေ့ချောင်းဖြင့် ခြားလျက် တောင်ဘက်တွင် မဘိမ်းမြို့နယ်နှင့် စပ်နေသည်။ အရှေ့ဘက်တွင် ဆင်ကန်ချောင်းအထိ ဖြ ...

ရွှေကျင်မြို့

ရွှေကျင်မြို့ သည် ရွှေကျင်ခရိုင်ခွဲနှင့် ရွှေကျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရွှေကျင်ခရိုင်ခွဲသည် ရှေးအခါက သီးခြား ခရိုင်တစ်ခု ဖြစ်ခဲ့သော်လည်း ခရစ် ၁၈၉၅ ခုနှစ်မှစ၍ အသွား အလာ ပိုမိုလွယ်ကူသော သထုံမြို့သို့ ခရိုင်ဝန်ရုံးပြောင်းရွေ့သွား ကာ ရ ...

ရွှေတောင်မြို့

ရွှေတောင်မြို့ သည် ပြည်ခရိုင်ပေါင်းတည်ခရိုင်ခွဲ ရွှေတောင်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိ၍ ပြည်မြို့တောင်ဘက် ကိုးမိုင်ကွာဝေး၍ ပြည်ရန်ကုန်ကားလမ်းမပေါ်တွင်တည်ရှိသည်။ မြို့ပေါ်ရပ်ကွက် ရပ်ကွက် နှင့်က ...

ရွှေပြည်သာမြို့နယ်

ရွှေပြည်သာမြို့နယ် သည် ရန်ကုန်မြို့၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ ရွှေပြည်သာမြို့နယ်၏ မြောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်နှင့် တောင်ဘက်တွင် အင်းစိန်မြို့နယ်တို့ တည်ရှိသည်။ ရွှေပြည်သာမြို ...

လက်ပံတန်းမြို့

လက်ပံတန်းမြို့ သည် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ခရိုင်အတွင်း လူအစည်ကားဆုံးမြို့ဖြစ်သည်။ ယင်းသို့ လူစည်ကားရခြင်းမှာ လက်ပံတန်းမှ သာရဝေါသွား ရန်ကုန် - ပုသိမ် မီးရထားလမ်းနှင့် ရန်ကုန် - ပြည် မီးရထားလမ်းဆုံရာမြို့ ဖြစ်သော ကြောင ...

လပွတ္တာမြို့

လပွတ္တာမြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်မှ အဆင့်ဆင့် ခွဲထွက်လာသော ရွေးမြစ်၏ အနောက်ဘက်ကမ်း၌ မြောက် လတ္တီတွဒ် ၁၆ ဒီဂရီ ၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၉ မိနစ် ဆုံရာအရပ်တွင် အ ...

လမ်းမတော်မြို့နယ်

လမ်းမတော်မြို့နယ် သည် ရန်ကုန်မြို့လယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။ လမ်းမတော်မြို့နယ်၏ အနောက်ဘက်တွင် အလုံမြို့နယ်၊ အရှေ့ဘက်တွင် လသာမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်ရှိပြီး မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ လမ်းမတော်မ ...

လယ်ဝေးမြို့

လယ်ဝေးမြို့ သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော လယ်ဝေးမြို့နယ် မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ စတုရန်း လေးမိုင်ခန့် ကျယ်ဝန်း၍ ပျဉ်းမနားမြို့၏ အနောက်တောင်ဘက် ၁ဝ မိုင်အကွာတွင် တည်ရှိသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် ...

လသာမြို့နယ်

လသာမြို့နယ် သည် ရန်ကုန်မြို့လယ်၏အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း ခုရှိသည်။ လသာမြို့နယ်၏အနောက်ဘက်တွင် လမ်းမတော်မြို့နယ်ကို လမ်းမတော်လမ်းနှင့် လည်းကောင်း၊ အရှေ့ဘက်တွင် ပန်းဘဲတန်းမြို့နယ်ကို ရွှေတိဂုံဘုရားလမ်းနှင့် လည်းကောင်း၊ မြောက်ဘက်တွင် ...

လားရှိုးမြို့

လားရှိုးမြို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော်ကြားသည်။ ထို့ကြောင့် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေ ...

လိုင်ဇာမြို့

၁၉၉၄ ခုနှစ်တွင် လိုင်ဇာ မြို့သည် ရွာ အဖြစ်သာတည်ရှိခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော်ကေအိုင်အိုများ အခြေချပြီးနောက် ကချင်ပြည်နယ်၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ တရားဝင်နယ်စပ်ကုန်သွယ်ရေးမရှိသော်လည်း စည်ကားသည့်နယ်စပ်ကုန်သွယ့်မြို့ဖြစ်သည် ...

လုံဘန်းမြို့

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၉ မိုင် အကွာ မဏိပူရမြစ်၏ အရှေ့ဘက်ကမ်းတွင် လုံဘန်းမြို့တည်ရှိသည်။ မြို့နယ်ခွဲရုံးစိုက်မြို့ဖြစ်၏။ လုံဘန်းမြို့၏ ပတ်ဝန်းကျင်သည် သီးပင်စိုက်ခင်းပျိုးခင်းများနှင့် အမြဲစိုပြည်လျက်ရှိ၏။ မြို့၏ အရှေ့ဘက်သုံးမိုင်အကွာတွင် အ ...

လောက်ကိုင်မြို့

လောက်ကိုင်မြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ရှိ မြို့ဖြစ်သည်။ ယင်းသည် လောက်ကိုင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်။ နန့်စမ်မြို့မှ ၁၀ မိုင်ကွာဝေးပြီး လားရှိုးမြို့မှ ၁၁၇ မို ...

လောင်းလုံးမြို့

လောင်းလုံးမြို့ သည် မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၏။ မြို့နယ်မှာ ထားဝယ်မြစ်ဝကျယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အကြားရှိ ကျွန်းဆွယ်အပိုင်းအပါအဝင်ဖြစ်သော မြို့နယ်ဖြစ်သည်။ ...

လေးမျက်နှာမြို့

လေးမျက်နှာမြို့သည် ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ငဝန်မြစ်၏ အနောက်ဘက်ကမ်းပေါ်၌ တည်ရှိသဖြင့် ကုန်သွယ်စီးပွားရေးတွင် ပုသိမ် ခရိုင်နှင့် ပို၍အဆက်အဆံများသည်။ ထိုကြောင့် ဗြိတိသျှတို့ အုပ်စိုးစအခါက လေးမ ...

လဲချားမြို့နယ်

လဲချားမြို့နယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် ပါဝင်သောမြို့နယ်များအနက် တစ်ခုဖြစ်၍ ၁၅၅၉ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၁၈၆ ပေ တွင် တည်ရှိသည်။ လဲချားမြို့နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ် ...

လွိုင်ကော်မြို့

လွိုင်ကော်မြို့ သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်‌၏ မြို့တော်ဖြစ်သည်။ လွိုင်ကော်မြို့သည် တောင်ငူမြို့၏ အရှေ့မြောက်ဘက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။

လွိုင်လင်မြို့

လွိုင်လင်မြို့ သည် ယခင် လဲချားနယ်၏ တောင်ပိုင်း ပင်လုံမြို့၏ တောင်ဖက်တွင် တည်ရှိ၍ ၊ လွိုင်လင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ် သည်။ လွိုင်လင်ခရိုင်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်၊ မိုင်းပွန်မြို့နယ်၊နမ့်စန်မြို့နယ်၊ခိုလန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ ...

လှည်းကူးမြို့

လှည်းကူးမြို့ သည် အင်းစိန်ခရိုင်၊ လှည်းကူးမြို့နယ် ၏ ရုံးစိုက်မြို့ဖြစ်သည်။ ခရိုင်၏ အရှေ့မြောက်ဘက် ရန်ကုန်-ပဲခူး မော်တော်ကားလမ်းကြီး ပေါ်တွင် တည်ရှိသည်။ ရန်ကုန်မြို့နှင့် မိုင် ဝေးသည်။ မြို့နယ်တည်နေရာသည် အချက်အခြာကျသဖြင့် ကျေးလက်ပြုပြင်ရေးသမားမျာ ...

လှိုင်မြို့နယ်

လှိုင်မြို့နယ် တွင် ရပ်ကွက်ပေါင်း ရပ်ကွက် ဖြင့် ဖွဲ့စည်းထားသော ဆင်ခြေဖုံး ရပ်ကွက်ဖြစ်ပါသည်။ လှိုင်မြို့နယ်သည် ရန်ကုန်တိုင်း အတွင်းရှိသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် သမိန်းချောင်း၊ အရှေ့ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် အင်းယားကန်၊ တောင်ဘ ...

လှိုင်သာယာမြို့နယ်

လှိုင်သာယာမြို့နယ် သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ လှိုင်သာယာမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက် ရန်ကုန်မြစ်တလျှောက်တွင် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို ...

လှိုင်းဘွဲ့မြို့

လှိုင်းဘွဲ့မြို့ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဘားအံမြို့ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာတွင်ရှိသော ဂျိုင်းမြစ်၏ မြစ်လက်တက်ဖြစ်သည့် လှိုင်းဘွဲ့ချောင်း၏ ကမ်းပေါ်တွင် တည်ရှိသည်။ မြို ...

ဝက်လက်မြို့

ဝက်လက်မြို့ သည်မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တွင်တည်ရှိပါသည်။ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ ဝက်လက်မြို့နယ်သည်ကျေးရွာပေါင်း ၇ဝ ကျော်ဖြင့်ဖွဲ့စည်းထားပြီး အရှေ့ဘက်တွင်ဧရာဝတီမြစ်၊ အနောက်ဘက်တွင်မူးမြစ်၊ တောင်ဘက်တွင်စစ်ကိုင်းမြိ ...

ဝမ်းတွင်းမြို့

ဝမ်းတွင်းမြို့ သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ဝမ်းတွင်းမြို့သည် ရန်ကုန်-မိတ္ထီလာ-မန္တလေး မော်တော် ကားလမ်းပေါ်တွင် တည်ရှိသည်။ မိတ္ထီလာမှ မိုင် ၂ဝ ကွာဝ ...