ⓘ Free online encyclopedia. Did you know? page 153

အမြင့်ရွာ

အမြင့်ရွာ သည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရှေးမြို့ဟောင်း သမိုင်းဝင် ရွာတစ်ရွာဖြစ်သည်။ မြန်မာ့သမိုင်းတွင် ခေတ်ပေါင်း၊ မင်းဆက်ပေါင်းများစွာ ရှိခဲ့သည့်အနက် အင်းဝမင်းဆက်များ လည်း တစ်ခေတ်အ ...

အလုံတပ်မြို့

အလုံတပ်မြို့ သို့မဟုတ် ဗဒုံမြို့ဟောင်း သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် တည်ရှိပြီး မုံရွာမြို့၏ ရပ်ကွက်ကြီးတစ်ခု ဖြစ်သည်။ မုံရွာမြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်း၊ မုံရွာ-ရေဦးကားလမ်းနှင့် မီ ...

တောင်ငူ-ဟံသာဝတီခေတ်

တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဖက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြ ...

တောင်ငူခေတ်

တောင်ငူခေတ်သည် တောင်ငူတွင်ထီးနန်းစိုက်ထူသော ရာစုနှောင်းပိုင်းမှ တောင်ငူခေတ်ပျက်သုန်းသော ရာစုနှောင်းပိုင်းကာလ ဖြစ်သည်။ တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့်သတ်မှတ်လျှင် လေ့လာ ...

ပထမတကောင်းမင်းဆက်

ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တ ...

ဝေသာလီခေတ်

ဝေသာလီခေတ် သည် ကျောက်လှေကားခေတ် အေဒီ- ၃၂၇ မှ အေဒီ ၈၁၈ဖြစ်သော ရခိုင်မင်းဆက် ခေတ်တစ်ခေတ်ဖြစ်သည်။ ဓညဝတီခေတ် ကုန်ဆုံးသောအခါ၌ ဝေသာလီခေတ် စတင်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့နေရာကား မြောက်ဦးမြို့ မြောက်ဖက် ၉ မိုင်ခန့်ဝေးသောအရပ်တွင် တည်ရှိသည်။ ဝေသာလီယ ...

အစု၊ အစို့

အစုနှင့် အစို့မှာ အဓိပ္ပါယ်ချင်း တူညီသော ဝေါဟာရများဖြစ်၍ အသင်းအဖွဲ့ကို ဆိုလိုသည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် အမှုထမ်းပုံတူသည် လူစုကို အစု၊ သို့မဟုတ် အစို့ဟူ၍ ပိုင်းခြား ဖွဲ့စည်းလေ့ ရှိသည်။ သင်းစု၊ ပင်းစု၊ ရပ်စုကွက်စု၊ အစုအငန်း စသည်တို့မှာ အပ ...

တတိယ အင်္ဂလိပ် - မြန်မာစစ်

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။ ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင် ...

သိင်္ဃသူ့သမီး

သိင်္ဃသူ့သမီး သည် ပုဂံခေတ်က မင်းမိဖုရားတစ်ဦး ဖြစ်သည်။ အမည်ကို အတိအကျမသိရှိရပေ။ သို့သော် ကျောက်စာပါစကားများအရ မထိလို၏ မြေးဖြစ်ကြောင်း မြန်မာနှစ် ၆၂၈ ခု တွင် ပုဂံထီးနန်းစိုးစံလျက်ရှိသော မင်းမိဖုရား ဖြစ်ကြောင်း၊ သိင်္ဃသူ့သမီး ဖြစ်ကြောင်းတို့ကို သိရသ ...

အာနန္ဒစန္ဒြကျောက်စာ

အာနန္ဒစန္ဒြကျောက်စာတိုင် မှာ ဝေသာလီမြို့ဟောင်းမှ သျှစ်သောင်းပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီး မှ ပြောင်းရွှေ့စိုက်ထူထားခြင်း ဖြစ်သည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယ မြောက်ပို ...

ဒုတိယ ဗိုးဝါးစစ်ပွဲ

အာဖရိကတိုက် တောင်းပိုင်းရှိ ဗိုးဝါးပြည်နယ်များဖြစ်သော ဩရိန်းဖရီး စတိတ်နှင့် ထရန်စဗားပြည်နယ် များနှင့်ဗြိတိသျှ အစိုးရတို့၁၈၉၉ ခုနှစ်မှ ၁၉၂ဝ ခုနှစ်အတွင်း ဖြစ်ပွားသော စစ်ပွဲကိုဗိုးဝါးစစ်ပွဲဟုခေါ်သည်။ ထိုစစ်ပွဲကို တောင်အာဖရိကစစ်ပွဲ ဟုလည်း ခေါ်ကြသည်။ ...

ပထမ ဘိုးဝါးစစ်ပွဲ

၁၉ ရာစုတွင် ဗြိတိသျှအင်ပါယာသည် တောင်အာဖရိကတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ၁၈၁၅ ခုနှစ်၊ Napoleonic စစ်ပွဲများအဆုံးသတ်ချိန်တွင် Cape of Good Hope ကို အနိုင်ရခဲ့သည်။ ဘိုးဝါးများ ဗြိတိသျှတို့ အုပ်စိုးမှုကို ကြိုက်နှစ်သက်မှု ...

ဇာဇာမြင့်

ဇာဇာမြင့် သည် မြန်မာအမျိုးသမီးဘောလုံးသမားတစ်ဦး ဖြစ်သည်။ သူမသည် မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကစားသမားတစ်ဦး ဖြစ်သည်။ ဂိုးဖမ်းသမားအဖြစ် ကစားသည်။

မေခင်ယမင်း

မေခင်ယမင်း သည် မြန်မာအမျိုးသမီးဘောလုံးသမားတစ်ဦး ဖြစ်သည်။ ဂိုးဖမ်းသမားနေရာ၌ ကစားသည်။ သူမသည် မြန်မာအမျိုးသမီးအသင်း၏ ကစားသမားတစ်ဦး ဖြစ်သည်။

ယွန်းမီမီလွင်

ယွန်းမီမီလွင် သည် မြန်မာအမျိုးသမီးဘောလုံးသမားတစ်ဦး ဖြစ်သည်။ ရှေ့တန်းနေရာ၌ ကစားသည်။ မြန်မာအမျိုးသမီးအသင်း၏ ကစားသမားတစ်ဦးလည်း ဖြစ်သည်။

လီလီလှိုင်

လီလီလှိုင် သည် မြန်မာအမျိုးသမီးဘောလုံးသမားတစ်ဦး ဖြစ်သည်။ အလယ်တန်းနေရာ၌ ကစားသည်။ သူမသည် မြန်မာအမျိုးသမီးအသင်း၏ ကစားသမားတစ်ဦးလည်း ဖြစ်သည်။

မိစောဦး

မိစောဦး သည် ပုဂံ မင်းသမီးတစ်ပါး ဖြစ်ပြီး ပင်းယဘုရင်များဖြစ်သော ကျော်စွာ နှင့် သီဟသူတို့၏ မိဖုရားဖြစ်သည်။ ထို့အပြင် ဥဇနာ နှင့် ကျော်စွာဘုရင်များ၏ မယ်တော်လည်း ဖြစ်သည်။ မိစောဦးသည် ပုဂံနောက်ဆုံးမင်းဆက်ဖြစ်သော နရသီဟပတေ့မင်း၏ သမီးတော်တစ်ပါး ဖြစ်သည်။ ဝမ ...

စောလတ် (ပုဂံ)

စောလတ် သည် ပုဂံခေတ် နရသိင်္ခမင်းနှင့် နရပတိစည်သူမင်းတို့၏ မိဖုရားတစ်ပါး ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများက သူမ၏ ဘိုးဘေးများကို အမျိုးမျိုး ဖော်ပြကြသည်။ မဟာရာဇဝင်ကြီး ၁၇၂၄ က သူမသည် ဖခင် ရာဇသူနှင့် တောင်ပြင်သည်နှင့် ခင်အုံးတို့၏ တူမ မိခင် အိမ်တော်သ ...

တိလောက စန္ဒာဒေဝီ

တိလောက စန္ဒာဒေဝီ သည် ပုဂံခေတ် အလောင်းစည်သူမင်းကြီး၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ ရတနာပုံမိဖုရားပြီးနောက် ၁၁၅၀ ဆယ်စုနှစ်ဝန်းကျင်တွင် သူမအား ဦးဆောက်ပန်းဘွဲ့အမည်ဖြင့် မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့သည်။ စန္ဒာဒေဝီမိဖုရားတွင် ထောက်လှေကားအမည်ရှိ သားတော် ...

တောင်ပြင်သည် (ညောင်ဦးစောရဟန်း)

တောင်ပြင်သည် သည် ပုဂံခေတ်ကာလက ညောင်ဦး စောရဟန်းနှင့် ကွမ်းဆော်ကြောင်းဖြူမင်းတို့၏ မိဖုရားခေါင်အဖြစ် တင်မြှောက်ခံရသူ ဖြစ်သည်။ ကျဉ်စိုးမင်း၏ မိခင်လည်း ဖြစ်သည်။ တော်ဝင်ရာဇဝင်ကျမ်းများအရ တောင်ပြင်သည် သည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး မွေးချင ...

တောင်ပြင်သည် (နရသူ)

တောင်ပြင်သည် သည် ပုဂံခေတ် နရသူမင်း၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ အဓိက ရာဇဝင်ကျမ်းကြီးများတွင် နရသူမင်း၏ မိဖုရားအမည်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။ ရာဇဝင်သစ်ကျမ်း တွင် နရသူမင်း၏ မိဖုရားများအကြောင်း မှတ်တမ်းမရှိကြောင်း အတိအလင်း ဖော်ပြထားသည်။ ရာဇ ...

ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ)

တောင်ပြင်သည် သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် မိဖုရားခေါင် ဖြစ်သည်။ တော်ဝင်ရာဇဝင်ကျမ်းများတွင် အေဒီ ၁၁၈၆ တွင် ကွယ်လွန်သော ဝေဠုဝတီမိဖုရား နောက်ဆက်ခံသူကို ဖော်ပြရာတွင် တူညီမှု မရှိကြပေ။ မဟာရာဇဝင်ကြီး ၁၇၂၄ တွင် ဖော်ပြထားသည့် ဆက်ခံသူမှာ ကျန်စ ...

ဒုတိယ ရတနာပုံမိဖုရား (ပုဂံ)

ရတနာပုံ သည် ပုဂံခေတ် နရသီဟပတေ့မင်း၏ ပထမ မိဖုရားခေါင် ဖြစ်သည်။ သူမသည် ကျစွာမင်းနှင့် မိဖုရား စောမွန်လှတို့၏ မြေး ဖြစ်ပြီး မိဖုရား သုံးလူလ၏ တူမ တော်စပ်သူ ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းတို့တွင် သူမကို မိဖုရားအဖြစ် ဖော်ပြထားခြင်းမရှိဘဲ သူမ၏ အစ်မဖြစ်သူ ...

ဖွားစော (သစ်မထီး)

သစ်မထီး ဖွားစော သည် ပုဂံခေတ်နှောင်းပိုင်း ကျော်စွာဘုရင်နှင့် စောနစ်ဘုရင်တို့၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများတွင် စောစိုးကို ကျော်စွာဘုရင်၏ မိဖုရားခေါင်အဖြစ် ဖော်ပြကြသည်။ သို့သော် သမိုင်းပညာရှင်များက ဖွားစောကို မိဖုရားခေါင်အဖ ...

ဖွားတော်ကြီး

ဖွားတော်ကြီး သည် ပုဂံခေတ် ထီးလိုမင်းလိုမင်း၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ သူမ၏ ငယ်အမည်ကိုကား သမိုင်းတွင် မှတ်တမ်းတင်ထားခြင်း မရှိပေ။ သူမသည် အလောင်းစည်သူမင်းကြီး၏ မြစ်တော်စပ်သူ ဖြစ်သည်။ ဖွားတော်ကြီးသည် ထီးလိုမင်းလိုနှင့် သားသမီးနှစ်ဦး ရခဲ့ပြီး သိန် ...

မင်းအောင်မြတ်

မင်းအောင်မြတ် သည် ပုဂံခေတ် နရသိင်္ခမင်း၏ မိဖုရားခေါင် နှင့် နရပတိစည်သူမင်း၏ တောင်နန်းမတော် မိဖုရား ဖြစ်သည်။ အလောင်းစည်သူမင်းနှင့် ခင်ဦးမိဖုရားတို့သည် မင်းအောင်မြတ်၏ မိခင်ဖက်မှ အဘိုးအဘွားတော်စပ်သူ ဖြစ်သည်။ နရသိင်္ခနှင့် နရပတိစည်သူတို့သည် သူမ၏ ဝမ်း ...

မိဖုရားစော

ဖွားစော သည် ပုဂံခေတ် နရသီဟပတေ့မင်း၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ နိုင်ငံသမိုင်းတလျောက် ခက်ခဲသော ကာလတွင် ဆယ်စုနှစ် လေးခုကြာအောင် နိုင်ငံရေးတွင် လွှမ်းမိုးထားနိုင်သူ၊ ဟာသဉာဏ်ရွှင်သူ၊ ဉာဏ်ပညာရှိသူ၊ ချောမောလှပသူ အဖြစ် သူမအား သိကြသည်။ စောလှဝန်းကို ပုဂံ ...

ရတနာပုံမိဖုရား (ပုဂံ)

ရတနာပုံမိဖုရား သည် ပုဂံခေတ် အလောင်းစည်သူမင်းကြီး၏ ပထမဆုံး မိဖုရားခေါင်တစ်ပါးဖြစ်ပြီး မင်းရှင်စော ၏ မယ်တော်ဖြစ်သည်။ သားတော် မင်းရှင်စောအား ထောင်သွင်းအကျဉ်းချထားမှုအား ပြည်နှင်ဒဏ်ပြောင်းလဲပေးရန် အလောင်းစည်သူမင်းကြီးအား နားချခဲ့စဉ်ကာလ ၁၁၅၁/၅၂ ခုနှစ် ...

ရှင်စော (ပုဂံ)

ရှင်စော သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ ဇနီးဖြစ်သည်။ ဂျီအိပ်လုစ် နှင့် ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်များကနရသိင်္ဃ ကို ပုဂံမင်းဆက်မှ မင်းတစ်ပါး အဖြစ် သတ်မှတ်ကြသော်လည်း မည်သည့် မြန်မာရာဇဝင်ကျမ်းကမှ မင်းအဖြစ် ဖော်ပြထားခြင်း မရှိပေ။ ဒ ...

ဝေဠုဝတီ

ဝေဠုဝတီ သည် ပုဂံခေတ် နရပတိစည်သူမင်း၏ မိဖုရားခေါင် တစ်ပါး ဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများအရ အေဒီ ၁၁၇၄ တွင် ညီတော် နရပတိစည်သူ၏ ဇနီး ဝေဠုဝတီအား နောင်တော် နရသိင်္ခမှ တပ်မက်၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အာ ...

သမ္ဘူလ

သမ္ဘူလ သည် ပုဂံခေတ် ကျန်စစ်သားမင်း၏ မိဖုရားခေါင် ဖြစ်သည်။ မင်းသမီးအ‌ရေးနှင့်ပတ်သက်၍ အနော်ရထာမင်းကြီးသည် ကြီးစွာအမျက်ထွက်သဖြင့် ကျန်စစ်သားထွက်ပြေးစဉ် သမ္ဘူလနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ကာ ရာဇကုမာရ်ကို မွေးဖွားခဲ့သည်။ အနော်ရထာမင်းနတ်ရွာစံပြီးနောက် သား ...

သုံးလူလ

တိလောက စန္ဒာ သုံးလူလ သည် ပုဂံခေတ် ဥဇနာမင်း၏ မိဖုရားခေါင် ဖြစ်သည်။ ရာဇဝင်ကျမ်းများအဆိုအရ သူမပြီးနောက် ဆက်ခံသည့် မိဖုရားခေါင်မှာ စောလှဝန်း ဖြစ်သည်ဟု ဖော်ပြကြသော်လည်း ဆက်ခံသူမှာ ကျောက်စာအထောက်အထားများအရ ဒုတိယ ရတနာပုံ မိဖုရား ဖြစ်သည်။

စောစိုး (ပုဂံ)

စောစိုး သည် ပုဂံခေတ် ကျော်စွာဘုရင်၏ မိဖုရားတစ်ပါးဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများတွင် သူမကို ကျော်စွာဘုရင်၏ မိဖုရားခေါင်အဖြစ် သတ်မှတ်ဖော်ပြကြသော်လည်း သမိုင်းပညာရှင်များက စောသစ်မထီးကိုသာ မိဖုရားခေါင်အဖြစ် သတ်မှတ်ထားကြသည်။ စောစိုးသည် ပုဂံဘုရင်ခံ စ ...

စောမင်းဝိုင်း

စောမင်းဝိုင်း သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ နရသိင်္ဃကို မည်သည့်ရာဇဝင်ကျမ်းကမှ ပုဂံဘုရင်အဖြစ် ဖော်ပြခြင်း မပြုသော်လည်း အိပ်ဂျီလုစ် နှင့် ဒေါက်တာသန်းထွန်းကဲ့သို့သော သမိုင်းပညာရှင်အချို့က နရသိင်္ဃကို ဘုရင်တစ်ပ ...

စောမိပြန်

စောမိပြန် သည် ပုဂံခေတ် ထီးလိုမင်းလိုမင်း၏ အလယ်နန်းမတော် မိဖုရားတစ်ပါး ဖြစ်သည်။ မိဖုရားသည် အလောင်းစည်သူမင်း၏ မြစ်တော်စပ်သူဖြစ်ပြီး သားသမီး မွေးဖွားခဲ့ခြင်း မရှိပေ။

စောမြကန်

စောမြကန် သည် ပုဂံခေတ် နရပတိစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် ထီးလိုမင်းလိုမင်း၏ မယ်တော် ဖြစ်သည်။ ရာဇဝင်ကျမ်းများက ထီးလိုမင်းလို၏ မယ်တော်သည် မိဖုရားစောမြကန် မဟုတ်ဘဲ ဥယျာဉ်စိုက်ပျိုးသူတစ်ဦး၏ သမီးဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း ကျောက်စာ အ ...

စောမွန်လှ

စောမွန်လှ သည် ပုဂံခေတ် အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သည်။ မြန်မာ့သမိုင်းတွင် စောမွန်လှကို ချောမောလှပမှုနှင့် အခြားမိဖုရားများ၏ ကုန်းချောမှုကြောင့် ပုဂံနန်းတော်မှ ထွက်ခွာခဲ့ရသူအဖြစ် သိကြသည်။ သူမ၏ ဇာတ်လမ်းမှာ မြန်မာ့ဇာတ်ခုံပေါ်တွင် ကျော်ကြားနေဆဲဖြ ...

စောအလွှမ်း

စောအလွှမ်း ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခနှင့် နရပတိစည်သူမင်းများ၏ မိဖုရားတစ်ပါး ဖြစ်သည်။ စောအလွှမ်းသည် ဖခင် ရာဇသူ၊ နှင့် တောင်ပြင်သည်နှင့် ခင်အုံးတို့၏ တူမ မိခင် အိမ်တော်သည်တို့၏ သမီးတော်နှစ်ဦးအနက် သမီးတော်ကြီး ဖြစ်သည်။ ရာဇဝင်ကျမ်းများက သူမက ...

တောင်ပြင်သည် (အလောင်းစည်သူ)

တောင်ပြင်သည် သည် ပုဂံခေတ် အလောင်းစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ တော်ဝင်ရာဇဝင်ကျမ်းများတွင် မိဖုရား၏ အခြား ငယ်အမည်နှင့် အခြားဘွဲ့အမည်များ ဖော်ပြထားခြင်း မရှိပေ။ တောင်နန်းမတော် မိဖုရားဘွဲ့အရ သူမသည် မိဖုရားခေါင်အဖြစ် ယူဆရမည် ဖြစ်သော်လည်း ရာဇဝင်ကျ ...

ဒုတိယ မြောက်ပြင်သည် (နရပတိစည်သူ)

မြောက်ပြင်သည် သည် ပုဂံခေတ် ထီးလိုမင်းလိုမင်း၏ ဒုတိယမြောက် မြောက်နန်းမတော် မိဖုရား ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများက ပထမ မြောက်နန်းမတော်မိဖုရား စောလတ် ပြီးနောက် ဆက်ခံသူကို ကွဲလွဲစွာ ဖော်ပြကြသည်။ ရာဇဝင်သစ်ကျမ်း ၁၇၈၉ က ဒုတိယ မြောက်နန်းမတော် မိဖုရား ...

မြောက်ပြင်သည် (ကွမ်းဆော်ကြောင်းဖြူ)

မြောက်ပြင်သည် သည် ပုဂံခေတ်ကာလတွင် နန်းတက်ခဲ့သော ညောင်ဦး စောရဟန်း၊ ကွမ်းဆော်ကြောင်းဖြူနှင့် စုက္ကတေး မင်းသုံးပါးတို့၏ မိဖုရား ဖြစ်ပြီး ပုဂံမင်းနေပြည်တော်ကို တည်ထောင်နိုင်ခဲ့သော အနော်ရထာ၏ မိခင် ဖြစ်သည်။

ရာဇကုမ္မာရီ

ရာဇကုမ္မာရီ သည် ပုဂံခေတ် အလောင်းစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမတွင် သားသမီး ထွန်းကားခြင်း မရှိပေ။ မိဖုရား တိလောက စန္ဒာဒေဝီ သည် ရာဇကုမ္မာရီ၏ အစ်မတော် ဖြစ်သည်။

ဝဋံသိကာ

ဝဋံသိကာ သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် အလယ်နန်းမတော် မိဖုရား ဖြစ်သည်။ သူမသည် နရပတိစည်သူမင်း၏ မိဖုရားခေါင်အဖြစ်လည်း ကာလတစ်ခုအကြာ ဖြစ်ခဲ့နိုင်သည်။ ရာဇဝင်ကျမ်းများက သူမ၏ ငယ်မည်ကို ဖော်ပြထားခြင်း မရှိခဲ့ဘဲ သူမသည် သုဘရစ်၏ ညီမဖြစ်ပြီး ရာဇသူ၊ ...

အလယ်ပြင်သည် (ညောင်ဦးစောရဟန်း)

အလယ်ပြင်သည် သည် ပုဂံခေတ် ညောင်ဦး စောရဟန်းနှင့် ကွမ်းဆော်ကြောင်းဖြူမင်းများ၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် စုက္ကတေးမင်း၏ မယ်တော်လည်း ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများအရ သူမသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး အစ်မတစ်ဦးနှင့် ညီမ တစ်ဦး ရှိသည် ...

အက်ဆစ် (ဂီတအဖွဲ့)

အက်ဆစ် သည် မြန်မာ ဟစ်ဟော့အဖွဲ့ တစ်ခုဖြစ်သည်။ မြန်မာ၏ ပထမဆုံး ဟစ်ဟော့တေးစီးရီးဟု သတ်မှတ်ကြသည့် စတင်ခြင်း ကို ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။

အိုင်းရင်းခရော့စ်

အိုင်းရင်းခရော့စ် သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ ဖြစ်ပြီး လိဒ်ဂစ်တာသမား စောဘွဲ့မှူးမှ စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ချစ်စမ်းမောင် ၊ ခင်မောင်သန့် ၊ ဗညားနိုင် နှင့် ခရမ်း တို့ဖြစ်ကြသည်။ တီးဝိုင်းအဖွဲ့သည် အဆိုတော်များ၏ အခွေများအတွက ...

ချန်ထွန်း၊ ဦး(ဒါရိုက်တာ)

စစ်ကြိုခေတ် မြန်မာရုပ်ရှင်လောကတွင် ရှေ့ဆောင်ဒါရိုက် တာ တစ်ဦးအဖြစ် ထင်ရှားခဲ့သော ဒါရိုက်တာ ဦးချန်ထွန်းကို အဘ ဦးညွန့် ဗြိတိသျှဘားမားရုပ်ရှင်၊ ယခု ညွန့်မြန်မာရုပ်ရှင် နှင့် ဟံသာဝတီသတင်းစာတိုက်ပိုင်ရှင်နှင့် အမိ ဒေါ်ဖွားသစ်တို့ က မွေးဖွားသည်။မွေးချင် ...

တင်ယု (ဒါရိုက်တာ)

နာမည်ကြီးဒါရိုက်တာဖြစ်လာမည့် မောင်တင်ယုကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့၊ မြန်မာ့ ပထမဆုံးအသံတိတ် ရုပ်ရှင်ဇာတ်ကား မေတ္တာနှင့်သူရာကို ရုံတင်ပြီး သုံးရက်အကြာအောက်တိုဘာလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့သည်။ ဒါရိုက်တာဦးတင်ယုသည် မြန်မာ့ရုပ်ရှင် ပေါ်ဦးစခ ...

နေမျိုးနော်ရထာ

နေမျိုးနော်ရထာ သည် ကုန်းဘောင်ခေတ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပထမဆုံး ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်သည် အလောင်းဘုရား၏ လက်ရွေးစင် ခြောက်ကျိပ်ရှစ်ယောက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၇၅၂ ခုနှစ် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက ...

ရန်ကုန်မြို့တော်ဝန်

ရန်ကုန်မြို့တော်ဝန် သည် ရန်ကုန်မြို့ကို အုပ်ချုပ်ရသော အဓိကအစိုးရအဖွဲ့၏ ဦးဆောင်သူဖြစ်သည်။ မြို့တော်ဝန်သည် မြို့တော်ဝန်ရာထူးနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်သည်။