ⓘ Free online encyclopedia. Did you know? page 159

စက်စဲ

စက်စဲကမ်းခြေ သည် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တည်ရှိပြီး ကပ္ပလီပင်လယ်၊ မုတ္တမပင်လယ်ကွေ့ ရှိ ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ကမ်းခြေသည် အညို​ရောင်သဲများဖြင့် ဖွဲ့စည်းထားပြီး ၅.၆ ကီလိုမီတာရှည်ကာ အတော်အသင့် ကျယ်ဝန်းသော ...

စန္ဒဝတ်ရွာ၊ မြိတ်မြို့နယ်

စန္ဒဝတ်ရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177480 ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်သည် ၂၅.၇၁ ဧက ကျယ်ဝန်းသော မြေတွင် တည်ဆောက်ထားကာ၊ ဆရာ/မ ၅၀၊ ကျောင်းသား/သူ ၃၀၀ ကျော် ရှိသည်။ အထကကျွ ...

စပါးတောင်

စပါးတောင်သည် ထားဝယ်မြို့၏ အရှေ့တောင်ဘက်တွင်ရှိသည်။ စပါးတောင်ပေါ်တွင် ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်း အစရှိသည့် သာသနိက အဆောက်အအုံများရှိသည်။ စပါးတောင်တက်လမ်း၏ အရှည်မှာ နှစ်မိုင်ခန့်ရှိသည်။ စပါးတောင်ကို "အရှေ့ပုပ္ပါးတောင်"ဟုလည်း ခေါ်ကြသည်။ လောကသရ ...

စေတုတ္တရာမြို့နယ်

စေတုတ္တရာမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စေတုတ္တရာမြို့ဖြစ်သည်။

ဆင်ပေါင်ဝဲမြို့နယ်

ဆင်ပေါင်ဝဲမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆင်ပေါင်ဝဲမြို့ ဖြစ်သည်။ ပဲခူးရိုးမတောင်တန်း၏ တောင်ခြေ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့်အနောက်ဘက်မြစ်ကိုခွလျက် တည်ရှိသည်။

ဆင်ဖြူကျွန်းမြို့

ဆင်ဖြူကျွန်းမြို့ သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ မြို့တစ်မြို့ဖြစ်သည်။ မင်းဘူးမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် စလင်းချောင်းတို့ တွေ့ဆုံရာတွင် တည်ရှိသ​ည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ အလောင်းစည်သူမင်းလက်ထက် ရခိုင်ဘုရင်ပုန်ကန်၍ သွ ...

ဆင်ဘိုမြို့

ဆင်ဘိုမြို့ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ဧရာဝတီမြစ် ပထမမြစ်ကျဉ်း၏ မြစ်ညာဖက် ၁၄ မိုင်ခန့်တွင် တည်ရှိသည်။ ယခင်က ကျေးရွာကလေးဖြစ်သော်လည်း ၂၀၀၂တွင် မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဆဒ္ဒန်ဂူ

ဆဒ္ဒန်ဂူ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တန်း၏ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်တွင် တည်ရှိသည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးတွင် တည်ရှိပြီး ဘားအံမြို့မှ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ဆဒ္ဒန်ဂူသည် အရှေ့အနောက် ၁၀၇ မီတာ ရှည်လျ ...

ဆဘောင်းထယ်ရွာ၊ မတူပီမြို့နယ်

ဆဘောင်းတယ်ရွာ)သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ဆဘောင်းထယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၀၉၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆဘောင်းထယ်ကျေးရွာအုပ်စုတွင် ကျား ၉၆၈ ဦး၊ မ ၉၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၉၃ ဦး နေထိုင်သည်။ လက်ရှိ ...

ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆိပ်ဖြူမြို့ဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဖက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိပြီး ဆိပ်ဖြူမြို့တွင် သင်္ဘော ...

ဆောမြို့နယ်

ဆောမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ဆောမြို့နယ်တွင် ဆောမြို့နှင့် ကျောက်ထုမြို့ တို့ပါဝင်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆောမြို့ ဖြစ်သည်။

ဇလွန်မြို့နယ်

ရှေးအကျဆုံး ဇလွန်မြို့ကို ကျိုက်ထောနန္န၊ ကျိုက်ဝတ်သမန္တပူရ၊ စလွန်၊ ဇရွန်းဟူ၍ အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုရာမှ ဇလွန်ဟု အမည်တွင်လာခဲ့သည်။ ဇလွန်မြို့နယ် စည်ပင်သာယာရေးအတွက် မြူနီစီပါယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောင်အခါ၌ ဒေသန္တရအုပ်ချ ...

ဇဟာရွာ၊ ထားဝယ်မြို့နယ်

ဇဟာရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၀၂၆ ဖြစ်သည်။ ၂၀၁၉ခုနစ်၊ စက်တင်ဘာလ၏ ထားဝယ်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များအရ ၀.၅၅ဧက ရှိသော အလကကျောင်း ၌ ဆရာ/ဆရာမ ၁၁ဦး၊ ကျောင်းသား/သူ ၂၂၀ ...

ဇေယျဝတီမြို့

ဇေယျဝတီကို တောင်ငူဘုရင် မင်းကြီးညိုက တည်သည်။ တောင်ငူအရံ ၅၂ မြို့အနက် တောင်ဘက် မြို့ရံ ၉ မြို့စာရင်းတွင် ပါဝင်သည်။ ဇေယျဝတီ မြို့ဟောင်းသည် ဇေယျဝတီဘူတာမှ ၄ မိုင်ခန့် ကွာဝေးသည်။ မြန်မာမင်းများလက်ထက်တွင် ဇေယျဝတီမြို့၌ မြို့သူကြီး ရာထူး ခန့်အပ်ခဲ့သည်။ ...

ဇွဲကပင်တောင်

ဇွဲကပင်တောင် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။ ဇွဲကပင်တောင်သို့ တက်ရန် ...

ညောင်လေးပင်မြို့နယ်

ညောင်လေးပင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ၊ ပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ညောင်လေးပင်မြို့နယ်တွင် ညောင်လေးပင်မြို့၊ မဒေါက်မြို့နှင့် ပြွန်တန်ဆာမြို့၊ ပိန်းဇလုတ်မြို့ တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်လေးပင်မြို့ ဖြစ်သည်။ ညောင်လ ...

တညက်ရွာ၊ မြိတ်မြို့နယ်

တညက်ကျေးရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တည်ရှိသည်။ မြိတ်မြို့၏ အရှေ့ဘက် ၁၈ ကီလိုမီတာ ခန့်အကွာအဝေးတွင် တည်ရှိသည်။

တပ်ကုန်းမြို့နယ်

တပ်ကုန်းမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တပ်ကုန်းမြို့နယ်ရှိ လူဦးရေမှာ ၂၁၆,၉၅၀ ယောက် ဖြစ်သည်။ တပ်ကုန်းမြို့အား ပြည်ထဲရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနခွဲ၏ ၅-၇-၆၀နေ့စွဲပါ အမိန ...

တမူးမြို့နယ်

တမူးမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံနယ်စပ်ရှိ မြို့နယ်ဖြစ်ကာ တမူးမြို့၊ ခမ်းပါတ်မြို့နှင့် မြို့သစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ တမူးမြို့ ဖြ ...

တလိုင်းတောင်ရွာ၊ ထားဝယ်မြို့နယ်

တလိုင်းတောင်ရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ တလိုင်းတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၀၃၆ ဖြစ်သည်။ ၂၀၁၉ခုနစ်၊ စက်တင်ဘာလ၏ ထားဝယ်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များအရ ၀.၇၀ဧက ရှိသော အလကကျောင်း ၌ ဆရာ/ဆရာမ ၁၄ဦး၊ ...

တီးတိန်မြို့နယ်

တီးတိန်မြို့ မြို့မရပ်ကွက်ရှိ ဗန်ဆန်ဒိမ်အရပ်တွင်ရှိသော ရေကန်အား အဝေးမှကြည့်သောအခါ နေ့ဘက်တွင် နေရောင်ခြည်အလင်း၊ ညဘက်တွင် ပိုးစုန်းကြူးအလင်းတို့ကြောင့် နေ့ရောညပါ တလက်လက်တောက်ပပြီး ရောင်ပြန်ဟပ်နေသည်ကို အစွဲပြု၍ တလက်လက်တောက်ပနေသောရေပြည့်အိုင် တဲဒိမ်ဟ ...

တောင်တွင်းကြီးမြို့နယ်

တောင်တွင်းကြီးမြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တောင်တွင်းကြီးမြို့ဖြစ်သည်။ ဤဒေသတွင် ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြပြီး၊ ရှေးပျူမြို့ဟောင ...

တောင်ပြိုလက်ဝဲမြို့

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် တောင်ပြိုလက်ဝဲကျေးရွာမှ ဒေးပိုင်ညာ၊ ဆင်မကာရာ၊ ရာမျိုးကာရာ၊ ဖွေးရာနှင့် မြောက်ရွာတို့ကို စုစည်း၍ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ဖြင့် တောင်ပြိုလက်ဝဲမြို့အဖြစ်လည်းကောင်း၊ ...

တောင်ဦးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

တောင်ဦးရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၁၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဦးကျေးရွာအုပ်စုတွင် ကျား ၁၇၉၉ ဦး၊ မ ၂၂၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၂ ဦးနေထိုင ...

တောမကျေးရွာအုပ်စု

တောမကျေးရွာအုပ်စု မှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တွင်တည်ရှိသည်။ မိတ္ထီလာမြို့၏ အရှေ့ ၄.၇ကီလိုမီတာ အကွာတွင် တည်ရှိသည်။

တော်ဝိရွာသစ်

တော်ဝိရွာ သည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ရွာတစ်ရွာဖြစ်သည်။ မွန်အမည် တဝ်ဝိ မှ ဆင်းသက်လာပြီး တော်မှာ ကုန်းကမူ၊ ဝိမှာ ရေသဖန်းပင် ဖြစ်ရာ ရေသဖန်းပင်ကုန်းဟု အဓိပ္ပာယ်ရသည်။ ညောင်လေးပင်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိကာ ရန်ကုန်မန္တ ...

တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

တံခွန်တိုင်စံပြကျေးရွာ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရွာကြီးတစ်ရွာ ဖြစ်သည်။ ကရင်တိုင်းရင်းသား အများစု နေထိုင်ပြီး မွန်၊ ဗမာစသော အခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ တံခွန်တိုင်စံပြကျေးရွာသည် ခ ...

တွန်းဇံမြို့နယ်

၁၈၇၀ ခုနှစ်တွင် ကမ်းဟောက်နယ်စား ပူခေါကျင့် လက်ထက်တွင် ခေါဝုန်အရပ်တွင် အိမ်ခြေ ၃၀ ခန့်ရှိသောရွာအဖြစ် နေလာခဲ့ပြီး တွန်းဇံရွာဟု အမည်ပေးခဲ့သည်။ တွန်းဇံမှ တွန်းဆိုသည် မှာ အတူတကွသွားလာနေထိုင်ခြင်း၊ ဇံဆိုသည်မှာ အခြေစိုက်နေထိုင်ခဲ့သောအရပ်ဟု အဓိပ္ပာယ်ရသည် ...

ထားဝယ်မြို့နယ်

ထားဝယ်မြို့နယ် သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ထားဝယ်မြို့နယ်တွင် ထားဝယ်မြို့နှင့် မေတ္တာမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ထားဝယ်မြို့ ဖြစ်သည်။

ဒိုက်ဦးမြို့

ဒိုက်ဦးမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။ ဒိုက်ဦးသည် ရန်ကုန်-မန္တလေးသွား မော်တော်ကားလမ်းနှင့် မီးရထားလမ်းမထက်၌ တည်ပြီး ရန်ကုန်မှ ကားလမ်းဖြင့် ၈၈ မိုင်၊ မီးရထားလမ်းဖြင့် ၈၁.၂၅ မိုင် ကွာဝေးသည်။

ဒိုက်ဦးမြို့နယ်

မြောက်လတ္တှီကျူ့ ၈၇ံ ၅၀´ အရှေ့လောင်ဂျီကျူ့ ၉၇ံ ၄၈ ´ တွင်တည်ရှိသည် ။ ကားလမ်းမိုင်တိုင် အမှတ် ၇၀ / ၀ မှ ၈၈ / ၀ အထိရှိသည် ။ ရထားလမ်းမိုင်တိုင်အမှတ်မှာ ၆၆ / ၀ မှ ၈၄ / ၀ အထိရှိသည် ။ ဒိုက်ဦးမြို့နယ်၏ အကျယ်အဝန်းမှာ အလျား ၂၆ မိုင် ၊ အနံ ၁၉ မိုင် ရှိပြီး ...

ဒီပဲယင်းမြို့နယ်

ဒီပဲယင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီပဲယင်းမြို့ ဖြစ်သည်။ စစ်သူကြီး မဟာဗန္ဓုလသည် ဒီပဲယင်းမြို့တော်ဝန် ဖြစ်ခဲ့ဖူးသည်။ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီး ငပယင် ...

ဒူးရင်းဆိပ်ရွာ၊ သထုံမြို့နယ်

ဒူးရင်းဆိပ်ရွာ သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၆၂၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ကျား ၄၉၃၄ ဦး၊ မ ၅၂၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၁၃၈ ဦး နေထိုင်သည်။ ရွာ၏ ...

ဒေးဒရဲမြို့

ဒေးဒရဲမြို့သည် သာသနာသက္ကရာဇ် အေဒီ ၁၄၇၆ မတိုင်မီကပင် မြို့အဖြစ် တည်ရှိခဲ့သည်။ စစ်ဘေးကြောင့် ပြောင်းရွှေ့လာသည့် မွန်လူမျိုးများ နေထိုင်ခဲ့ကြသည်။ မွန်ဘာသာဖြင့် ဒေးဒြဲာ ဟု ခေါ်ဆို၍ သမင်၊ ဒရယ် တိရစ္ဆာန်များ နေထိုင်သော ကုန်း၊ သမင်ကုန်းဟု အဓိပ္ပာယ်ရသည်။ ...

ဒေးဒရဲမြို့နယ်

ဒေးဒရဲမြို့နယ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဒေးဒရဲမြို့ ဖြစ်သည်။ ဖျာပုံခရိုင်အတွင်း အရှေ့ဖက်ကျသော မြို့ကလေးဖြစ်သည်။ ထိုမြို့သည် တိုးမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိ၍ ...

နတ်တောင်

နတ်တောင် သည် ထိုင်းနိုင်ငံ အနောက်ဘက်၇၃ ကီလိုမီတာ အကွာ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်အနီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၆၂၃ မီတာ မြင့်သည်။

နတ်မောက်မြို့နယ်

နတ်မောက်မြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် ပါဝင်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နတ်မောက်မြို့ဖြစ်သည်။ နတ်မောက်မြို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိမြို့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၇ ...

နန်းမယ်ခုံမြို့

နန်းမယ်ခုံမြို့ သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြို့အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသည်။ မြို့အနီးတွင် နန်းမယ်ခုံရေထွက်ပေါက်နှင့် လွိုင်နန်းဖတောင်တို့မှာ ထင်ရှားသည်။

နန်းယွန်းမြို့

နန်းယွန်းမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။ နန်းယွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြောက်ဘက်စွန်း မြို့နယ် တခု ဖြစ်သည်။ ၁၉၄၆ က နန်းယွန်းတွင် ဦးဆွမ် ...

နောင်ခရိုင်ရွာ၊ ဘားအံမြို့နယ်

နောင်ခရိုင်ရွာ သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၂၅၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရဲသာကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၈၇၁ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၃၆၅၈ ဦး နေထိုင်သည်။ ရဲသာကျေးရွာအု ...

နောင်မွန်းမြို့

နောင်မွန်း ဟူသောအမည်သည် ရဝမ်ဘာသာစကား လုံမှန် မှလည်းကောင်း၊ ခန္တီးဘာသာစကား နောက်မွန် မှလည်းကောင်း ဆင်းသက်လာသည်ဟု ဆိုသည်။ ရဝမ်ဘာသာဖြင့် လုံ = ကျောက်၊ မုန် = ဖြူသည် ဟု အဓိပ္ပာယ်ရသဖြင့် ကျောက်ဖြူရှိသောအရပ် ဟု ဆိုနိုင်သည်။ ခန္တီးဘာသာဖြင့် နောက် = အပြင ...

ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် သည် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် တည်ရှိသည်။ မြို့နယ်အုပ်ချုပ်ရေး ရုံးစိုက်ရာမြို့နယ်မှာ ပခုက္ကူမြို့ဖြစ်သည်။ မြို့နယ်၏ အရှေ့ဖက်နှင့် အရှေ့တောင်ဖက်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိပြီး မြို့နယ်၏ အနောက်တောင်ဖက် ...

ပတ်ကွိုင်တောင်တန်း

ပတ်ကွိုင်တောင်တန်း ကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အရှေ့မြောက်ဘက်မှ အနောက်ဘက်သို့ နိုင်ငံတော်၏ နယ်နိမိတ်သဖွယ် တန်းဆင်းနေပါသည်။ ပတ်ကွိုင်တောင်သည် ဟိမဝန္တာတောင်တန်းကြီးမှ ဖြတ်၍ ဆင်းလာသည့် တောင်ဖြစ်ပါသည်။ ထိုတောင်တန်းကြီး၏ တ ...

ပန်ဝါမြို့

ပန်ဝါမြို့ သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည်။ မေခမြစ်ကမ်းပေါ်ရှိ ချီဖွေမြို့မှ ၄၀ မိုင်ခန့်ကွာဝေးသည်။ ပန်ဝါမြို့တွင် ဦးစခုတ်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ...

ပန်းစွာရွာ၊ မြိုင်မြို့နယ်

ပန်းစွာရွာ သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပန်းစွာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၅၄၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်းစွာကျေးရွာအုပ်စုတွင် ကျား ၁၀၀၄ ဦး၊ မ ၁၂၇၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၇၅ ဦးနေထိုင်သည်။ ရွာ၏မြ ...

ပလက်ဝမြို့နယ်

ပလက်ဝမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ မတူပီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး မြို့နယ်များအနက် တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပလက်ဝမြို့ ...

ပါရာရွာ၊ ပလက်ဝမြို့နယ်

ပါရာရွာ သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ ပါရာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၄၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပါရာကျေးရွာအုပ်စုတွင် ကျား ၂၅၁ ဦး၊ မ ၂၉၄ ဦး၊ လူဦးရေ စုစုပေါင်း ၅၄၅ ဦး နေထိုင်သည်။

ပုဇွန်တောင်ချောင်း

ပုဇွန်တောင်ချောင်း သည် ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့လယ်နေရာကို အနောက်ဘက်နှင့် တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ ဆုံရာအရပ်တွင် တည်ထားခဲ့သည်။ ပုဇွန်တောင်ချောင်းပတ်လည်ဧရိယာတွင် မြန်မာပြ ...

ပုဏ္ဏားရွာ

ပုဏ္ဏားရွာ သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင်း၌ တည်ရှိပြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်ဝယ် ဖက်ဆစ်တော်လှန်ရေးကို စတင်ကြေငြာခဲ့သော သမိုင်းဝင်ရွာဖြစ်သည်။ ၂၀၁၅ တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် ဂုဏ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့သ ...

ပုလောတုံတုံးရွာ၊ ကော့သောင်းမြို့နယ်

ပုလိုတုံတုံးရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ​ကော့သောင်းမြို့နယ်၊ ပုလိုတုံတုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၀၇၅ ဖြစ်သည်။ ​ ပုလုံးတုံတုံးကမ်းခြေသည် ထင်ရှားသည်။ အထက်တန်းကျောင်းခွဲ ရှိပြီး ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ...