ⓘ Free online encyclopedia. Did you know? page 121

အမေရိကန်အသံ

ဗွီအိုအေ အမေရိကန်အသံ သည် အသံလွှင့်ဘုတ်အဖွဲ့မှ ကြီးကြပ်သည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနဖြစ်သည်။ ဗွီအိုအေမှ ကမ္ဘာတလွှားသို့ ဘာသာစကားပေါင်း ၄၄ မျိုးဖြင့် ရေဒီယို၊ ရုပ်မြင်သံကြ ...

တိုက်ချင်း အမှတ် ၂၁

တိုက်ချင်းအမှတ် ၂၁ သည် ၂၀၀၈ နိုဝင်ဘာ ၉ ရက်နေ့တွင် ကီရိဘာတီအနီး၌ မီးစွဲလောင်ပြီး အခွံသက်သက်သာတွေ့ရှိရသော ငါးဖမ်းသင်္ဘောဖြစ်သည်။ တန် ၅၀ အလေးချိန်ရှိ စွန့်ပစ်ခံ ထိုင်ဝမ်သင်္ဘောသည် ယခင်ရက်များအတွင်းက မီးစွဲလောင်မှုခံခဲ့ရပြီး သင်္ဘောပေါ်တွင် ပါရှိသော ...

Americas Got Talent!

Americas Got Talent တစ်ဦးရုပ်မြင်သံကြားကနေအမေရိကန်အခွက်တဆယ်ပြပွဲယှဉ်ပြိုင်မှုဖြစ်တယ်, Simon Cowell တို့ကတော့အသုံးပြုနေသူများကဖန်တီးကမ္ဘာလုံးဆိုင်ရာ Got Talent: ဂိမ်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 2005 ခုနှစ်ဗြိတိသျှထုတ်ဝေများအတွက်အစီအစဉ်များကိုဗြိတ ...

နှစ်ဆန်းတစ်ရက်နေ့

နှစ်ဆန်းတစ်ရက်နေ့ ဆိုသည်မှာ ဂရီဂေါ့ရီးယန်း ပြက္ခဒိန်နှင့် ဂျူလီယန် ပြက္ခဒိန်အရ ဇန်နဝါရီလ ၁ ရက်နေ့ကို သတ်မှတ်သည်။ ကြယ်စု အားလုံးဖြတ်သန်းရန် အကြမ်းဖျင်းကြာချိန် ရက်ပေါင်း ၃၆၀ ကို အကြောင်းပြု ပြီး ကမ္ဘာကို ဗဟိုပြုကာ နေပတ်လမ်း ပြင်ညီ ကို အစိတ်ပေါင်း ...

ကလေး

နက်ဖြန် နိုင်ငံဝန်ကို ထမ်းရွက်ကြမည့်သူများ ကမ္ဘာအရပ်ရပ်၌ ယခင်က ကလေးသူငယ်တို့၏ အနာဂတ် အရေးကို ဂရုမစိုက်ခဲ့ကြသဖြင့် ယင်းတို့၏ အခြေအနေမှာ လွန်စွာ နိမ့်ကျခဲ့၏။ ယခုမူ ယဉ်ကျေးသော နိုင်ငံတိုင်းမှာပင် ကလေးသူငယ်တို့၏ သက်သာချောင်ချိရေး ကြီးပွားတိုးတက် ရေးတ ...

လူသား

လူသား ၊ လူ - သိပ္ပံအမည်မှာ "Homo Sapeins" ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် "ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ" - သည် ဟိုမိုနီဒယ် မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ ...

ဖြစ်တည်မှုပဓာနဝါဒ

Existentialism ကို `ဖြစ်တည်မှုပဓာနဝါဒ´ ဆိုပြီး အနက်ပေးကြတာ မျက်စိယဉ်နေကြပါပြီ။ ဆရာဆန်းလွင်က `ဘဝဖြစ်တည်ခြင်းဝါဒ´ဆိုပြီး အနက်ပေးပါသေးတယ်။ ကျနော်က ဖြစ်တည်မှုဝါဒလို့ပဲ တိုတိုလှယ်လိုက်ပါတယ်။ စကားလုံးတစ်လုံးထဲနဲ့ ဘယ်အဖြစ်အပျက်၊ သဘောတရားကိုမှ ငုံနိုင်မှ ...

ဂျွန် လူဒွန် မက္ကဒမ်

ကတ္တရာလမ်းခင်းနည်းသစ် တီထွင်ခဲ့သူမှာ ဂျွန်၊ လူဒွန် မက္ကဒမ်ဖြစ်သည်။ ဂျွန်၊ လူဒွန် မက္ကဒမ်သည် စကော့တလန်၊ အဲယားမြို့၌ ၁၇၅၆-ခုနှစ်၊ စက်တင်ဘာလ ၂၁-ရက်နေ့တွင် မွေးဖွားသည်။ သူ့အသက် ၁၄-နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သူ၏ ဦးရီးတော်သူ ကုန်သည ...

ဖာဒီနန် ဒီ လက်ဆက်

ဖာဒီနန် မာရီဒါလက်ဆက် သည် ပြင်သစ်လူမျိုး အင်ဂျင်နီယာနှင့် သံအဖွဲ့ဝင်တစ်ဦးဖြစ် သည်။ ၁၈၅၉ ခုနှစ်တွင် စတင်ဖောက်လုပ်၍ ၁၈၆၉ ခုနှစ်တွင် ဖွင့်လှစ်ကာ ကမ္ဘာတွင် ထင်ရှားလှပသော ဆူးအက်တူးမြောင်းကို တာဝန်ယူ၍ ကြံစည်ဆောင်ရွက်ခဲ့သည့် အင်ဂျင်နီယာအဖြစ် ကျော်ကြားသော ...

အလက်ဇန္ဒား ဂရေဟမ် ဘဲလ်

တယ်လီဖုန်းတီထွင်သူ အလက်ဇန္ဒား ဂရေဟမ်ဘဲလ် ကို ၁၈၄၇ တွင် စကော့တလန်၊ အီဒင်ဘာ့ဂ်မြို့၌ ဖွားမြင်သည်။ စာသင်ကျောင်းတက်ကာ ပညာကောင်းစွာ သင်ကြားခဲ့ခြင်းမျိုးမရှိဘဲ မိသားစုကသာ သင်ကြားပေးခဲ့ပြီး ကိုယ်တိုင်ကလည်း ပညာကိုလိုလားစွာ သင်ယူသည်။ ဖခင်ဖြစ်သူ အသံဇီဝပညာရ ...

ဘလူးထူးသ်

ဘလူးထူးသ် ဆိုသည်မှာ လှိုင်းတို‌ရေဒီယိုစနစ်တစ်ခုဖြစ်သည့် ‌ရေဒီယိုစနစ်ကိုအသုံးပြုပြီး မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်‌ပေးသည့်စနစ်တစ်ခု ဖြစ်သည်။ ထိုစနစ်ကို အသုံးပြုခြင်းအားဖြင့် တစ်ကိုယ် ‌ရေသုံးကွန်ရက် အတွ ...

ဂျွန် အားရစ်ဆန်

ဆွီဒင်နိုင်ငံ ဝမ်းမလန်းနယ်၊ လန်ဗန်ရှစ်တန်မြို့၌ ၁၈ဝ၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွားမြင်သော ဂျွန် အားရစ်ဆန် သည် စာမရေးတတ်သေးမီ အရွယ်ကပင် စက် ကိရိယာပုံစံများကို စတင်ရေးဆွဲလာခဲ့သည်။ အသက်ရှစ်နှစ်အရွယ်တွင် မြို့ဘက် ဆိုင်ရာ အင်ဂျင်နီယာရုံး တစ်ရုံး၌ ...

ကျူးကော့လျံ

ကျူးကော့လျံ သည် တရုတ်လူမျိုး နိုင်ငံရေးသမား၊ စစ်ရေးဗျူဟာရှင်၊ စာရေးဆရာ၊ အင်ဂျင်နီယာ၊ တီထွင်သူ တစ်ဦးဖြစ်၍ အမည်တစ်မျိုးဖြင့် "ခုံမင်" ဟုလည်း ခေါ်ဝေါ်ကြသည်။ သုံးပြည်ထောင်ခေတ်အတွင်း ရှူပြည်ထောင်အတွက် အမတ်ချုပ်နှင့် ရင်ခွင်ပိုက်အုပ်ချုပ်သူ ရာထူးများဖြ ...

ဆိုင်လန်

ချိုက်လွန် သည် တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၎င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန ...

ရိုက်ညီနောင်

ရိုက်ညီနောင်၊ အော်ဗီလ်ရိုက် နှင့် ဝီလ်ဘာရိုက် တို့ကို လူသားတို့သမိုင်းတွင် ပထမဆုံး ကောင်းကင်၌ ပျံသန်းသူများ၊ လူသားတို့ယဉ်ကျေးမှုကို ပြောင်းလဲစေမည့် တစ်ခေတ်ဆန်းစေမည့် လေယာဉ်ပျံကို တီထွင်သူများအဖြစ် လူတို့က အမှတ်ရကျေးဇူးတင်ကြသည်။ လူပုဂ္ဂိုလ် နှစ်ဦး ...

သောမတ် အက်ဒီဆင်

သောမတ် အယ်လ်ဗာ အက်ဒီဆင် သည် အမေရိကန် တီထွင်သူ၊ သိပ္ပံပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သောမတ် အက်ဒီဆင်အား ၁၈၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် မီလန်၌ မွေးဖွားသည်။ အက်ဒီဆင်ကို ငယ်စဉ်၌ စာသင ...

ရေနွေးငွေ့တာဘိုင် ရဟတ်စက်

ရေနွေးငွေ့တာဘိုင် ရဟတ်စက်များသည် ဖိသိပ်ထားသော ရေနွေးငွေ့အား အပူစွမ်းအင်ထွက်ပေါ်လာစေပြီး ထိုစွမ်းအင်ဖြင့် အထွက်ပြွန်ရှိမောင်းတံကို လှည့်ပတ်စေခြင်းနည်းအသုံးပြု၍ စက်ကိရိယာအားအလုပ်လုပ်စေသော ကိရိယာတမျိုးကိုခေါ်ဆိုသည်။ ထိုကိရိယာ၏ခေတ်မီပုံစံအား ၁၈၈၄ခုနှ ...

ဆေးဆိုးပန်းရိုက်ခြင်း

ဆေးဆိုးပန်းရိုက်ခြင်း ဆိုသည်မှာ ပိုးဇာမျက်နှာပြင်ပုံနှိပ် နည်းပညာတစ်ခု ဖြစ်သည်။ ပိုးဇာဘောင် ပုံနှိပ်ခြင်းဟုလည်းခေါ်ပါသည်။ ပုံနှိပ်ခြင်းနည်းများထဲမှ ပိုးဇာခေါ် နိုင်လွန်စကာ စ ပိတ်ပါးစများ ၊ ဘိပြားခေါ် စကေဘာ ပြားများ အသုံးပြုကာ ပလက်စတစ်၊သစ်သား၊ အင် ...

မိုနိုတိုက် စာစီစနစ်

မိုနိုတိုက် စာစိစစ်သည် ရှေးစာပုံနှိပ်စက်ကဲ့သို့ လက်ဖြင့် စာစီခြင်း၊ စာဖောင်ပြုလုပ်ခြင်း စသော အလုပ်များ မရှိတော့ဘဲ၊ စက်ဖြင့်သာ ပြီးစီးသည့်ခေတ်မှီ လက်နှိပ်စာစီစက် ဖြစ်သည်။ မိုနိုတိုက် လက်နှိပ်စာစီစက် တစ်ခုသည် စာစီသမား ၅ ဦး ၆ ဦး၏ အလုပ်ကို လုပ်ကိုင်န ...

သတင်းစာ

သတင်းစာဟူသည် ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ ကမ္ဘာအဝန်းနေ့စဉ်၊ သတင်းပတ်စဉ် ဖြစ်ပျက်နေသော အကြောင်းချင်းရာများကို လူထုသိရှိရန် သတင်းအဖြစ် ပုံနှိပ်ဖြန့်ချိသော စာစောင်ကို သတင်းစာဟု ခေါ်သည်။ သတင်းစာသည် လူထုနှင့် ဆက်သွယ်နေရသော ကရိယာဖြစ်သည်။ သတင်းစာသည် လူထ ...

ဂဏန်းတွက်စက်

ဂဏန်းတွက်စက် သည် အပေါင်း၊ အနှုတ်၊ အမြောက်၊ အစား နှင့် အခြား logical operation များကို လုပ်ဆောင်နိုင်သော စက်တစ်လုံးဖြစ်သည်။ ပရိုဂရမ်ရေးသွင်းနိုင်သော calculator တစ်လုံးသည် ပရိုဂရမ်နှင့်အညီလိုက်၍ သင်္ချာ operation များကို အစီအစဉ်တကျ ဆောင်ရွက်ပေးသည်။ ...

စာကူးစက်

စာကူးစက်ဆိုသည်မှာ စာကိုသာမက ရုပ်ပုံများကိုပါ မိတ္တူ ပေါင်းများစွာ ကူးယူနိုင်သော စက်ဖြစ်သည်။ စာကူးစက်ဟူ၍ ခေါ်ရသော်လည်း အချို့ကိရိယာများမှာ စက်မပါချေ။ အလွယ် ဆုံးသော စာကူးနည်းမှာ ဤသို့ဖြစ်၏။ အအေးခံထားသော ကျောက်ကျောပြင်ပေါ်သို့ စာကူးမင်ဖြင့် ရေးထားသည ...

စာရင်းတွက်စက်

ကုန်တိုက်၊ ဘဏ်တိုက်မှစ၍ အလုပ်တိုက်အသီးသီးတွင် စာရင်းအင်း အမြောက်အမြားကို မှန်ကန်စွာ တွက်ချက်ရေး မှတ်၍ စံနစ်တကျ ထားရှိရသောအလုပ်မှာ လွယ်ကူသည့် အလုပ်မဟုတ်ချေ။ လူတို့သည် အဆိုပါ စာရင်း အင်းများကို ရှေးအခါက လက်နှင့်သာလျှင် ပင်ပန်းကြီးစွာ ရေးမှတ်ခဲ့ကြ ရ ...

မိတ္တူကူးစက်

မိတ္တူကူးခြင်းကို ရုံးလုပ်ငန်းများနှင့် စာကြည့်တိုက်တွင် လည်းကောင်း၊ စက်မှုထုတ်လုပ်သည့် လုပ်ငန်းများတွင် လည်း ကောင်း၊ ခက်ခဲနက်နဲသည့် အချက်အလက် စုဆောင်းသည့် စနစ်သုံး လုပ်ငန်းများတွင်လည်း ကောင်းသုံးစွဲကြသည်။ ဓာတ်ပုံ ရုပ်ပုံများကို မိတ္တူကူးယူရခြင်း ...

လိုင်နိုတိက် စာစီစက်

ပထမ ပုံနှပ်စက်ပေါ်ပေါက်ပြီး နှစ်ပေါင်း ၅ဝ ခန့်ကြာသည့်တိုင်အောင် စာစီသမားသည် ပုံနှိပ်စာလုံးများကို တစ်လုံး ချင်းသာ စီပေးရသဖြင့် အချိန်များစွာကုန်ခဲ့ရ၏။ သို့သော် နောင်အခါ ပုံနှိပ်စာလုံးများကို လက်အစား စက်နှင့်လျင်မြန်သေသပ်စွာ စီပေးနိုင်သော စက်မျိုး ...

ဘီး

ဘီး ဟူသည်မှာ ဝင်ရိုးပေါ်၌ လည်နိုင်သော ချပ်ပြားဝိုင်း၊ သို့မဟုတ် အဝိုင်းခွေကိုဆေးဆိုး၍ မြန်မာစာအားဖြင့် ဘီး ဟုရေးသားသော်လည်း ပြောဆိုရာ၌မူ ဘိန်း ဟုခေါ်ဝေါ် သုံးစွဲကြသည်။ လူတို့သည် ကမ္ဘာဦးခေတ်အခါ မှစ၍ လူမူရေးအတွက်အမျိုးမျိုးသော ကြံစည်တီတွင်မူများကို ...

ပန်း (တာယာ)

ပန်း ဆိုသည်မှာ ဘီးတပ်ယာဉ်များ၏ဘီးအပေါ်တွင် တပ်ဆင်ထားသော တာယာ၏ အပြင်ဘက်မျက်နှာပြင်ပေါ်ရှိ မညီညာသော မျဉ်း၊ သို့မဟုတ် လှိုင်း များ ဖြစ်သည်။ ထိုလှိုင်းတို့မှာ ဘီးနှင့် မြေပြင်ကြားရှိ ပွတ်တိုက်အား ပိုကောင်းအောင် ရည်ရွယ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်း ...

မိုက္ကရိုစကုပ်

ကျွန်ုပ်တို့၏ ခြေလက်အင်္ဂါစသော ကိုယ်ခန္ဓာအစိတ် အပိုင်းများတွင် ကုဋေပေါင်းများစွာသော သာမန်မျက်စိဖြင့်မမြင် နိုင်သော သက်ရှိ သတ္တဝါကလေးများ တရွရွ လှုပ်ရှားလျက်ရှိကြ သည်ဟုပြောလျှင် ယုံကြည်လိုသော်မှ ယုံကြည်ကြပေလိမ့်မည်။ သို့သော် စင်စစ် ထိုသက်ရှိ သတ္တဝ ...

အီလက်ထရွန် အဏုကြည့်မှန်ပြောင်း

အီလက်ထရွန် အဏုကြည့်မှန်ပြောင်း သည် အလင်းဖိုတွန်များအစား အရှိန်မြှင့် အီလက်ထရွန်များကို အသုံးပြုသော အဏုကြည့်မှန်ပြောင်း ဖြစ်သည်။ အီလက်ထရွန်တစ်ခု၏လှိုင်းအလျားသည် မြင်နိုင်သော အလင်းဖိုတွန်များထက် အဆ ၁၀၀၀၀၀ အထိတိုနိုင်သဖြင့် အီလက်ထရွန်အဏုကြည့်မှန်ပြေ ...

အမြင့်ပြမီတာ

အမြင့်ပြမီတာ ဆိုသည်မှာ အရာဝတ္တုတစ်ခု၏ ရောက်ရှိနေသောအမြင့် ကို တိုင်းတာပြသပေးသော ချိန်ခွက်ကိရိယာတစ်မျိုးဖြစ်သည်။ အမြင့်ပြမီတာသည် လေယာဉ်ပျံသန်းရေး အထောက်အကူပြု တိုင်းတာရေးကိရိယာအဖြစ် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ထို့အပြင် တောင်တက်သမားများနှင့် လ ...

ပုံရိပ်သခြင်း

အကယ်၍ ပုံရိပ်သဖြင်း အတတ်ပညာကို လေ့လာလိုက်စား လိုပါက အောက်ပါ စာအုပ်များကို ဖတ်ရှုလေ့လာနိုင်သည်။ Wilhelm Burger and Mark J. Burge 2007။ Digital Image Processing: An Algorithmic Approach Using Java ။ Springer။ ISBN 1846283795 and ISBN 3540309403 ။ T ...

ဓာတ်ပုံ

ဓာတ်ပုံ ဟူသည် အလင်းကို အာရုံခံနိုင်စွမ်းရှိသော ဓာတ်သားပါသည့် ဖလင်ပြားပေါ်သို့ အလင်းကျရောက်ရာမှ ဖြစ်ပေါ်ရရှိလာသော ပုံရိပ် ဖြစ်သည်။ ဓာတ်ပုံအများစုကို ဓာတ်ပုံ ပုံရိပ်ကို ဝင်ရောက်လာအောင် ဖမ်းယူနိုင်သော မှန်ဘီလူးပါသည့် ကင်မရာ ဖြင့် ဖန်တီးပြုလုပ်ခြင်း ...

ပုံရိပ်

ပုံရိပ် ဟူသည်မှာ ဝတ္ထုစစ်များ၏ ပုံတူအရိပ် ဖြစ်သည်။ ဥပမာအားဖြင့် တူးဒီရုပ်ပုံ တစ်ပုံသည် ပုံရိပ်ဖြစ်သည်။ ပုံရိပ်တွင် တူးဒီပုံရိပ် နှင့် သရီးဒီပုံရိပ် ဟူ၍ နှစ်မျိုးကွဲသည်။ ယင်းပုံရိပ်များကို အလင်းဓာတ်ကိရိယာ များ ဖြစ်ကြသော ကင်မရာ၊ ကြေးမုံ၊ မှန်ဘီလူး၊ ...

ဗွီဒီယိုဖရိမ်

ရုပ်ရှင်ထုတ်လုပ်ခြင်း ၊ ဗွီဒီယိုထုတ်လုပ်ခြင်း နှင့် ကာတွန်းရုပ်ရှင်ထုတ်လုပ်ခြင်း စသည့် ပညာရပ်များတွင် ဗွီဒီယိုဖရိမ် ခေါ် ဖလင်ဖရိမ် ဟူသည်မှာ လှုပ်ရှားနေသော ရုပ်ရှင်၊ ဗွီဒီယို အစဉ်အတန်းများထဲတွင် ရှိနေသည့် ရုပ်သေပုံရိပ် တစ်ခုခုကို ဆိုလိုသည်။ ရုပ်ရှ ...

အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်

အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ် ဝန်ဆောင်မှုပေးသော စက်ရုပ်များသည် အလိုအလျောက်ထိန်းချုပ်မှုစနစ်ပါ စက်ရုပ်များဖြစ်ပြီး အိမ်တွင်းမှုလုပ်ငန်းများတွင် အသုံးပြုကြသည်။ များလှစွာသော အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်များကို အခြေခံ အိမ်သန့်ရှင်းရေးလုပ်ငန်းမ ...

အိုင်းပက် (ကွန်ပျူတာ)

iPad သည် Apple Inc. မှ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ဖြန့်ချိ ရောင်းချသော သင်ပုန်းကွန်ပျူတာ အမျိုးအစားဖြစ်ပါသည်။ အဓိကအားဖြင့် အရုပ်မြင် အသံကြားစနစ်များကို အသုံးပြုနိုင်ရန် ဖြစ်ပါသည်။ ထို့အတူ အီလက်ထရောနစ်စာအုပ်များ၊ သီချင်းများ၊ ဂိမ်းများ အပြင် ...

အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ်

အပြည်ပြည်ဆိုင်ရာ ယူနစ် စနစ် သည် မက်ထရစ် စနစ် ၏ အပြည်ပြည်ဆိုင်ရာ ပုံစံ ဖြစ်သည်။ SI သည် ပြင်သစ်ဘာသာစကား S ystème I nternational dunités မှ လာသော အတိုကောက် စကားလုံး ဖြစ်သည်။ မက်ထရစ် စနစ် သည် မီတာ၊ ကီလိုဂရမ် နှင့် စက္ကန့် တို့ အပေါ်တွင် အများ အားဖြင့ ...

ကျောက်တူးလုပ်ငန်း

ကျောက်တူးလုပ်ငန်းသည် အဆောက်အုံများ ဆောက်လုပ် ရန်နှင့် လမ်းများခင်းရန် ကျောက်အမျိုးမျိုးကို မြေလွှာအောက်မှ တူးဖော်ယူသည့်လုပ်ငန်း ဖြစ်သည်။ တူးဖော်သည့် ကျောက်များ မှာ စကျင်ကျောက်၊ နှမ်းဖတ်ကျောက်၊ ထုံးကျောက်၊သဲကျောက် စသည်တို့ ဖြစ်ကြ၏။ အချို့သော ကျောက ...

ဆောက်လုပ်ရေး

ဆောက်လုပ်ရေး ဆိုသည်မှာ အဆောက်အဦး သို့မဟုတ် အခြေခံအဆောက်အအုံ တစ်ခုကို တည်ဆောက်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဆောက်လုပ်ရေး နှင့် ကုန်ထုတ်လုပ်ငန်း ကွဲပြားခြားနားသည့် အချက်မှာ ကုန်ထုတ်လုပ်ငန်းများတွင် ဝယ်ယူမည့်သူ သတ်သတ်မှတ်မှတ် မရှိသော်လည်း ပုံစံတူ ပစ္စည် ...

ဖောင်ဝပ်

ဖောင်ဝပ် ဆိုသည်မှာ အဆောက်အအုံ တစ်ခုဆောက်လုပ်ခြင်း၌ ကွန်ကရိလောင်းရာတွင် လိုအပ်သော ပုံသဏ္ဌာန်ရစေရန် သစ်သားများဖြင့် ဆင်ထားသော ပုံလောင်းခွက် ၊ တိုင်လောင်းရန်အတွက်၊ ဓာတ်လှေခါးနံရံလောင်းရန်အတွက် ၊ နံရံများလောင်းရန်အတွက် များကို သုံးပါသည်။ ကွန်ကရိလောင် ...

သံချီသံကွေးပညာ

သံချီသံကွေး ပညာသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရေးပါသော သံကူကွန်ကရစ်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ပညာရပ် ဖြစ်သည်။ လုပ်ငန်းလိုအပ်ချက်အရ အင်ဂျင်နီယာမှ တွက်ချက်ထုတ်ပေးသော ပုံစံကို သံချောင်းအရွယ်အစားတို့ဖြင့် သံကွေးခြင်း၊ သံချီခြင်းလုပ်ငန်းကို ခေ ...

အဆောက်အအုံ ဆောက်လုပ်ခြင်း

ကမ္ဘာအရပ်ရပ်၌ ရှေးမင်းများ လက်ထက်က တည်ဆောက်ခဲ့သော စေတီပုထိုးကြီးများ၊ ပိရမစ်ကြီးများ၊ နန်းတော်ဆောင်ကြီးများ၊ ရဲတိုက်ကြီးများ စသော အဆောက်အအုံကြီး များအနက် အချို့ကို ယခုထက် တိုင် တွေ့မြင်နိုင်သေးသည်။ သို့သော် ထိုအဆောက်အအုံကြီး များကား လပိုင်း လောက် ...

ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန (၁၉၇၃–၂၀၀၁)

မူလ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မဟတ္တန်အောက်ပိုင်း ဖိုင်နန်ရှယ်အရပ်တွင်တည်ရှိ၍ အဆောက်အဦး ခုနှစ်ခုပါဝင်သော ကြီးမားသည့် တွဲဆက် အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၉၇၃ ဧပြီ ၄ တွင် ဖွင့်လှစ်ခဲ့၍ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတ ...

အင်ပိုင်ယာစတိတ် အဆောက်အဦး

အင်ပိုင်ယာစတိတ် အဆောက်အဦးသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ရှိသော ၁၀၂ ထပ်မြင့်သည့် ထင်ရှားသည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ ဖစ်အဲဗင်းနျူး လမ်း နှင့် ဝက်စ် သာတီဖိုး လမ်း ဆုံရာတွင် ရှိသည်။ ၎င်းသည် ၁၂၅၀ ပေမြင့်သည်။ အဆောက်အဦး၏ အမည်မှာ နယူးယောက်ပြ ...

အေရိုဒိုင်းနမစ်ပညာ

အမေရိကန်လူမျိုး ရိုက်ညီနောင်သည် ၁၉ဝ၃ ခုနှစ်တွင် လေယာဉ်ပျံဖြင့်စတင် ပျံသန်းခဲ့သည်။ ယင်းအချိန်မှစ၍လေယာဉ် ပျံသန်းမှုကို စီးပွားရေးနှင့် ကာကွယ်ရေးရှုထောင့်မှနေ၍တိုးတက် ကောင်းမွန်စေရန် အစဉ်တစိုက် သုတေသနပြုခဲ့ကြသည်။ ယင်း ရှုထောင့်နှစ်ရပ်စလုံးမှ လိုအပ်ခ ...

ဂျန်နရယ် အီလက်ထရစ်

ဂျန်နရယ် အီလက်ထရစ် GE) သည် အမေရိကန် နိုင်ငံစုံကော်ပိုရေးရှင်း ဖြစ်ပြီး နယူးယောက်တွင် မှတ်ပုံတင်ကာ ဘော်စတွန်တွင် ရုံးချုပ်ဖွင့်ထားသည်။ ၂၀၁၈ ခုတွင် လေကြောင်း၊ ကျန်းမာရေး၊ စွမ်းအင်၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ဒစ်ဂျစ်တယ်၊ ထွန်းမီး စသည့် နယ်ပယ်များတွင် လု ...

ဆေးပြင်းလိပ်ဖြတ်တံ

ဆေးပြင်းလိပ်ဖြတ်တံ သည် ဆေးရွက်ကြီးဖြင့် လိပ်ထားသော ဆေးပြင်းလိပ် တစ်လိပ်ကို သောက်ရန် သင့်လျော်သည့် အနေအထားသို့ ရောက်အောင် အနားတဖက်ကို ဖြတ်ရန် တီထွင်ထားသော ဖြတ်တံ ကိရိယာ ဖြစ်သည်။ ဆေးပြင်းလိပ် အချို့မှာ အဖျား နှစ်ဖက်စလုံး ဖြတ်ထားပေးခြင်း၊ ညှစ်ချိုးပ ...

ခက်ရင်း

ခက်ရင်း သည် အချွန်အတက်များ ထိပ်ဖျားတွင် ရှိသော လက်နက် သို့မဟုတ် ကိရိယာတစ်မျိုး ဖြစ်သည်။ ခက်ရင်း အမျိုးမျိုး ရှိသည်။ သာမာန် လှံ၊ စူး၊ ဝါးချွန်တို့တွင် ချွန်မြသောအသွား တစ်ခုသာ ရှိသော်လည်း ခက်ရင်းတွင် နှစ်ခွ၊ သုံးခွမှ စ၍ အစားစား ရှိနိုင်သည်။ ခက်ရင်း ...

ပန်းကန်

ပန်းကန် ဆိုသည်မှာ ကုန်းဘောင်ခေတ်နှောင်း၊ ကိုလိုနီခေတ်ဦး ဝန်းကျင်မှ စတင်၍ အသုံးပြုကြသော အစားအသောက်ထည့်စားသည့် အဝိုင်းသဏ္ဌာန် အရာဝတ္ထုဖြစ်သည်။​ များသောအားဖြင့် မျက်နှာပြင်မှာ ဝန်းဝိုင်းပြီး အလယ်တွင် စားစရာထည့်နိုင်ရန် အနည်းငယ်လျှောပြီး ခွက်သည်။ ချွ ...

တံစဉ်

တံစဉ် သည် ကောက်ပဲသီးနှံများအား လှီးဖြတ်ရိတ်သိမ်းသည့် လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ အသုံးပြုရသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတစ်ခု ဖြစ်သည်။ ကွေးသည့် သဏ္ဌာန်ရှိပြီး အတွင်းပိုင်းသည် ထက်သည်။ သံခေတ်အစကတည်းက တံစဉ်ကို အသုံးပြုခဲ့ကြသည်။ အစပိုင်းတွင် တ ...