ⓘ Free online encyclopedia. Did you know? page 101

တို့ဗမာ သီချင်း

တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင် ...

တို့ဗမာအစည်းအရုံး

မြန်မာ့လွတ်လပ်‌ရေး ကြိုးပမ်းကြရာတွင် တခန်းတကဏ္ဍအဖြစ်ပါဝင်လျက် ထင်ရှား‌ပေါ်လွင်ခဲ့‌သော တို့ဗမာအစည်းအရုံးကြီးသည် သက္ကရာဇ် ၁၂၉၂ ခု လောက်တွင် စတင်‌ပေါ်‌ပေါက်လာခဲ့‌လေသည်။ ဗမာပြည်သည် - တို့ပြည် ဗမာစာသည် - တို့စာ ဗမာစကားသည် - တို့စကား တို့ပြည်ကို - ချစ် ...

တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့

သခင်ဗသောင်း သခင်မြစိန်ချောက် သခင်ကြီးမြင့် သခင်ချစ်မောင်ဝိဓူရ သခင်သင်းလှိုင် သခင်ထွန်းခင် သခင်ဗဖြူ သခင်စံရွှေ သခင်သိန်းဖေမြင့် သခင်မြတ်ဆိုင် သခင်ခင်ညွန့် သခင်ဗလှိုင်သထုံ သခင်ဦးပါမောက္ခ သခင်သန်းမော်လမြိုင် သခင်အောင်နိုင်ဦးအာစရ သခင်ဗဟန်ရန်ကုန် သခင် ...

တောင်သူလယ်သမားအစည်းအရုံး

‌တော်လှန်‌ရေး‌ကောင်စီသည် ၁၉၆၂ ခုနှစ်၊ ‌မေလ ၂ ရက် ‌နေ့တွင် နိုင်ငံ‌တော်၏ အာဏာကို လွှဲ‌ပြောင်းတာဝန်ယူရာမှစ၍ ‌တောင်သူလယ်သမားတို့ဘဝ ရှင်သန်လူးလွန့်လာ၇‌လေသည်။ ‌တော်လှန်‌ရေး‌ကောင်စီ၏ ဝါဒသ‌ဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာခဲ့သည်။ ...

တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင်

တော်ဝင်သမိုင်းကော်မရှင် သည် Konbaung ခေတ်၏ စံတရားရုံးရာဇဝင်များ ၊ မှန်နန်းရာဇဝင် နှင့် ဒုတိယရာဇဝင် တို့ကိုထုတ်လုပ်ခဲ့သည်။

ဒီဆူဇာ

ဒီဆူဇာ ဆိုသည်မှာ ပြည်သူပိုင် မသိမ်းမီ တစ်ချိန်က မြန်မာနိုင်ငံတွင် နာမည်ကြီးခဲ့သော ဆေးဆိုင် တစ်ဆိုင်ဖြစ်သည်။ ထိုခေတ်က ဒီဆူဇာဆေးကြော်ငြာ မပါသော စာနယ်ဇင်းဟူ၍ လုံးဝမရှိခဲ့ပေ။

ဒုတိယတကောင်းမင်းဆက်

အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာ ဟူသော သာကီဝင်မင်းတစ်ပါးသည် သာကီဝင်ဆက် မင်းသမီး တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုန ...

ဓညဝတီ အရေးတော်ပုံကျမ်း

ဓညဝတီ၊ ဟံသာဝတီ၊ ရတနာပူရ၊ ရတနာသီခ၊ နရသေဌ် နင်း၊ မင်းဆက်မင်းတို့၊ နှိမ်နင်းတိုက်ဖျက်၊ လက်နက်နိုင်ငံ စီမံချဲ့ထွင်ကြပုံများကို မှတ်တမ်းသဖွယ် တင်ထားအပ်သော အရေးတော်ပုံ ကျမ်းငါးစောင်အနက် ဓညဝတီအရေးတော်ပုံ ကျမ်း သည်လည်း တစ်စောင် အပါအဝင်ဖြစ်သည်။ ထိုကျမ်းကိ ...

နဂါးမင်း စစ်ဆင်ရေး

နဂါးမင်းစစ်ဆင်ရေး သည် ၁၉၇၈ ခုနှစ် နှစ်ဦးက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော စီမံချက်တစ်ခု ဖြစ်သည်။ "နဂါးမင်းစစ်ဆင်ရေး" ဟု ခေါ်ဝေါ်သုံးစွဲ နေကြသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာ သောင်းကျန်းမှု နှိမ့်နင်းသည့် စစ်ဆင်ရေးမျိုး မဟုတ်ချေ။ ထိ ...

စစ်ကိုင်းနရပတိစည်သူ

စလင်း စည်သူကျော်ထင် သည် အင်းဝ၌ နန်းတက်သော မင်းတစ်ပါး ဖြစ်ခဲ့သည်။ စစ်ကိုင်းနရပတိစည်သူကို စလင်းကို စားရ၍ စလင်းစည်သူကျော်ထင်၊ နောက်ပိုင်း စစ်ကိုင်းကို စားရ၍ စစ်ကိုင်းစည်သူကျော်ထင်ဟုလည်း ခေါ်ကြသေးသည်။ အင်းဝမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် အမည်ရင်း စည်သ ...

ပုဂံခေတ် ပျက်သုဉ်းပြီးနောက် မြန်မာနိုင်ငံ

ပုဂံခေတ် ပထမမြန်မာနိုင်ငံတော် ပျက်သုဉ်းပြီးနောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲကွဲ အပြားပြားဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး နှင့် ယဉ်ကျေးမှုတို့ အဖက်ဖက်တွင် ဆုတ်ယုတ်ပျက်ပြားနေခဲ့ရသည်။ ယင်းကာလကို ဂျီးအီး ဟာဗီနှင့် ပန်းဟ ...

ပင်လုံစာချုပ်

ပင်လုံစာချုပ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှက်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ အချိန်ကား လွန်ခဲ့သော ၇၀ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။ နေရာမှာ ရှမ်းပ ...

ပင်လုံညီလာခံ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ် ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ ...

ပင်းယ-စစ်ကိုင်းခေတ်

ပင်းယ-စစ်ကိုင်းခေတ်မှာ ပုဂံပျက်သုဉ်းခဲ့ပြီးနောက်တွင် ပေါ်ထွန်းလာသည့် ထီးပြိုင်နန်းပြိုင်မင်းဆက်များဖြစ်သည်။ အမျိုးအနွယ်အားဖြင့်လည်း ရှမ်းများဖြစ်ကြကာ ဗမာစစ်စစ်များမဟုတ်ကြချေ။ ရှမ်းညီနောင်သုံးဦးအနက်မှ အငယ်ဆုံးဖြစ်သည့် ပင်းယမြို့တည် တစ်စီးရှင် သီဟသ ...

ပထမ သရေခေတ္တရာမင်းဆက်

ဧရာဝတီမြစ်‎၏ အောက်ပိုင်း တွင် ရသေ့ဖြစ်နေသော ခေပဒုတ မင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသ ...

ပထမမင်းခေါင်

ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော် မင်းဆွေ က မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၎င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ...

ပန်ထွာဘုရင်မ

မြန်မာ ရာဇဝင်ပုံပြင်များတွင် ပန်ထွာဘုရင်မ သည် ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်၍ အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်ဟု ဆိုကြသည်။

ပါတော်မူခြင်း

တတိယ အင်္ဂလိပ် - မြန်မာစစ် ပြီးဆုံးပြီးနောက် ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟု ခေါ်ဆိုသည်။ သီပေါမင်းကို ...

ပုဂံ

ပုဂံ တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်၎င်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကေ ...

ပုဂံခေတ်မတိုင်မီမြန်မာနိုင်ငံ

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ဘက် တောင်ကုန်းအရပ်ဒေသများ တဝိုက်တွင် ပုဂံပြည်မတိုင်ခင် နှစ်ရာစု အတန်ကြာ လောက်ကပင် ရှမ်းလူမျိုး များနှင့် အနွယ်တူ လူမျိုးစုများသည် ဝင်ရောက် နေကြပြီး မိမိတို့နှင့် အနွယ်တူ လူမျိုးစုများအလိုက် မြို့ပြပြည်ရွာများ ...

ပေါက်ကျိုင်း

မောင်ပေါက်ကျိုင်း ဆိုသည်မှာ မြန်မာ့သမိုင်းရှိ သရေခေတ္တရာ၊ ဗိဿနိုးမြို့တို့နှင့် ဆက်စပ်နေသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး ရှေးခေတ်မြန်မာတို့ အစဉ်အဆက်ပြောလာခဲ့ကြသော ပါးစပ်ရာဇဝင် တစ်ခုလည်းဖြစ်သည်။ တကောင်းပြည်ကြီးကို စိုးစံခဲ့ပြီး ဘွဲ့အမည်မှာ သတိုးမ ...

ပျူမြို့ပြနိုင်ငံများ

ပျူမြို့ပြနိုင်ငံများ ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးကို ရည်ညွှန်းသည်။ "ပျူ"ကို Pyuu Pyus ဟုလည်းဆို၍ တရုတ်တို့က ဖျောက် ဟုမှတ်တမ်းတင်ခဲ့ကြသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွ ...

ပြည်တော်သာခေတ်ဟောင်းက ပြည်မြန်မာ

လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က မဆလခေတ်မှာ အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်တစ်သိုက်ကို ပြည်တော်သာခေတ်က စာအုပ်စာတမ်းများကိုပြလိုက်မိတော့ အဲဒီအထဲမှာပါတဲ့ကုမ္ပဏီပစ္စည်း ကြော်ငြာ ဈေးနှုန်းတွေကိုကြည့်ပြီး အစစရှားပါးနေတဲ့ မဆလခေတ်နဲ့နှိုင်းယှဉ်ကာ "အကိုကြီးရယ်ဒါ က ...

ပြည်တော်သာစီမံကိန်း

၁၉၅၂ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်ဦးနုသည် ပြည်တော်သာ ၅နှစ်စီမံကိန်းကို ကြေငြာခဲ့သည်။ ပြည်တော်သာစီမံကိန်းသည် တော်ဝင်လယ်သမားများနိုင်ငံအဖြစ် ဖွင့်ဆိုပါသည်။ ထိုစီမံကိန်းသည် ဦးနု၏ နိုင်ငံရေးပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေး၊ ကြီးပွားချမ်းသာရေးနှင့် ဗု ...

ပြည်သာယာ စစ်ဆင်ရေး

ပြည်သာယာ စစ်ဆင်ရေး သည် တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၁၉၉၁ မှ ၁၉၉၂ အကြား လှုပ်ရှားခဲ့သော စစ်ဆင်ရေး ဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ အားကောင်းလာသည့်အတွက် ဦးနှိမ် ...

ပြည်သူ့ရဲဘော် အဖွဲ့

ပြည်သူ့ရဲဘော် အဖွဲ့ သည် ၁၉၄၅၊ ဒီဇင်ဘာ-၁ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုနဲ့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ၇-၉-၁၉၄၅ နေ့ ဂန္ဒီ စာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် ဗမာ့ တပ်မတော် မှာပါဝင် ...

ပြတိုက် မပြတိုက်

ဘလှိုင်ကော်မတီ အမျိုးသားပြတိုက် ပစ္စည်းစုပြီး ခင်းကျင်းပြသရန် အစီရင်ခံစာ ၁၉၄၅။ မင်းနိုင် ပြတိုက်လမ်းညွှန် ၁၉၈၀ တွေကိုလည်း ဖတ်တယ်။ အင်ဒိုနေရှား၊ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေက ပြတိုက်ကြီးတွေ လည်း ကြည့်ရှုပြီး မှတ ...

ဗညားဒလ (ဝန်ကြီး)

ဝန်ကြီး ဗိုလ်မှူး အဂ္ဂမဟာသေနာပတိ ဗညားဒလ သည် ဘုရင့်နောင် လက်ထက်တွင် ထင်ရှားသည့် မွန်မှူးမတ် စစ်သူကြီး တစ်ဦးဖြစ်သည်။ စစ်ရေး၊ နှုတ်ရေး၊ လက်ရေး အစွမ်းကောင်းသူဖြစ်သသည်။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို မွန်ပေမူမှ ပထမဆုံးသောမြန်မာပေမူအဖြစ် ဘာသာပြန်ဆိုသည်။ ...

ဗဒလင်းဂူ

ဗဒလင်းဂူ သည် မြန်မာပြည်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် ရှိသည်။ ပဒတ်လိုဏ်ဂူဟုလည်း ခေါ်သည်။ ဒေသခံ လူတွေများက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်လိုဏ် ဟုခေါ်သည်။ –ပြဒါးလင်း - ဂူဟု ပညာရှိ အခေါ်ခံရ သူတွေက ပ ...

ဗမာနှင့်မြန်မာ ဝေါဟာရများအားရှင်းလင်း ပြသခြင်း

အင်္ဂလိပ်ဘာသာဖြင့် ဘားမားကို မြန်မာဟု ပြောင်းလဲရန် စစ်အစိုးရက ၁၉၈၉ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းသည် အငြင်းပွားစရာ ဖြစ်ခဲ့သည်။ အောက်ပါ အသေးစိတ်ရှင်းလင်းချက်သည် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့တွင်ဗမာနှင့် မြန်မာအမည်နာမများ သုံးစွဲကြပုံကို ရှင်းထားခ ...

ဗမာအကြိုသမိုင်း

ဘူမိဗေဒ အခြေခံ ကနေ့ ဗမာနိုင်ငံလို့ ပေါ်နေတဲ့ မြေနေရာဟာ ဘယ်တုန်းက စပေါ်သလဲ၊ လူတွေ ဘယ်တော့လောက်က စလာနေသလဲ။ အခု ရာသီဥတု အခြေအနေနဲ့ အခု အကောင်၊ အခု အပင်တွေ ဘယ်တုန်းက စပြီး ဖြစ်ပေါ် ရောက်ရှိ ပေါက်ဖွား နေသလဲလို့ သိချင်ကြမယ်။ ဘူမိဗေဒနဲ့ ရှေးဟောင်း သုတေသ ...

ဗမာ့ကာကွယ်ရေးတပ်မတော်

အင်အားကြီးမားသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဂျပန်တို့သည် အလိမ္မာနှင့် ချုပ်ချယ်ရန်ကြိုးစားလာကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပေးတော့မည်ဖြစ်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟူသော အမည်သည်လည်း အဓိပ္ပါယ်မရှိဖြစ်နေသည်။ လွတ်လပ်သည့်မြန်မာနိုင်ငံအတွက် ကာကွယ်ရန်သာ အရေ ...

ဗမာ့လွတ်မြောက်ရေးတပ်မတော်

၁၉၄၀ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဩဂုတ်လ ၈ ရက်တွင် သခင်အောင်ဆန်းသည် နိုင်ငံခြားအကူအညီရယူရန် အိုင်လီသင်္ဘောဖြင့် တရုတ်ပြည်သို့ ထွက်ခွာခဲ့သည်။ နိုဝင်ဘာလတွင် ဂျပန်စစ်ဗိုလ်မှူးကြီး ဆူဇူကီးနှင့်တွေ့ဆုံပြီး ဂျပန်မှ စစ်ရေ ...

ဗမာ့လွတ်လပ်ရေးတပ်မတော်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို လက်မောင်း သွေးဖေါက် သစ္စာရေ သောက်ကာ စုဖွဲ့ တည်ထောင်ခဲ့ကြပါသည်။ A ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးက ...

ဗြဲတိုက်

ဗြဲတိုက်ဟူသည်မှာ မြန်မာဘုရင်များလက်ထက် လွှတ်ရုံးငါးရပ်အနက် တစ်ရပ်အပါအဝင်ဖြစ်သည်။ နန်းမြို့တော်အတွင်း ဇေတဝန်ဆောင်၏ မြောက်ဖက် သီဟာသနပလ္လင်ရွှေနန်းပြသာဒ်တော်ကြီး၏ မြောက်ဖက်တွင် တည်ရှိသည်။ ဘုရင်စံတော်မူရာ နန်းတော်နှင့် တဆက်တည်း ဖြစ်သည်။ဗြဲတိုက်ဟူသော ...

ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း

၁၈၆၃ ခုနှစ်တွင် ဝေါလေ့ညီနောင်များက စတင်ထူထောင်သည့် ကုန်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားစေသည့် အကြောင်းအရင်းတခုအနေဖြင့် လူသိများသည်။

မင်းထီး

ကမ္ဘာပေါ်တွင်ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ် ၃ ဦးထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်နေပါသည်။ သူသည် AD 1279 မှ AD1374 ထိ ၉၅ နှစ်တိုင်တိုင်ထီးနန်းစိုးစံခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၆၄၁ မှ ၇၃၆ အထိ ရခိုင်ပြည် လောင်းကြက်မြို့ ...

မနုဟာမင်း

မွန်ဘုရင် မနူဟာ သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စု ခုနစ်ခုအနက် မွန်မျိုးနွယ်စုကြီးမှ ဆင်းသက် ပေါက်ဖွားလာသည့် သထုံမင်းဆက် ဆက်မြောက်ကို ဆက်ခံသော မင်းဖြစ်သည်။ မနူဟာ ဟူသည်" မနုမည်သော မဟာသမ္မတမင်း” ဟု ဆိုသည်။ ထို့ပြင် မနူဟာကို သမိုင်းပညာရှ ...

မိုးညှင်းစလုံ

မိုးညှင်းစလုံ မိုးညှင်းစော်ဘွားစဝ်လုံ သည် အေဒီ ခုနှစ်၌ အင်းဝတွင် မင်းပြုသော သိုဟန်ဘွား၏ ဖခင်ဖြစ်သည်။ မိုးညှင်းမြို့ သည် မွန်ဂိုတို့ လက်ထက် ၁၂၈၉-ခုနှစ်မှစ၍ ရှိနေကြောင်း သိရသည်။ တရုတ်မင်မင်းခေတ် ခုနှစ်တွင် ရှေးဦးစွာ ဖော်ပြထား၏။ ဧရာဝတီနှင့် ချင်းတွင ...

မိုးညှင်းသတိုး

မိုးညှင်းသတိုးဟူ၍လည်း တွင်သော မိုးညှင်းမင်းတရားသည် အင်းဝရွှေနန်းကို သက္ကရာဇ် ၇၈၈-ခုနှစ်မှ ၈၁၁-ခုနှစ်တိုင် စိုးစံသော မြန်မာမင်းဖြစ်သည်။ မိုးညှင်းမင်းတရားကြီးသည် ပုဂံလောင်းစည်သူ၏ မိဖုရားငယ်တွင်မြင်သည့် သမီးတော်နှင့် ခင်ပွန်း အနန္တသူရိယအမတ်တို့၏ တီတ ...

မုတ္တမစဉ့်အိုး

မုတ္တမစဉ့်အိုး ဘုရင့်နောင်မင်းတရားကြီး လက်ထပ်တော်မတိုင်မှီနှင့် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တော်တွင် မုတ္တမဆိပ်ကမ်းမှာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ယင်းမုတ္တမဆိပ်ကမ်းတွင် ဟံသာဝတီနေပြည်တော်လက်အောက်ခံ နယ်ပယ်တို ...

မုတ္တမမြို့

မုတ္ထမ သည် မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံခရိုင်၌ တည်ရှိသော မြို့တစ်ခုဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၏ အနောက်မြောက်၊ နှစ်မိုင်နီးပါးခန့်အကွာတွင် တည်ရှိပြီး သံလွင်မြစ်ကခြားထားသော ကျေးရွာတစ်ရွာဖြစ်သည်။ မုတ္တမသည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ ...

မေယုနယ်ခြားခရိုင်

မေယုနယ်ခြား ခရိုင် သည် နယ်ခြားအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသောခရိုင်နယ်ဖြစ်၏။ နယ်ခြားအုပ်ချုပ်ရေးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးနောက် မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် အကြောင်းကြောင်းတို့ကြောင့် လက် ...

မောင်ဖေခင် (ညောင်ရမ်းမင်းသား)

စကြာမင်း သည် ဘကြီးတော် မင်းတရား နှင့် ဆင်ဖြူရှင်မယ်တို့၏ သားတော်ဖြစ်သည်။ ၂၇ အောက်တိုဘာ ၁၈၁၂ ခုနှစ်တွင် ညောင်ရမ်းမင်းသား မောင်ဖေခင်ကို ဖွားမြင်ခဲ့သည်။ ညောင်ရမ်းမင်းသားမှာ စကြာမင်းဟုလည်း ထင်ရှားခဲ့ပါသည်။ ဘိုးတော်ဘုရား ၏ မြစ်တော် စကြာမင်းလေးသည် ဘိုး ...

မောင်မင်းဖြူ

မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးသည့် များပြားလှသော မင်းရဲကျော်စွာများအနက် အထင်ရှားဆုံးသောသူဖြစ်သည်။ အင်းဝဘုရင် ပထမမင်းခေါင်၏သားတော် အိမ်ရှေ့မင်း၊ လက်ရုံးတစ်ဆူသဖွယ်အားကိုးရသူ အဖြစ် ကျော်ကြားပါသည်။ မိခင်မှာ မောဝ်မင်းသမီးရှင်မိနှောက်ဖြစ်သည်။ ရှေ့ဘဝက ဟံသ ...

မြင်စိုင်းခေတ်

ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် ကျော်စွာ အား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ စောယွန်း၊ ရာဇသင်္ကြန် နှင့် သီဟသူ တို့ ရှမ်းညီနော ...

မြန်မာနိုင်ငံဒီမိုကရေစီ (ရှေးခေတ်ဦး)

ပုဂံဝန်ထောက်မင်းဦးတင်၏ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း" တွင် မဟာသမ္မတမင်းတင်မြှောက်ပုံနှင့်ပတ် သက်ပြီး "အသိအလိမ္မာ ဉာဏ်ပညာရှိသူ လူတစုတို့သည် မနု မည်သော သုခမိန်ကို မဟာသမတ တင်မြှောက်ကြ သည်။ တင်လျှောက်ပုံမှာ ငါတို့အပေါ်တွင် အသျှင်အစိုးရပြုလုပ် အုပ်ချု ...

မြန်မာနိုင်ငံသမိုင်း

ခရစ်နှစ် ၈ဝဝ လောက်တွင် မြန်မာနှင့် မြန်မာ အနွယ်ဝင်တို့သည် သံလွင်မြစ်ကြောင်း ကိုလိုက်၍ ကျောက်ဆည်မြို့နှင့် အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်ကြားလမ်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကြသောအခါ၊ သက်နှင့် ကဒူး တို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ ...

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် သည် ၁၉၁၁ ခုနှစ်မှ ၁၉၈၀ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုဘာသာရပ်များ ပါဝင်သော ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်စောင် ဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီးနောက် ဂျာနယ်သည် မ ...

မြန်မာနှင့် ဗမာ

မြန်မာ နဲ့ ဗမာ ဟာ နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံးမှာ ရှေး ဓားမဦးချ အခြေချ မှီတင်း နေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစု အားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှု အားနည်းနေသည်။ လွတ်လပ်ရေး ...