ⓘ Free online encyclopedia. Did you know? page 198

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်

ဒဂုံဆိပ်ကမ်းမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ ဒဂံုဆိပ်ကမ်းမြို့နယ်ကို နှစ်ပိုင်းတွင် ပြောင်းရွှေခဲ့သည်။ခုနှစ်တွင် အစိုးရ မူလတန်းကျောင်း ကျောင်း၊ အလယ်တန်းကျောင်း ကျောင်း၊ အထက်တန်းကျောင်း ကျောင်းရှိသည်။ မြို့နယ်နေလူထုပေါင်း ...

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၏ မြောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အနောက်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ ...

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ဒဂုံမြို့သစ်မြောက်ပိုင်း သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။မြ ...

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

ဒဂုံမြို့သစ်အရှေ့ပိုင်း သည် ရန်ကုန်မြို့၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်နှင့်အနောက်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။ ဒဂုံမြ ...

ဒလ

ဒလမြို့နယ် ဒလမြို့နယ်က ရှေးနှစ်ပေါင်း များစွာကတည်းက မွန်လူမျိုးတွေတည်ထောင်ခဲ့တဲ့ သုဝဏ္ဏဘူမိပြည်ရဲ့ မြိုပြနိုင်ငံ တစ်ခု ၁၃၈၆ ကနေ ၁၄၂၂ အထိဖြစ်ပွားခဲ့တဲ့ အင်းဝနဲ့ ဟံသာဝတီ ၃၆ နှစ်ကြာစစ်ပွဲမှာ ဒလ ဆိုတာ ထင်ထင်ရှားရှား အဓိကနေရာက ပါဝင်ခဲံတယ် မြန်မာ ဘုရင် ...

ဒလမြို့နယ်

ဒလမြို့နယ် သည် ရန်ကုန်မြို့နှင့် မြစ်တစ်စင်းသာခြားပြီး သင်္ဘောနှင့် သွားပါက ဆယ်မိနစ်အတွင်း ရောက်ရှိနိုင်သည်။ ရှေးမြန်မာမင်းလက်ထက်က မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ခံတပ်မြို့ ဖြစ်သည်။ ယခင်က ကျေးရွာအုပ်စု ဖြစ်ခဲ့ပြီးနောက် မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ ...

ဒေါပုံမြို့နယ်

ဒေါပုံမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ မွန်ဘာသာအရ ဒေု-တောင်၊ ပန်-လေး၊ တောင်လေးလုံးဟု အဓိပ္ပါယ်ရသည်။ ဒေါပုံမြို့နယ်၏ မြောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ အရှေ့ဘက်တွင် သာကေတမြို့န ...

ဓနုဖြူမြို့

ဓနုဖြူမြို့ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်အရပ်ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဓနုဖြူမြို့ အနီးပတ်ဝန်းကျင်တွင် မြေဩဇာကောင်းသော လယ်မြေများရှိခြင်း ...

နတ်တလင်းမြို့

နတ်တလင်းမြို့ သည် ပဲခူးတိုင်းအတွင်းပါဝင်ပြီး ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင်တည်ရှိသည်။ ရန်ကုန်မြို့မှ 138 မိုင်ခန့်အကွာတွင်တည်ရှိသည်။ တလင်းပြောင်ကြီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် နတ်တို့ ရှင်းလင်းပေးသည့် တလင်းဟု ပြောဆိုရာမှ နတ္တလင်း ဖြစ်လာသည်ဟု ဆိုသည်။ ...

နတ်မောက်မြို့

နတ်မောက်မြို့ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ မကွေးမြို့မှ မိုင် ကွာဝေးသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ပျဉ်းမနားမှ မိုင်ဝေးသည်။ ဧရာဝတီမြစ်ရိုးတွင် တည်ရှိသော မကွေးမြို့၊ ...

နမ့်ခမ်းမြို့

နမ့်ခမ်းမြို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ် ၏ မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။

နမ့်ဆန်မြို့

နမ့်ဆန်မြို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း ယခင်တောင်ပိုင်းနယ်၏ မြို့တော်ဖြစ်ပြီး ကျောက်မဲမြို့၏မြောက်ဘက် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၃၃၂ ပေမြင့်သော တောင်ကြားတွင်တည်ရှိသဖြင့် ရာသီဥတုမှာ အထူးပင်သာယာအေးမြ ...

နေပြည်တော်မြို့

နေပြည်တော် သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်း ...

နောင်ချိုမြို့

နောင်ချိုမြို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင်ပါဝင်သည်။ နောင်ချိုမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။

နွားထိုးကြီးမြို့

သက္ကရာဇ်၇၆၃ခုနှစ်၊ အင်းဝပထမ မင်းကြီးစွာဆော်ကဲ လက်ထက်တွင်" နွားဓိုရ်” ရွာ အဖြစ်တည်ရှိကြောင်း၊ ရှင်ပင်သာဒွန်းဦးဘုရားမော်ကွန်းကျောက်စာအရ" နွားဓိုရ်” ဟူသည် နွား=နွား+ဓိုရ်=ဓူဝ=အလေ့အကျင့်၊ နွားများကို ထိန်းကျောင်းလေ့ကျင့်သော ရွာဟု ခေါ်ဝေါ်ကြောင်း သုတေ ...

ပင်းတယမြို့

ရှမ်းပြည်နယ် ပင်းတယမြို့သည် သံလွင်၏ မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းသော မြစ်ဝှမ်း၌တည်ရှိသည်။ ပင်းတယမြို့၏ အရှေ့ဘက်ပိုင်းတွင် ကုန်းမြင့်လွင်ပြင်ကြီး ဖြစ်လျက်ရှိသည်။ ပေကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ ကျော်မြင့်သ ...

ပခုက္ကူမြို့

ပခုက္ကူမြို့ သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး၊ တိုင်းဒေသကြီး၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ သို့ရာတွင် တိုင်းဒေသကြီး၏ မြို့တော်မှာကား မကွေးမြို့ ဖြစ်ပေသည်။ ပခုက္ကူမြို့မှာ ဧရာဝတီမြစ် အနောက်ဖက်ကမ်းတွင် ...

ပင်လယ်ဘူးမြို့

ပင်လည်ဘူးမြို့ သည် ကသာခရိုင်၊ ကောလင်းနယ်အတွင်းရှိ ပင်လည်ဘူးမြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။ ယင်းမြို့ကို တည်ထောင်ရန် မြေရှင်းသောအခါ ကြက်ဖတစ်ကောင်ကို တွေ့ရှိရာမှ အစပြု၍ ရှမ်းဘာသာဖြင့် ပင်ကယ်ဗူးမြို့ ဟု မှည့်ခေါ်သည်။ အဓိပ္ပာယ်မှာ ကြက်ပျံ၍ မကျသောမြို့ ...

ပင်လုံမြို့

ပင်လုံမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ မြန်မာ့သမိုင်းဝင် ပင်လုံညီလာခံ ကျင်းပခဲ့ရာနေရာနှင့် ပင်လုံစာချုပ်တို့ ချုပ်ဆိုခဲ့သည့် မြို့ဖြစ်သည်။

ပန်းတနော်မြို့

ပန်းတနော်မြို့ သည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ပန်းတနော်မြို့နယ်သည် ၄၈၃ စတုရန်းမိုင် ကျယ်၍ ဧရာဝတီမြစ်မှ ဖြာထွက်နေသော မြစ်ခွဲကလေးပေါင်း များစွာသည် မြို့နယ်အတွင်း ပိုက်ကွန်သဖွယ် ဖြတ်သန်းစီးဆင်းနေသည်။ တစ်မြို့နယ ...

ပန်းတောင်းမြို့

ပန်းတောင်းမြို့ သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏ လက်ျာကမ်းပေါ်တွင် တည်ရှိပြီးလျှင် ပြည်မြို့၏တောင်ဘက် ၉ မိုင်ဝေးသည်။ မြန်မာပြည်မမှ ရခိုင်တိုင်းသို့သွားရာ ကုန်းကြောင်းခရီးဖြစ်သော တောင်ကုတ်တောင်ကြားလမ်းကို ပန် ...

ပန်းဘဲတန်းမြို့နယ်

ပန်းဘဲတန်းမြို့နယ် သည် ရန်ကုန်မြို့လယ်၏အလယ်ပိုင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့၏အကြီးဆုံးဈေးများဖြစ်သောဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေးတို့သည် ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း ခုရှိသည်။ ပန်းဘဲတန်းမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံ ...

ပလက်ဝမြို့

ပလက်ဝမြို့ သည် ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီခရိုင်တွင် ပါဝင်သည့် ပလက်ဝမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတောင်တန်းများမှ မြစ်ဖျားခံ၍ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားသော ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် ပလက်ဝမြို့ တည်ရှိသည်။ ကုလားတန်မြစ်ကြောင်းအတ ...

ပလမြို့

ပလမြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပုလောမြို့နယ်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ ယခင်က ပုလောမြို့နယ်ရှိ ရွာတစ်ရွာဖြစ်ပြီး ယခုအခါ တိုကျေးရွာ အုပ်စုတွင် သင်္ကန်း တောရွာ၊ တန်းရှင်းရွာ၊ ပိတပ်ရွာ၊ တိုကျေးရွာ ရွာအနက်မ ...

ပလိပ်မြို့

ပလိပ်မြို့ သည် "မြို့ ပုဂံ၊ ရွာ ပလိပ်"ဟူသော စာဆိုနှင့်အညီ ပလိပ်ရွာသည် မန္တလေးမြို့ အနီး၊ မြစ်ငယ်မြစ်ဘေးတွင် တည်ရှိသည်။ ရှေးယခင် ဘုရင်မင်းများ လက်ထက်တွင် စည်ပင်သာယာခဲ့သော မြစ်ဆိပ်ကမ်း ရွာလေးပင်ဖြစ်သည်။ ပလိပ်သည် အမရပူရခေတ်တွင် အစည်ကားဆုံး ဖြစ်ခဲ့သည ...

ပလောက်မြို့

ပလောက်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပုလောမြို့နယ်တွင်ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ယခင်ပုလောမြို့နယ်၏ ရပ်ကွက် ခု၊ကျေးရွာအုပ်စု ခု၊ ကျေးရွာ ခွဲ ရွာ၊ အိမ်ခြေ ၊ အိမ်ထောင်စု ၊ လူဦးရေ ဦးဖြင့် ပုလ ...

ပုဇွန်တောင်မြို့နယ်

ပုဇွန်တောင်မြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင ...

ပုဏ္ဏားကျွန်းမြို့

ပုဏ္ဏားကျွန်းမြို့ သည် စစ်တွေခရိုင်အလယ်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်သည် ကုလားတန်မြစ်နှင့် မယူမြစ်တို့အကြား ကျဉ်းမြောင်း ရှည်လျားသော မြို့နယ်ဖြစ်၍ ၇၀၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပုဏ္ဏားကျွန်းမြို့နယ် ...

ပုလောမြို့

ပုလောမြို့ သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ မြောက်ဘက်အစွန်ဆုံးကျသော ပုလောမြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ထားဝယ်ခရိုင် နယ်နိမိတ်နှင့် ပုလောမြို့နယ်သည် စပ်လျက်ရှိသည်။ ပုလောမြို့နယ်သည် မူလက တိုက်နယ်ကလေးမျှသာ ဖြစ်သော်လည်း သတ္တုလုပ ...

ပုလဲမြို့

ပုလဲမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ပုလဲမြို့နယ်၏ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ ဖြစ်သည်။ ပုလဲမြို့သည် ယင်းမာပင်မြို့ ၏တောင်ဘက် မိုင်အကွာတွင် တည်ရှိပါသည်။ ပုလဲမြို့ ...

ပုသိမ်မြို့

ပုသိမ်မြို့ သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင် ...

ပူတာအိုမြို့

ပူတာအိုမြို့ သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး ခရိုင်မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ-၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမြို့မှ မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆ ...

ပေါက်ခေါင်းမြို့

ပေါက်ခေါင်းမြို့ သည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပြည်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိ၍ ၂၄ မိုင် ကွာဝေးသည်။ ပေါက်ခေါင်းမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆၉၄ မိုင်မျှ ရှိ၍ လူဦးရေမှာ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ ...

ပေါက်တောမြို့

ပေါက်တောမြို့ သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့် အကွာတွင် ရှိသော ကုလားတန်မြစ် ၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်သည် စတုရန်း ၄၉၆ မိုင် ကျယ်ဝန်းသည်။ စစ်တွေမှ မင်းပြားမြို့သို့ သွာ ...

ပေါက်မြို့

ပေါက်မြို့နယ်သည် ပခုက္ကူခရိုင်၏ အလယ်တွင် ရှိ၍ စတုရန်းမိုင် ၉၁၀ ကျယ်ဝန်းသည်။ ပေါက်မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇,၂၈၆ ဦး ဖြစ်သည်။ မြို့နယ်၏ တစ်ဘက်တစ်ချက်တွင် တောင်ကုန်းတောင်တန်းများ ရှိ၍ မြို့နယ်၏ မြေမျက်နှာပြင်သည် ညီညာပြန့် ...

ပေါင်မြို့

ပေါင်မြို့ သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပေါင်မြို့နယ်သည် သထုံမြို့နယ်၏ တောင်ဘက်ကျ၍ သံလွင်မြစ်နှင့် မုတ္တမပင်လယ်ကွေ့ ကြားတွင် တည်ရှိသည်။ ပေါင်မြို့နယ်၏ အလယ်မှ တောင်နှင့်မြောက် သွယ်တန်းနေသော မုတ ...

ပေါင်းတည်မြို့

ပေါင်းတည်မြို့ သည် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းနှင့်ရထားလမ်းပေါ်တွင်တည်ရှိသည်။ မြောက်လဒ်တီကျု ၁၈ ဒီဂရီ ၂၈ မိနစ် မှ ၇၂ မိနစ်အကြား အေ့ရှလောင်ဂျီကျု ၉၅ ဒီဂရီ ၂၃ မိနစ်မှ ၁၂မိနစ် ကြားတွင်တည်ရှိသည်။ ပေါင်းတည်မြို့သည် ပြည်ခရိုင်အတွင်း အရှေ့တောင်ဘက်တွင် ...

ပဲခူးမြို့

ပဲခူးမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အမှတ် ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအား ဖြင့် ၅၃ ကီလိုမီတာ ကွာဝေးသည်။ ရှေးအခါက ဟံသာဝတီ ဟူ ...

ပျဉ်းမနားမြို့

ပျဉ်းမနားမြို့ သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော ပျဉ်းမနားမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပျဉ်းမနားနယ်တွင် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့ ပါဝင်သည်။ ပျဉ်းမနားမြို့သည် ငလိုက်ချောင်း၏ တောင်ဘက်ကမ်း၊ ပဲခူးရိုးမ၏ မြောက်ဘက် တော ...

ပျော်ဘွယ်မြို့

ပျော်ဘွယ်မြို့ သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း ပါဝင်သော ပျော်ဘွယ်မြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၂၀၈ မိုင်အကွာတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းပေါ်တွင် ရ ...

ပြင်ဦးလွင်မြို့

ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ ...

ပြည်မြို့

ပြည်မြို့ သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ပြည်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်း၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း မိုင်၊ မီးရထား ...

ပွင့်ဖြူမြို့

ပွင့်ဖြူမြို့ သည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်၍ မုန်းမြစ် လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မင်းဘူး - ဆိပ်ဖြူ ကားလမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့၏ မြောက်ဘက် မိုင်ဝေးသည်။ မြို့၏ အကျယ်အဝန်းမှာ အရှေ့မှအနောက်သို့ ဖာလုံ၊ တောင် ...

ဖလမ်းမြို့

ဖလမ်းမြို့ သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ ချင်းပြည်နယ်၏ မြို့တော်ဖြစ်ကာ ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ မြို့ ဖြစ်သည်။ အင်္ဂလိပ်အစိုးရ လက်ထက်ကလည်း ဖလမ်းမြို့သည် ချင်းတောင်ဒေသကို အ ...

ဖာပွန်မြို့

ဖာပွန်မြို့ သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း၌ တည်ရှိသော ဖာပွန်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ ယခင်က တနင်္သာရီတိုင်း၊ သံလွင်ခရိုင်၏ ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကရင်ပြည်နယ်ကို ခွဲခြားသတ်မှ ...

ဖားကန့်မြို့

ဖားကန့်ဟူသောစကားသည် ရှမ်းဘာသာစကား ဖာ − ကျောက်ဖျာ၊ ကန့် − ပြိုကျခြင်း မှ ဆင်းသက်လာပြီး ကျောက်ဖျာပြိုကျသည့်နေရာ ဟု ဆိုနိုင်သည်။ ဖားကန့်၏ ပထမဆုံးတည်ရာမှာ အောင်မင်္ဂလာရွာ ဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် ဦးပူလွယ်ဟိန်းနှင့် အဖွဲ့သား ၆ ဦးတို့က မျောက်ဖြူချောင်း ...

ဖောင်းပြင်မြို့

ဖောင်းပြင်မြို့ သည် အထက်ချင်းတွင်းခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိပြီးလျှင် မော်လိုက်မြို့မှ မြောက်ဘက် ၇၈ မိုင်ဝေး၍ ဟုမ္မလင်းမြို့မှ တောင်ဘက် ၆၄ မိုင်ဝေးသည်။ ဖောင်းပြင်မြို့န ...

ဖျာပုံမြို့

ဖျာပုံမြို့ သည် အခြားအောက်မြန်မာနိုင်ငံမြို့ရွာများ နည်းတူ မွန်တို့ဒေသဖြစ်ခဲ့ဖူးသည်။ရှေးအခါမွန်တို့တန်ခိုးထွားစဉ်က ဟံသာဝတီမွန်နေပြည်တော်၏ အုပ်ချုပ်မှုတွင်ရှိခဲ့ပြီး အနောက်ဖက် ပုသိမ် ၃၂ မြို့တွင်အပါအဝင်ဖြစ်သည်။ ဖျာပုံဟူသောအခေါ်အဝေါ်မှာ မွန်ဘာသာစကာ ...

ဗန်းမောက်မြို့

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင်ရှိပါသည်။ ၎င်းဒေသတွင် တိုင်းလျှမ်ရှမ်းနီ လူမျိုး၊ ကနန်းလူမျိုး၊ ကဒူးလူမျိုးများ နေထိုင်ကြပါသည်။ မိရိုးဖလာအားဖြင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန် ...

ဗန်းမော်မြို့

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့် ဗန်းမော် သည် မြို့တော်မြစ်ကြီးနား၏ တောင်ဘက် ၁⁠၁၅ မိုင် အကွာတွင် တည်ရှိကာ၊ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။ တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာမှ ၅၃ မိုင် ကွာဝေးပါသည်။ K ...