ⓘ Free online encyclopedia. Did you know? page 190

ဂန့်ဂေါမြို့

ဂန့်ဂေါမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ နှင့် ဂန့်ဂေါမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ဂန့်ဂေါနယ်မှာ ပခုက္ကူခရိုင်၏ အနောက် မြောက်ဘက်နယ်ဖြစ်၍ အရှေ့ဘက်၌ပုံတောင်၊ အနောက်ဘက်၌ ချင်းတောင်တို့၏ စပ်ကြားတွင် တည်ရှိသော ကျဉ် ...

ဂွမြို့

ဂွမြို့ သည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ် သံတွဲခရိုင်၏တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။ ဂွမြစ်၏ လက်ယာဘက်ကမ်းတွင် တည်ရှိ၍ ဂွမြို့ဟု ခေါ်သည်။ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်ခြေ၊ အနောက်ဘက်တွင် ဘင်္ဂလာ ...

ငပုတောမြို့

ငပုတောမြို့ သည် မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အနောက်တောင်စွန်းရှိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှတောင်ဘက်သို့ ၁၆ မိုင် ကွာဝေး၍ ငဝန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့ပိုင်ရုံးစိုက်ရာ မြို့ဖြစ်၍ မြို့နယ်မှာ ၁၄၃၉ စတုရန်းမိုင် ကျယ်ဝန်း၏။ ...

ငဖဲမြို့

ငဖဲမြို့ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရခိုင်ရိုးမတောင်ခြေရင်း မန်းချောင်းအနီးတွင် တည်ရှိ၍ မင်းဘူးမြို့မှ ကားလမ်းဖြင့် မိုင် ၄ဝ ခန့် ကွာဝေးသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၄,၀၆၅ ခန ...

ငသိုင်းချောင်းမြို့

ငသိုင်းချောင်းမြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲတစ်ခု ဖြစ်သည်။ ပုသိမ်မြို့ အရှေ့မြောက်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော ငဝန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်မှာ ၃၄၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၂၀၁ ...

ငါန်းဇွန်မြို့

ငဇွန်မြို့ သည် မြင်းခြံခရိုင်အတွင်း မြင်းမူမြို့နှင့် စစ်ကိုင်းမြို့တို့အကြား ဧရာဝတီမြစ်၏ တောင်ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့်အပြင် ငဇွန်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာလည်း ဖြစ်သည်။ တောင်ဘက်ရှိ မြို့သာမြို့နှင့် ကားလမ်း အ ...

ငါန်းမြာကြီးမြို့

ငါန်းမြာကြီးမြို့ သည် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ ငါန်းမြာဆေးရွက်ကြီးမှာ နာမည်ကျော်ကြားသည်။စည်ပင်ဈေး၊တိုက်နယ်ဆေးရုံ၊အထက်တန်းကျောင်းများ ပါရှိသည်။

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့ သည် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ဖြစ်ပြီး မန္တလေးမြို့၏ အနောက်တောင်ဖက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ဇေယျာပူရ ဇေယျာရွှေမြေအဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၀၀ ပြည့်နှ ...

စစ်တွေမြို့

စစ်တွေမြို့ သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအချက်အချာကျသည့်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် စစ်တွေခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ စစ်တွေမြို့သည် မြောက်လတ္တီတွဒ် ၂၀° ၈ အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄ အကြားတည်ရှိသည်။ မြိ ...

စဉ့်ကိုင်မြို့

စဉ့်ကိုင်မြို့ သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြို့နယ် အကျယ်အဝန်းမှာ ၈၂၅ စတုရန်းမိုင်ဖြစ်သည်။ ကျောက်ဆည်မြို့၏ မြောက်ဘက် ၁ဝ မိုင်မျှဝေး၍ မီးရထား လမ်းမြို့ တစ်မြို့ဖြစ်သည်။ မြို့ ...

စဉ့်ကူးမြို့

စဉ့်ကူးမြို့ သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ မန္တလေးမြောက်ဘက် မိုင် ၄ဝ အကွာ ဧရာဝတီမြစ်ပေါ်၌ တည်ရှိ၏။ စဉ့်ကူးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍၊ မြို့နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၈ဝဝ မျှ ...

စမ်းချောင်းမြို့နယ်

စမ်းချောင်းမြို့နယ် သည် ရန်ကုန်မြို့၏ မြို့လည်ခေါင်အနီးတွင်တည်ရှိသည်။ စမ်းချောင်းမြို့နယ်၏ အရှေ့ဖက်နှင့် မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ တောင်ဖက်တွင် ဒဂုံမြို့နယ် နှင့် အနောက်ဖက်တွင် ကြည့်မြင်တိုင်မြို့နယ် တို့တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း ၁၇ က ...

စလင်းမြို့

စလင်းမြို့ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မြောက်ပိုင်း၊ စလင်းမြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်၏။ စလင်းမြို့သည် ဧရာဝတီမြစ်မှ ၆ မိုင်ခန့် ကွာဝေး၍ စလင်းချောင်းတစ်ဖက်ကမ်းရှိ ပြန့်ပြူးညီညာသော မြေပြင်ပေါ်တွင် တည်ရှိသည်။ စလင်းမြို့မှ ခရိုင်ရုံးစိုက်ရာ ...

စလေမြို့

စလေမြို့ သည် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ ရေနံချောင်းနယ်တွင် ပါဝင်သည်။ မကွေးမြို့၏ အထက် ဧရာဝတီမြစ် အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ ချောက်မြို့၏ တောင်ဘက် မိုင်ခန့်သာ ဝေးသည်။ ညောင်ဦးမြို့မှ တောင်ဘက် ၃၄ မိုင်ကွာသည်။ ပြည်တွင်းသင်္ဘောဆိပ်မြို့ကလေး ...

စိန်လုံကဘား

ကချင်ပြည်နယ် အတွင်းရှိမြို့တစ်မြို့ဖြစ်သည်။ ဗန်းမော်မြို့ အရှေ့စူးစူး ၂၆ မိုင်ခန့်အရပ် တွင် တည်ရှိသည်။ ပေ ၆ဝဝဝ ကျော်မြင့်သော တောင်တန်းကြီးပေါ်တွင်နေ၍ ရာသီဥတုမှာ ချမ်းအေးလှသည်။ ကချင်တောင်တန်းများရှိ စော်ဘွားများအား ကြီးကြပ်အုပ်ချုပ်ရသော တောင်တန်းဝ ...

စေတုတ္တရာမြို့

စေတုတ္တရာမြို့ သည် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ စလင်းနယ်တွင် ပါဝင်၍ ဧရာဝတီမြစ်ကမ်းမှ ဝေးကွာသည့် အတွင်းဖက်ကျသော အရပ်တွင် တည်ရှိသည်။ စလင်းမြို့မှ ၃၆ မိုင်ခန့်ဝေးသည်။ စေတုတ္တရာမြို့သည် ရခိုင်ရိုးမတောင်၏ အရှေ့ ဖက် ဆင်ခြ ...

ဆင်ပေါင်ဝဲမြို့

ဆင်ပေါင်ဝဲမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်းတွင် တည်ရှိ၏။ မြန်မာမင်းများရှိစဉ်အခါက ဆင်ပေါင်ဝဲမြို့နယ်ကို မြေထဲစီရင်စုဟု ခေါ်ခဲ့သည်။ ဆင်ပေါင်ဝဲမြို့နယ်၏ နယ ...

ဆားလင်းကြီးမြို့

အောက်ချင်းတွင်းခရိုင်အပိုင် မြို့နယ်တနယ်ဖြစ်သည်။ ဆားလင်းကြီးမြို့သည် မုံရွာမြို့၏ တောင်ဘက်၊ ချင်းတွင်းမြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်အကျယ် အဝန်းမှာ စတုရန်းမိုင် ၂၉၆ မိုင်မျှ ဖြစ်သည်။ မြို့နယ်အတွင်း ဝါဂွမ်း၊ နှမ်း၊ ပဲ၊ ပြောင်း၊ ကုလားပ ...

ဆိပ်ကမ်းမြို့နယ်

ဆိပ်ကမ်းမြို့နယ် သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း ခုသာရှိပြီး မူလတန်းကျောင်း ကျောင်းနှင့် ဆေးရုံ ရုံ တည်ရှိသည်။ ဆိပ်ကမ်းမြို့နယ်သည် ၁၈ရာစု ရန်ကုန်မြို့တော်ပေါ်ပေါက်စဉ်က ရန်ကုန်မြို့၏ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး၊ ပြည်တွင်းပြ ...

ဆိပ်ကြီးခနောင်တိုမြို့နယ်

ဆိပ်ကြီးခနောင်တိုမြို့နယ် သည် ရန်ကုန်မြစ်၏ အနောက်တောင်ကမ်းပေါ်တွင် တည်ရှိသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၏ မြောက်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် တွံတေးတူးမြောင်း၊ အနောက်ဘက်နှင့် တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။ ဆိပ်ကြီးခနောင်တိုက မြန်မာ ...

ဆောမြို့

ဆောမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြို့နယ်၏ ကျယ်ဝန်းသောအပိုင်းမှာ ယောချောင်းမြစ်ဝှမ်းတွင် တည်ရှိ၏။ ဆောမြို့နယ်အတွင်း နေထိုင်ကြသော လူမျိုးများမှာ အများအားဖြင့် မြန်မာလူမျိုးများဖြစ ...

ဆွမ်ပရာဘွမ်မြို့

ဆွမ်ပရာဘွမ်မြို့ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့ အကြားတွင် တည်ရှိသည်။ မြစ်ကြီးနားမှ မြောက်ဘက် မိုင် ၈ဝ ခန့်ကွာဝေးသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် လွတ်လပ်ရေးကိုခုံမင်သော တောင်ပေါ်ကချင်လူမျိုးများက မက ...

ဇလွန်မြို့

ဇလွန်မြို့သည် ဧရာဝတီတိုင်းတွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်ပြီးဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ ခရိုင်၏ အရှေ့တောင်ဘက်ရှိ မြို့နယ်ဖြစ်၍၊ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ဟင်္သာတမြို့၏ အရှေ့တောင်တူရူ ၁၆ မိုင်ခန့် အကွာတွင ...

ဇီးကုန်းမြို့

ဇီးကုန်းမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဇီးကုန်းမြို့သည် ရန်ကုန် ပြည် မီးရထားလမ်းပေါ်၌ တည်ရှိ၍၊ ရန်ကုန်မြို့မှ ၁၁၆ မိုင်၊ ပြည်မြို့မှ ၄၅ မိုင်ကွာဝေးသည်။ ဇီးကုန်းမြို့၌ ဒေသန္တရအုပ်ချုပ်ရေးကို ...

ညောင်တုန်းမြို့

ညောင်တုန်းမြို့သည် မအူပင်ခရိုင်၊ ညောင်တုန်းနယ်အပိုင်၊ ညောင်တုန်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာအရပ်တွင် တည်ရှိ၍၊ မအူပင်မြို့၏ မြောက် ဘက်ကျသည်။ ညောင်တုန်းမြို့နယ်အပိုင်တွင် ညောင်တုန်းမြို့ နယ်နှင့် ဓနုဖြူမြို ...

ညောင်ရွှေမြို့

ညောင်ရွှေမြို့ သည် မြန်မာပြည်ရှမ်းပြည်နယ်တွင် အင်းလေးကန်နားရှိသောမြို့ဖြစ်သည်။ ညောင်ရွှေမြို့နယ်အတွင်း၌ပါဝင်သည်။ ရှမ်းပြည်နယ်တွင် နိုင်ငံခြားသားများ နှင့် ပြည်တွင်းခရီးသွားများ အလာများသော ခရီးသွားမြို့ဖြစ်သည်။ ညောင်ရွှေမြို့ ကို အဓိကရပ်ကွက် ရပ်ကွ ...

ညောင်လေးပင်မြို့

ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၂ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ...

ညောင်ဦးမြို့

မြင်းခြံခရိုင် တောင်ပိုင်း ပုဂံနယ်၏ ရုံးစိုက်မြို့ဖြစ်၍၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပုဂံနယ် တွင် ပုဂံမြို့နှင့် ကျောက်ပန်းတောင်းမြို့တို့ ပါဝင်ကြသည်။ မြို့၏ကျက်သရေမှာ ရွှေစည်းခုံစေတီတော်ဖြစ်လေသည်။ ညောင်ဦးမြို့၏ လူဦးရေ မှာ ၁၉၅၃-ခုနှ ...

တနင်္သာရီမြို့

တနင်္သာရီမြို့ သည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ရုံးစိုက်ရာမြို့ဖြစ်သည်။ တနင်္သာရီမြို့နယ်သည် တနင်္သာရီမြစ်ငယ်နှင့် မြစ်ကြီးဆုံရာအရပ်၌ တည်ရှိသည်။ မြို့နယ်၏နယ်နိမိတ်မှာမြောက်ဘက်၌ ပုလောမြို့နယ်၊ အရှေ့ဘက်၌ တနင်္သာရီမြစ်ငယ်၊ တောင်ဘက်၌ ဘုတ်ပြင်းမြို့ ...

တန့်ဆည်မြို့

တန့်ဆည်မြို့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင်တည်ရှိပြီး တန့်ဆည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ရေဦးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည် ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။ ရေဦးမြို့နယ ...

တန့်ယန်းမြို့

တန့်ယန်းမြို့ သည် တန့်ယန်းမြို့နယ်၏ အုပ်ချုပ်မှုရုံးများစိုက်ရာမြို့ဖြစ်ပြီး ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံတွင် တည်ရှိသည်။ တန့်ယန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၉၄၆ မီတာတွင် တည်ရှိသည်။

တပ်ကုန်းမြို့

တပ်ကုန်းမြို့ သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တွင် ပါဝင်သည့်တပ်ကုန်းမြို့နယ် ရုံးစိုက်ရာ မြို့ဖြစ်သည်။ နေပြည်တော် တပ်ကုန်းမြို့ ဟုလည်း ခေါ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ဆက်စပ်လူပ်ငန်းများဖြစ ...

တပ်တောင်မြို့

တပ်တောင်မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉၉/၂၀၁၅ ဖြင့် ဖွဲ့စည်းခဲ့သည်။ မြို့ဝန်ခေတ်က တပ်စွဲခဲ့၍ တပ်တောင်ဟု အမည်တွင်ခဲ့သည်။

တမန်သည်မြို့

တမန်သည်မြို့သည် မြန်မာနိုင်ငံ နာဂတောင်တန်းခရိုင်၊ ဟုမ္မလင်းခရိုင်ခွဲတွင် အပါအဝင် ဖြစ်သည်။ ယခင်က အထက် ချင်းတွင်းခရိုင် လေးခရိုင်ခွဲ၊ ဟုမ္မလင်းမြို့နယ်တွင် ရွာကြီး ၉ ရွာအပါအဝင် အခွန်တော်တိုက်နယ်တစ်ခုဖြစ်ခဲ့၏။ လွတ်လပ် ရေးရပြီးနောက်၊ တမန်သည်မြို့ကို ...

တမူးမြို့

တမူးမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည်။ အာသံပြည်၊ မဏိပူရနယ်နှင့် နီးကပ်စွာတည်ရှိ၏။ မဏိပူရနယ်၏ နယ်နိမိတ်နှင့် တစ်မိုင် သာသာခန့်ဝေးသဖြင့်၊ မြန်မာနိုင်ငံအဖို့ အရေးကြီးသောနယ်ခြာ ...

တာချီလိတ်မြို့

တာချီလိတ်မြို့ သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့သည် ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြား မဲခေါင်မြစ်ဆုံ တ ...

တာမွေမြို့နယ်

တာမွေမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို ...

တိုက်ကြီးမြို့

တိုက်ကြီးမြို့ သည် ရန်ကုန်မြို့၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အင်းစိန်ခရိုင် တိုက်ကြီးနယ်နှင့် တိုက်ကြီးမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်တွင် တည်ရှိ‌သောမြို့ ဖြစ်သည်။ ရန်ကုန်မြိ ...

တီးတိန်မြို့

တီးတိန်မြို့ သည် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တွင် တည်ရှိပြီး တီးတိန်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြောက်ဘက်၌ အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် ဆက်စပ်‌နေ၍ ‌တောင်ဘက်တွင် ဖလမ်းမြို့နယ်နှင့် ဆက်‌နေ၏။ အင်္ဂလိပ်အစိုးရလက်ထက်က လက်‌ထောက်နယ် ...

တောင်ကုတ်မြို့

တောင်ကုတ်မြို့ သည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ် သံတွဲခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး သံတွဲခရိုင်၏ စီးပွားရေးအချက်အချာကျသော မြို့လည်း ဖြစ်သည်။ ‌တောင်ကုတ်မြို့သည် သံတွဲခရိုင်၊ ‌တောင်ကုတ်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖ ...

တောင်ကြီးမြို့

တောင်ကြီးမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့တွင် လူဦးရေ ၂ သိန်းခွဲခန့်ရှိသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစု ...

တောင်ငူမြို့

တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ် ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ ...

တောင်တွင်းကြီးမြို့

တောင်တွင်းကြီးမြို့ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ‌တောင်တွင်းကြီးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့မှ အ‌ရှေ့ဘက် ၅၁မိုင် ကွာ‌ဝေးသည်။ ‌ပေလေးပင် သျှင်လေးပါး ‌ပေါ်ထွန်း‌သောမြို့ဟု မြန်မာစာ‌ပေ‌လောကတွင် ထင်ရှား ...

တောင်သာမြို့

မြင်းခြံခရိုင် ‌တောင်သာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ တောင်သာမြို့သည် သာစည်-မြင်းခြံ မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်၌ တည်ရှိ၍ မြင်းခြံမှ ၁၄ မိုင် ကွာ‌ဝေးသည်။ မြို့ပင်ငယ်‌သော်လည်း အ‌ရောင်းအဝယ် အလွန်စည်ကားသည်။ ထင်ရှား‌သော ထွက်ကုန်များမှာ ...

တောင်ဥက္ကလာပမြို့နယ်

တောင်ဥက္ကလာပမြို့နယ် သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်၏ မြောက်ဘက်တွင် မြောက်‌ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တောင်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်တို့ တည်ရှိ ...

တံတားမြို့

တံတားမြို့ သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မြို့တစ်ခုဖြစ်သည်။ ကျောက်တန်းမြို့၏အရှေ့ဘက် ၁၅ မိုင်အကွာတွင် တည်ရှိသည်။ ရပ်ကွက်ကြီး ၄ ခုသာရှိသော်လည်း ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းရှိသည်။ မူလတန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ...

တံတားဦးမြို့

တံတားဦးမြို့ သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပါဝင်ပြီး အင်းဝမြို့ဟောင်းအနီးတွင် တည်ရှိသည်။ တံတားဦးတွင် တည်ရှိသောရွာကို တံတားဦးရွာဟု ခေါ်ရာမှ မြို့ဖြစ်လာခြင်း ဖြစ်သည်။ တံတားဦးမြို့အနီးတွင် မြန်မာနိုင်ငံတွင် အကြီးဆုံးလေဆိပ်ဖြစ်သော မန္ ...

တွံတေးမြို့

တွံတေးမြို့ သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ပိုင်း လှိုင်မြစ်တလျှောက်တွင် တည်ရှိသည်။ မွန်ဘာသာအရ တွံ-ကုန်းမို့၊ တေ-ထရွာ၊ ကုန်းမို့ရွာဟု အဓိပ္ပါယ်ရသည်။ တွံတေးမြို့နယ်ရှိ ရွာပေါင်းရွာကို ကျေးရွာစု စုနှင့် ...

ထန်းတပင်မြို့ (ရန်ကုန်တိုင်း)

ထန်းတပင်မြို့ သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည်။ မအူပင်ခရိုင်နှင့် နယ်ချင်း ဆက်စပ်နေပြီး လှိုင်မြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ သမိုင်းတွင် ထင်ရှားခြင်း မရှိခဲ့သော်လည်း စစ်ပြီးခေတ် လယ ...

ထန်းတပင်မြို့ (အင်းစိန်ခရိုင်)

အင်းစိန်ခရိုင်၏ အနောက်မြောက်တွင် မအူပင်ခရိုင်နှင့် နယ်စပ်လျက်ဖြစ်သော မြို့နယ်သည် ထန်းတပင်မြို့နယ်ဖြစ်၍၊ လှိုင်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ၁၉၅၆ ခုနှစ် သန်းခေါင်စာရင်း ခန့်မှန်းခြေအရ မြို့နယ်၏ လူဦးရေသည် ၈၅ဝဝဝ ယောက်ခန့်ရှိသည်။