ⓘ Free online encyclopedia. Did you know? page 195

သန်လျင်မြို့

သန်လျင်မြို့ သည် ဟံသာဝတီခရိုင်၊ သန်လျင်နယ်နှင့် သန်လျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်ခဲ့ရုံမက ၁၉၅၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ဟံသာဝတီခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။ ယခု ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က ...

သပိတ်ကျင်းမြို့

သပိတ်ကျင်းမြို့ သည် မြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင်ပါဝင်သော သပိတ်ကျင်းမြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ ဝဲဘက်ကမ်းပေါ်၌ရှိသော သင်္ဘောဆိပ်မြို့ တစ်မြို့လည်းဖြစ်သည်။ မိုးပါးရေရှားရပ်ဝန်းဒေသ၏ မ ...

သရက်ချောင်းမြို့

သရက်ချောင်းမြို့ သည် မြန်မာနိုင်ငံ အောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင်ပါဝင်သော သရက်ချောင်းမြို့နယ်၏ရုံးစိုက်မြို့ဖြစ်သည်။ ထားဝယ်-မြိတ် မော်တော်ကားလမ်းပေါ်တွင်တည်ရှိ၍ ထားဝယ်မြို့မှ ၁၇ မိုင်ကွာဝေးသည်။ ထားဝယ်မြို့ထက် ပင်လယ်ကမ်းရိုးတန ...

သရက်မြို့

အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့ပြီးနောက် နယ်ခြားဈေးမြို့တစ်မြို့ ဖြစ်လာပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရာ အဓိကမြို့ဖြစ်လာပြီး ပြန်လည် စည်ကားလာခဲ့သည်။ ထိုစဉ်က နာမည်ကျော်ကြားခဲ့သော သရက်ထည် မှာ အိန္ဒိယ ကုန်သည်များ အိန္ဒိယတောင်ပိုင်းမှ သယ်ဆောင်လာသော ဆေးဆိုး ...

သာကေတမြို့နယ်

သာကေတမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သာကေတမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။ ပုဇွန်တောင်ချောင်းသည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင ...

သာစည်မြို့

သာစည်မြို့ သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အရေးပါသော မီးရထား လမ်းဆုံမြို့ဖြစ်သည်။ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် တည်ရှိသည်။ရထားလမ်းများဆုံရာ ဘူတာရှိရာ မြို့ဖြစ်ပြီး အချက်အချာကျသည်။

သာပေါင်းမြို့

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း၌တည်ရှိသော သာပေါင်းမြို့ သည် ငဝန်မြစ်၏ လက်ယာဘက်ကမ်းပေါ်၌တည်ရှိသည်။ ပုသိမ်မြို့မှမြောက်ဘက်သို့ ရေလမ်းခရီးအား ၂၅မိုင် ဝေးကွာသည်။ ပုသိမ်မြို့နှင့် ငသိုင်းချောင်းမြို့အကြား ငဝန်မြစ်ကမ်းပေါ်ရှိ သင်္ဘောဆိပ်မြို့တစ် ...

သာယာဝတီမြို့

သာယာဝတီမြို့ သည် သာယာဝတီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်မြြို့ဖစ်သည်။ ရန်ကုန်မြို့ ၏အနောက်မြောက်ယွန်းယွန်းတွင်တည်ရှိ၍ မီးရထားလမ်း အားဖြင့်ရန်ကုန်မှ ၆၈ မိုင်ဝေးကွာပြီးလျှင်မော်တော်ကား လမ်းအားဖြင့် ၇၈ မိုင်ဝေးကွာသည်၊ ရန်ကုန် ပြည်မီးရထား လမ်းနှင့်မော်တော် ...

သိန္နီမြို့

သန္နီမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ လားရှိုးမြို့၏ မြောက်ဖက် ၂၈ အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၁၀၀ ​ပေမြင့် သည်။

သီပေါနယ်

ရှမ်းစော်ဘွားများ အာဏာ မစွန့်လွှတ်မီ ကာလက သီပေါနယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း၏ နယ်ကြီးတစ်နယ်ဖြစ်သည်။ ထိုနယ်ကြီးသည် ၄၅၉၁ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ ၁ရ၉၉၆၄ ယောက်ရှိခဲ့သည်။ ထိုနယ်၏ နယ်နိမိတ်တို့မှာ မြောက်ဘက်တွင် ပတ္တမြားနယ်မ ...

သီပေါမြို့

ရှမ်းပြည်မြောက်ပိုင်းတိုင်း၊ ကျောက်မဲခရိုင် အတွင်းရှိ သီပေါမြို့သည်ရှမ်းစော်ဘွားများ အာဏာမ စွန့်လွှတ် မီက သီပေါနယ်ရှင်စော်ဘွားကြီး၏ ရုံးစိုက်ရာမြို့ဖြစ်လေသည်။ ရှမ်းစော်ဘွားများ အာဏာ စွန့်ပြီးနောက်တွင် သီပေါနယ်သည်နယ်ပိုင်အအုပ်အချုပ်ခံဖြစ်လာ၍ သီပေါ ...

သုံးခွမြို့

သုံးခွမြို့ သည် ရန်ကုန်တိုင်းဒေသကြီး တွင် ပါဝင်သော မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ ချောင်း သုံးချောင်းဖြစ်သော မှော်ဝန်းချောင်း၊ ဥက္ကံချောင်းနှင့် နိယောချောင်းတို့၏ ဆုံရာ အဝတွင် တည်ရှိခြင်းကြောင့် သုံးခွမြို့ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ သန်လျင်မြ ...

သုံးဆယ်မြို့

သုံးဆယ်မြို့ သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ သာယာဝတီမြို့သည် သုံးဆယ်မြို့နှင့်နှစ်မိုင်မျှသာကွာဝေး၍ ခရိုင်နှင့်မြို့နယ်ရုံး စိုက်ရာမြို့ဖြစ်သော်လည်း သုံးဆယ်မြို့လောက် မစည်ကားချေ။ သုံး ...

သဲကုန်းမြို့

သဲကုန်းမြို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ ပြည်ခရိုင်ပေါင်းတည် ခရိုင်ခွဲ၏အနောက်ပိုင်းရှိ သဲကုန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထား လမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မှ ၁၄၁ မိုင်၊ ပြည်မှ ၁၉ မိုင်ကွာဝေးလေ သည်။ သဲကုန်းမြို့၏ ...

သံတောင်မြို့

သံတောင်မြို့ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပါဝင်သည့် တောင်ပေါ်အပန်းဖြေ မြို့ငယ်တစ်ခု ဖြစ်သည်။ ယခင်က ကယားပြည်နယ်တွင်ပါဝင်သော သံတောင်မြို့သည် ရှေးယခင်က တောင်ငူခရိုင်တွင်တစ်ခုတည်းသော တောင်စခန်းမြို့ဖြစ်၍ တောင်င ...

သံတွဲမြို့

သံတွဲမြို့ သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်၍ သံတွဲမြစ်ဝမှအရှေ့တောင်ဘက် ၁၅ မိုင်အကွာ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပင်လယ်ကမ်းခြေမှ အရှေ့ဘက် စူးစူးဆိုလျှင်လေးမိုင်နှင့် ငါးမိုင်ကြားလောက်သာ ဝေးသည်။ မြို့သည် တောင်ကုန်းမျာ ...

သံဖြူဇရပ်မြို့

အောက်မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ယခင်မော်လမြိုင်အတွင်းရှိ သံဖြူဇရပ်မြို့ သည် မော်လမြိုင်-ရေး မီးရထားလမ်း၊ မော်လမြိုင်-ကျိုက္ခမီ မော်တော်ကားလမ်း၊ မော်လမြိုင်-ရေး မော်တော်ကားလမ်းတို့ ဆုံရာ၌ တည်ရှိသည်။ မော်တော်ကားလမ်းအားဖြင့် မော်လမြိုင်မြို့သို ...

ဟင်္သာတမြို့

ဟင်္သာတခရိုင်၏ ရုံးစိုက်မြို့ဖြစ်ခဲ့၍ ယခု ဟင်္သာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သော ဟင်္သာတ မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ အောက်မြန်မာနိုင်ငံတွင် အရောင်းအဝယ် စည်းကားဖွံ့ဖြိုးသော မြို့ကြီးတမြို့ဖြစ်သည့်ပြင် အရေးပါသော ဧရာဝတီမြစ်ဆ ...

ဟားခါးမြို့

ဟားခါးမြို့ သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ မြောက်ပိုင်းတွင် တည်ပြီး ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ်၏ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။ ထိုမြို့သည် ဖလမ်းမြို့နှင့်မတူပီမြို့တို့အကြား၌တ ...

ဟိုပင်မြို့

ဟိုပင်မြို့ သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ပါဝင်သည့် မြို့အဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ ၇၄၅ မိုင် ကွာဝေးသည်။ အင်းတော်ကြီးကန ...

ဟိုပုံးမြို့

 ဟိုပုံးမြို့ သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း၌ တည်ရှိသည်။ ဟိုပုန်းဟု အရေးကွဲရှိသည်။ ဟိုပုံးမြို့နယ်တွင်ဟိုပုန်းမြို့တည်ရှိသည်။ ဟိုပုန်းမြို့သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြ ...

ဟုမ္မလင်းမြို့

ဟုမ္မလင်းမြို့ သည် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် အတွင်း ပါဝင်ခဲ့၍ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် ကင်းတပ်မြို့မှ မိုင် ၁၃ဝ အကွာ၌ တည်ရှိသည်။ မိုးအခါတွင်ချင်းတွင်းမြစ် တစ်လျှောက် မီးသင်္ဘောများသည် ဟုမ္မလင်း အထိ ဆန်တက် နိုင်ပေသည်။ မြစ်လမ်းအားဖ ...

ဟဲဟိုးမြို့

ဟဲဟိုးမြို့ သည် မြန်မာနိုင်ငံ၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် တည်ရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ရာ အင်းလေးဒေသရှိ လေဆိပ် တည်ရှိရာ မြို့လည်း ဖြစ်သည်။စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်၊၊အာလူး၊ကြက်သွန်ဖ ...

အင်းစိန်မြို့နယ်

အင်းစိန်မြို့နယ် သည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊တောင်ဘက်တွင်မရမ်းကုန်းမြို့နယ်တို့ တည်ရှိသည်။ အ ...

အင်းတော်မြို့

အင်းတော်မြို့ သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းအားဖြင့် ၂ဝ၆ မိုင် ဝေးကွာသည်။ ရှေးက အင်းတော်မြို့ကို မန်လည်ဟုလည်း ခေါ်တွင်ခဲ့လေသည် ...

အင်္ဂပူမြို့

အင်္ဂပူမြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းတွင် တည်ရှိပြီး အင်္ဂပူမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ငဝန်မြစ်အတွင်းသို့ စီးဝင်သော ကညင်ချောင်း၏ လက်ယာဘက်ကမ်းပေါ်၌ တည်ရှိသည်။ ဟင်္သာတ-ကြံခင်း မီးရထားလမ်းမြို့တစ်မြို့ ဖြစ်ပြီးလျှင် ဟင်္သာတ ...

အမ်းမြို့

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ အမ်းမြို့သည် အမ်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရှိလင့်ကစား၊ အမ်းတောင်ကြားလမ်းကို အကြောင်းပြု၍ ပြည်မဘက်ရှိ မြို့နယ် ခရိုင်များနှင့် ပို၍အဆက်အသွယ်များသည်။ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမှ သင်္ဘောဖ ...

အရာတော်မြို့

အရာတော်မြို့ သည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်တွင် ပါဝင်ပြီး အရာတော်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မုံရွာမြို့၏အရှေ့မြောက်ဘက် ၂၇ မိုင် အကွာတွင်တည်ရှိ၍ မုံရွာမှ မော်တော်ကားလမ်း ရှိသည်။ မိုးနည်းရေရှား ...

အလုံမြို့နယ်

အလုံမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ဖက်ခြမ်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းတွင် တည်ရှိသည်။ စုစုပေါင်း ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဖက်တွင် စမ်းချောင်းမြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ် အနောက်ဖက်တွင် ရန်ကုန်မြစ် အရှေ့ဖက်တွင် ဒဂုံ ...

အိမ်မဲမြို့

အိမ်မဲမြို့ သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌တည်ရှိ၍ အိမ်မဲမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြောင်းမြမြစ်နှင့် ဒါးကမြစ်တို့ကို ဆက်သွယ်နေသော အိမ်မဲချောင်း၏ အရှေ့ဘက်ကမ်း၌ တည်ရှိလေသည်။ ထိုမြို့သည် အရှေ့နှင့်အနောက် နှစ်ဖာလုံခွဲ၊ တောင်နှင့်မြောက် တစ်မိုင ...

အုတ်တွင်းမြို့

အုတ်တွင်းမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်းရှိ အုတ်တွင်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်၌တည်ရှိ၍ တောင်ငူမြို့၏ တောင်ဘက် ကိုးမိုင်၊ စစ်တောင်းမြစ် အနောက်ဘက် ၁ ၁/၂ မိုင် အကွာတွင် တည်ရှိလေသည်။ အုတ်တွင ...

အောင်လံမြို့

အောင်လံမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အတွင်းရှိ အောင်လံမြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်။ အောင်လံမြို့သည် မကွေးတိုင်းဒေသကြီးအတွင်းတွင် တောင်ဘက်အစွန်ဆုံးမြို့ ဖြစ်သည်။

ကညင်တန်းရွာ၊ ကညင်တန်း(ခ)အလယ်သံကျော်ကညင်တန်း

ကညင်တန်းရွာ၊ ကညင်တန်းအလယ်သံကျော်ကညင်တန်း ကညင်တန်းကျေးရွာစုထဲမှာ ဒိုးတန်းရွာ နှင့် နှာခေါင်တိုးရွာလေး ဟူ၍ ၂ ရွာလည်းပေါင်းစပ်လျက်ရှိနေသည်။ မောင်တောမြို့နဲ့ ၁၂ မိုင်လောက် အကွာအဝေး မောင်တောတောင်ပိုင်မှာ တည်ရှိနေပါသည်။ လူဦးရေးပေါင်း ၂၅၀၀ ဝန်းကျင်လောက် ...

ကံဘဲ့

ကံဘဲ့ကျေးရွာ သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည်။ ခရမ်းမြို့အရှေ့ဘက် ၅.၇၁ ကီလိုမီတာ အကွာ တွင်တည်ရှိပြီး စုစုပေါင်းဧရိယာ ၁၁.၄၈ စတုရန်း ကီလိုမီတာ ရှိသည်။ ကံဘဲ့ကျေးရွာသည် ရွာကြီးတစ်ရွာဖ ...

ကံသုံးဆင့်ရွာ

ကံသုံးဆင့်ရွာ ရွာသည် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ယိုးချောင်း၏ လက်ယာဘက် ပန်းဖဲချောင်း လက်တက်တွင် တည်ရှိသော မြိုလူမျိုးတို့နေထိုင်သော ကျေးရွာ တစ်ရွာဖြစ်သည်။ သမိုင်းတွင် ဓညဝတီမြို့၏ ကိန်းခန်း ကုန်သောကြောင့် သိမာနဒီ မည်သော သရေချောင်း လကျ်ာ ကမ် ...

ကျီးနှစ်ပင်ရွာ၊ ကျီးနှစ်ပင်

ကျီးနှစ်ပင်ကျေးရွာ သည် ဖျာပုံခရိုင် ဖျာပုံမြို့နယ်၊ ကျီးနှစ်ပင်ကျေးရွာအုပ်စုတွင် ပါဝင်သည်။လယ်ယာစိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းကိုအဓိကလုပ်ကိုင်အသက်မွေးသည်။ဖျာပုံမြို့မှတစ်ဆင့် စက်လှေဖြင့် မိနစ် ၃၀၊ ၄၅ မိနစ်ခန့်သွားရောက်ရသည်။ဆိုင်ကယ်လမ်းရှိသော်လဲ ...

ကြက်ရိုးပြင်ရွာ

ကြက်ရိုးပြင်ရွာ ၂၀၁၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက် နံနက် ရ နာရီခန့်၌ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှုများကြောင့် တပ်မတော်စစ်ကြောင်းမှ မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာသို့ ရောက်ရှိရှင်းလင်းစ ...

ကွမ်းတောင်ရွာ၊ ကွမ်းတောင်

ကွမ်းတောင်ရွာ သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စံပြကျေးရွာတစ်ရွာ ဖြစ်သည်။ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသဖြင့် သွားလာရ လွယ်ကူသည်။ အိမ်ခြေ ၇၃၀ ကျော်ရှိပြီး ‌အဓိက စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးနှင့် ပင်လယ်ရေထွက်သားကောင်များ မွေးမြူရောင်းချခြင ...

စွန်ရဲရွာ

စွန်ရဲအင်းနှင့် စွန်ရဲရွာသည် မြန်မာရာဇဝင် သမိုင်းလေ့ လာမှုတွင် အရေးပါသော နေရာများဖြစ်သည်။ ကျောက်ဆည်ခရိုင် မြေပြန့်၏ အရှေ့မြောက် အစွန်ဆုံးတောင်ကုန်းတို့၏ အခြေတွင် တည်ရှိသော စွန်ရဲအင်းသည် ဘဲလင်းဘူတာ၏ အရှေ့စူးစူး ၆ မိုင်ကွာ လောင်ဂျီတွဒ် ၉၆ ံ၁၂ နှင့် ...

ဆယ်အိမ်တန်း

ဆယ်အိမ်တန်း ဆယ်အိမ်တန်းကျေးရွာကို ဖြတ်သန်းတည်ရှိနေသော ဆယ်အိမ်တန်းကမ်းခြေတည်ရှိသည်။ ဆယ်အိမ်တန်းကမ်းခြေကို ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသည်။ ၂၀၁၇-ခုနှစ် နှစ်ဆန်းပိုင်းမှ လူသိပိုများလာသည်။ ဆယ်အိမ်တန်းကမ်းခြေမှာ ရေသေရက်ရောက်လ ...

တလုတ်ထော်

တလုတ်ထော် မြို့သည်ယခင်ကကျေးရွာအုပ်စုဖြစ်ပြီး2016ခုနှစ်တွင်ရပ်ကွက်ကြီး5ခု နှင့်ြမို့အဖြစ်ပြောင်းလဲခြထားပေးခဲ့သည်ယ္ခင် နှစ်ပေါင်းတစ်ရာ့သုးံ ဆယ့် ငါး နှစ်ကတစ်ကြိမ်မြို့အဖြစ်ရာထားခဲ့ သည်နနှစ်ပေါင်းခြောက်ဆယ်ကျော်က ကောင်စီလက်ထက်တွင်မြို့အဖြစ်ဖန်တီးရန်အ ...

တောင်မင်းကုလားရွာ

တောင်မင်းကုလားရွာ သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ယိုးချောင်းဒေသတွင် တည်ရှိသော မြိုလူမျိုးကျေးရွာတစ်ခု ဖြစ်သည်။ တောင်မင်းကုလားကျေးရွာသည် အုပ်စုကိုင်ကျေးရွာ တစ်ရွာ ဖြစ်ပြီး အိမ်ခြေ ၂၇၀ ဝန်းကျင်ခန့်ရှိသည်။ အင်္ဂလိပ် - မြန်မာစစ်ပွဲ မဖြစ်မှီ ၁၉ ...

ဒါးကရွာ၊ ဒါးက

ဒါးကရွာ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ရွာတစ်ရွာ ဖြစ်သည်။ ပုသိမ်မြို့၏ မြောက်ဘက် ၂၂မိုင်၄ဖာလုံအကွာတွင် တည်ရှိသော တိုက်နယ်အဆင့် ရွာကြီးဖြစ်သည်။ အိမ်ခြေ ၁၅၀၀ ဝန်းကျင်ခန့်ရှိသည်။ ရေလမ်း ရထားလမ်း ကားလမ်းအားလုံး ဆုံသည ...

နန်းချောင်း (အထက်)ရွာ၊ နန်းချောင်း

နန်းချောင်း ရွာ၊ နန်းချောင်း နန်းချောင်းသည် ကျေးရွာအုပ်စုဖြစ်ပြီး နန်းချောင်း အောက်၊ချောင်းတစ်ဖက်ကမ်း၊အလယ်ပိုင်း၊နန်းချောင်း အထက်၊သုံးပင်ဆိုင်၊ရွာမ၊နန်းရာကုန်း) အားလုံးပေါင်း၍ နန်းချောင်းကျေးရွာ ဟုခေါ်သည်။ရှေးဘုရင် ယာယီနန်းစိုက်ခဲ့သော နန်းရာကုန်း ...

ပသီ (အနောက်)

ပသီအနောက်ကျေးရွာ သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝအုပ်စု အရှေ့ဘက်တွင် တည်ရှိသည်။ ကရင်လူမျိုး အများဆုံးနေထိုင်ပြီး အခြားသောတိုင်းရင်းသားများလည်းရှိသည်။ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်ကြသည်။ စီးပွားရေးမှာ လက်လုပ်လက်စာ ...

ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ

ပုဇွန်ဖြေ ရွာ၊ ပုဇွန်ဖြေ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာတစ်ခု ဖြစ်သည်။ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ‌ချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများပြိုကျလာသဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပုဇ ...

ဘော်ကြိုရွာ

ဘော်ကြိုရွာ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပါဝင် တည်ရှိသည်။ ဘော်ကြိုရွာသည် သီပေါနှင့် ကျောက်မဲအကြားတွင် ရှိ၍၊ မန္တလေး-လားရှိုး မီးရထားလမ်းနှင့် မော်တော်ကားလမ်းသည် ဘော်ကြိုရွာကြီးကို ဖြတ်သန်းသွားသည်။ ဘော်ကြိုရွာ၏ အ ...

မြိုင်ဟေဝန်ဆင်စခန်း

ဆင်စခန်း မြိုင်ဟေဝန်ဆင်စခန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံကြိုးဝိုင်းတွင် တည်ရှိ၍ ဖလုံကျေးရွာမှ ၁၂မိုင်၊ ရန်ကုန်မြို့မှ ၇၂ မိုင်ကွာဝေးသည်။ ဆင်စခန်းငယ်တစ်ခုဖြစ်ပြီး ယင်းအား ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စခန်း ဧရိယာအကျယ်အဝန်း ...

ဝင်းဇားရွာ

ဝင်းဇားရွာ သည် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် တွင်ပါဝင်သော ဝင်းဇားအုပ်စုဖြစ်သည်။ ဝင်းဇားရွာသည် မင်းပြားမြို့မြောက်ဘက်၏ ၆ မိုင် အကွာ၌ရှိပြီး လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်း ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမအောက် ၁မိုင်အကွာတွင်တည်ရှိသည ...

ဝပိတ်ရွာ၊ ကျီးကန်းပြင်

ဝပိတ်ရွာ၊ ကျီးကန်းပြင် ၂၀၁၆-ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ...