ⓘ Free online encyclopedia. Did you know?

ကျေးသန္တာ (ငှက်)

ကျေးသန္တာ သည် ကြက်တူရွေးငှက်အမျိုးအစား ဖြစ်သည်။ ကျေးသန္တာကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်ကြသည်။ ပါဏဗေဒအမည်မှာ လော်ရီကူလပ်ဗာနာလိ ဖြစ်သည်။ သစ်ကိုင်းတွင် ဦးခေါင်းဇောက် ထိုးထားလျက် တွဲလွဲနေတတ်သည်။ ဤအကျင့်ကို အစွဲပြု၍ ယင်းကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်သေး ...

ကျွဲကျောင်းဗျိုင်း

မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်၊ လယ်ပြင်နှင့် ကမ်းခြေများ၌ အများအပြားတွေ့နိုင်သည်။ ကျွဲနွားများအနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်းဖြစ်သည်။

ကြက်

ကြက် သည် ငှက်နှင့် အလားသဏ္ဌာန် တူသော တိရစ္ဆာန် ဖြစ်ပြီး တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟူ၍ အမျိုးမျိုး အစားစား ရှိကြသည်။ ကြက်သည် ဥ ဥသော တိရစ္ဆာန် ဖြစ်ကာ အစောဆုံးသော အိမ်မွေးတိရစ္ဆာန် တစ်မျိုးအဖြစ် လူတို့မွေးမြူခဲ့သည့် အထောက်အထားများကို တွေ့ရသည်။

ကြက်ဆင်

ကြီးမားသော ကြက်ရိုင်းကြီး တစ်မျိုးဖြစ်၍ အမောက်တွဲကြီးမှာ နှာမောင်းပုံသဏ္ဌာန် ရှိ၍ ကြက်ဆင်ဟု ခေါ်သမုတ်သည်။ ကြက်ဆင်၏ဇာတိမှာ မြောက်အမေရိကတိုက် ဖြစ်သည်။ ၁၆-ရာစု အစပိုင်းလောက်က စပိန်လူမျိုးတို့သည် ကြက်ဆင်ကို စပိန်နိုင်ငံသို့ စတင်ယူဆောင်လာခဲ့ကြရာမှ ဥရေ ...

ကြက်တူရွေး

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့န ...

ကြက်တော

ကြက်တော သို့မဟုတ် ကြက်ပေါင်ခ သည် ကြက်တူရွေးငှက်အမျိုးအစား ဖြစ်သည်။ ကြက်တောသည် မြန်မာနိုင်ငံ၌ တွေ့ရသော ကျေးမျိုးများအနက် အကြီးဆုံး ဖြစ်သည်။ ကျေးဖောင်းကား ဟုလည်း ခေါ်သည်။ ကြက်သွေးရင့်ရောင် ပခုံးကွက်နှင့် အနီရောင်နှုတ်သီးရှိသော အစိမ်းရောင်ငှက်မျိုး ...

ခင်ပုပ်ငှက်

ခင်ပုပ်ငှက်ကို မြင်ဘူးသူ နည်းပါးသော်လည်း ကျီးကန်း၏ ကမ္ဘာ့ရန်သူအဖြစ် သိသူများသည်။ ခင်ပုပ်ကို အရှေ့တိုင်းဒေသများတွင် အများအပြား တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကွင်းပြင်၌ တောင်ခြေများတွင် ကျက်စားလေ့ရှိသည်။ မြင့်မားသော တောင်ပေါ်များ၌မူ တွေ့ရခဲသည်။ ခင်ပုပ်သ ...

ခရုစုတ်ငှက်

သာမန်အရပ်သားတို့က ခရုကို စုတ်၍ စားတတ်သော ငှက်မျိုးအားလုံးကို သိမ်းကျုံး၍ ခရုစုတ်ငှက်ဟု ခေါ်သည်။ သို့သော် ထိုငှက်မျိုးကို ပါဏဗေဒ အလိုအားဖြင့် ခွဲခြားလိုက်လျှင် - ခါရာဒြီဖောင်း မျိုးစဉ် စကိုလိုပါစိဒေ မျိုးရင်း၌ အပါအဝင်ဖြစ်သည့် နျူမင်နိယပ် အာကွာတာခေ ...

ခါ

ခါသည် ရစ်နှင့် မျိုးတူဖြစ်သည်။ မြန်မာများတွင် အကြီးအငယ် ရိုသေအပ်ကြောင်း သင်ခန်းစာပါသော ဆင်၊ မျောက်၊ ခါ ဝတ္ထုကို ငယ်စဉ်က ဖတ်ဘူးကြသူများသဖြင့်၊ ခါကို အမည်အားဖြင့်သော်မျှ သိသူများကြသည်။ ခါအော်သံကို ကြားဘူးကြသူများလည်း အနည်းအများ ရှိပေလိမ့်မည်။ သို့သ ...

ခို

ခို နှင့် ဂျိုး သည် Columbidae taxonomic မိသားစုရသည်။ လက်ရိုးဆုံးအမျိုးအစား ကျောက်ခို ဖြစ်သည်။ အိမ်တွင်ခို နှင့်ခိုစိမ်း ကျောက်ခိုရနေလာသည်။ ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုး ဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင် ပ ...

ချည်ခင်စွတ်ငှက်

ချည်ခင်စွတ်ငှက်သည် ကြီးမားသောရေငှက်တစ်မျိုး ဖြစ်သည်။ ငှက်ကျားမျိုးရင်း တွင် ပါဝင်သည်။ သိပ္ပံအမည်မှာ စီကိုးနီးယား အက်ပီစကိုးပတ် ဖြစ်သည်။ သားပေါက်ရာတွင် တစ်ကောင်ချင်း သို့မဟုတ် အုပ်စုကလေးများဖြင့် ကျက်စားတတ်သည်။ သစ်တောများအတွင်းရှိ နွံတောများ၊ စိုက ...

ချိုး၊ ငှက်

မြန်မာနိုင်ငံတွင် ချိုးကို သာယာသောကူသံကြောင့် မသိသူ ရှိမည်မဟုတ်ချေ။ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲဟူသော ကဗျာကလေးကား ကျွန်ုပ်တို့အား ချိုးကူသံကို အမြဲသတိရစေသော ကဗျာပင် ဖြစ်တော့၏။ ချိုးသည် ခိုနှင့်အတူ ကိုလမ်ဗီဒီမျိုးရင်းတွင် ပါ ...

ခြေစိမ်းကလေးငှက်

ခြေစိမ်းကလေးငှက်ကို မြန်မာနိုင်ငံ၌ အတွေ့ရနည်းသည်။ ဆောင်းဥတု၌သာ မြန်မာ နိုင်ငံသို့ လာရောက်ကျက်စားသော ငှက်မျိုး ဖြစ်သည်။ အလျား ၉ လက်မခန့်ရှိသည်။ ကျောမှာ မွဲပြာရောင် ဖြစ် သည်။ သို့သော် ကျောဘက်နောက်ပိုင်းနှင့် ဖင်ပိုင်းမှာမူ ဖြူ သည်။ ဝမ်းပိုင်းတစ်လျှ ...

ခြေစိမ်းငှက်

ခြေထောက်များ စိမ်းနေသည်ကို အစွဲပြု၍ ဤငှက်ကို ခြေစိမ်းငှက်ဟု ခေါ်သည်။ ခြေစိမ်းငှက်သည် ဗြိတိသျှကျွန်းစုတွင် ပေါက်ပွား၍ အာဖရိကတိုက်၊အာရှတိုက်နှင့် နယူးဇီလန်အပါအဝင် ဩစတြေးလျတိုက်အထိ ပျံ့နှံ့စွာနေသည်။ မြန်မာနိုင်ငံသို့ ဆောင်းဥတုတွင်သာ လာရောက်ကျက်စားသေ ...

ခြေနီငှက်

ခြေထောက်နီသည်ကို အစွဲပြု၍ ဤငှက်ကို ခြေနီငှက် ဟု ခေါ်သည်။ မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင်သာ လာရောက် ကျက်စားတတ်သော ငှက်မျိုးဖြစ်သည်။ ရေတွင်သွားလာ ကျက်စားသော ငှက်မျိုးများ တွင် အလှဆုံးဖြစ်သည်ဟု ဆိုကြ သည်။ ဗြိတိသျှကျွန်းစုတွင် ပေါက်ပွား၍ ဆောင်းရာသီတ ...

ခွေးခေါ်ရစ်ငှက်

ခွေးခေါ်ရစ်ငှက် သည် ဥဩငှက်တစ်မျိုးဖြစ်၍ မိုးစောင့်ငှက်ဟု လည်း ခေါ်ကြသည်။ ခွေးခေါ်ရစ်ငှက် ကို လူသိမများလှချေ။ အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ တို့တွင် ခွေးခေါ်ရစ်ငှက်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ အပူပိုင်းဒေသတွင် ကျက်စ ...

ဂန္နက်ငှက်

ဂန္နက်ငှက်သည် သမပိုင်းပင်လယ်တွင် ကျက်စားသော စူလီဒေးမျိုးရင်းဝင် ငှက်ကြီးတစ်မျိုး ဖြစ်သည်။ တင်ကျီးနှင့် အတူ ပယ်လီကင်နီဖောင်း မျိုးစဉ်တွင် ပါသော်လည်း အသွင် အပြင်အားဖြင့် တင်ကျီးနှင့်မတူချေ။ ဦးခေါင်းနှင့် လည်ပင်း အနည်းငယ်ဝါ၍ အတောင်ဖျားမည်းသည်မှတပါး ...

ငန်း (တိရစ္ဆာန်)

ငန်း သည် Anatidae မျိုးရင်းတွင် ပါဝင်ပြီး ထိုမျိုးရင်းတွင် ဘဲငန်း နှင့် ဘဲတို့လည်း အပါအဝင်ဖြစ်သည်။ ငန်း တို့ကို ၎င်းတို့နှင့် နီးစပ်သော ဘဲငန်းတို့နှင့်အတူ Anserinae မျိုးရင်းသေးတွင် အုပ်စုဖွဲ့ထားပြီး သူတို့သည် Cygnini မျိုးစုမှ ဖြစ်သည်။ တစ်ခါတစ်ရ ...

ငဟစ်ငှက်

ပါဏဗေဒ အလိုအရ ငဟစ် သည် အာဒီဒေး မျိုးရင်းတွင် ပါဝင်သောငှက်ဖြစ်သည်။ ငဟစ်အမျိုးမျိုးရှိသည့် အနက် ထင်ရှားသော ၂ မျိုးမှာ အာဒီဆီနာရီရက်တီရော့စထြစ်နှင့် အာဒီပါပြူရီမယ်နီလန်ဆစ်တို့ ဖြစ်ကြ၏။ ငဟစ် ၏ ကိုယ်ခန္ဓာသည် သေးသွယ်ရှည်လျားလေသည်။ ဖြောင့်စင်းသောနှုတ်သီ ...

ငုံး

ငုံး သည် အလယ်အလပ်ရစ်ငှက်မျိုးကွဲ အများ၏အမည်ဖြစ်သည်။ ပါဏဗေဒအရ ငုံးသည် ဒေါင်း၊ တောကြက်၊ ရစ်တို့နှင့်အတူ ဂယ်လီဖောမီးမျိုးစဉ်တွင် ပါဝင်လေသည်။ ကိုတာနစ် ချိုင်းနန်းဆစ် အမည်ရှိ ငုံးသည် အလျား ၆ လက်မရှိ၍ သေးငယ်ကျစ်လျစ်သည်။ ငုံးဖိုနှင့် ငုံးမတို့မှာ အရောင် ...

ငုံးခြေဝါ

ငုံးခြေဝါ သည် ခြေသုံးချောင်းငုံး ဟုခေါ်သော ငှက်ငယ်အမျိုးအစားဖြစ်သော်လည်း၊ ဂယ်လဖွန်းမ်စ် မျိုးစဉ်မှဖြစ်သော ငုံးဟု ယေဘုယျအားဖြင့်သိသော ငှက်ငယ်များနှင့် မည်သို့မျှ မပတ်သက်ချေ။ ၎င်းတို့ကို အိန္ဒိယတိုက်ငယ် ၊ အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသ တို့တွင် ...

ငူငှက်

ငူသည် ခို၊ချိုးငှက်တို့နှင့်အတူ ကိုလံဗီဒီမျိုးရင်းတွင် ပါဝင်သည်။ ငူ၌ စိမ်းစိုသော အမွေးအတောင်များ ရှိ၏။ ငူအမျိုးပေါင်း များပြားသဖြင့် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြား၍ သိရန်မှာ မလွယ်ကူချေ။ အထူးသဖြင့် ငူအမများကို အမျိုးခွဲခြား သိရန်မှာ သာ၍ပင် ခက်ခဲ ...

ငှက်

ငှက် သည် အမွှေးအတောင်ရှိ၍ အတောင်ပံ နှစ်ဖက်ရှိသော သွေးနွေးသတ္တဝါအမျိုးအစားတွင်ပါဝင်သည်။ သို့သော် အားလုံး ပျံသန်းနိုင်စွမ်း မရှိကြပေ။ အချို့ငှက်များသည် အလွန်အပြေးသန်သူများဖြစ်ကြပြီး အချို့ကတော့ အလွန်ရေကူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ငှက်သည် ကျောရို ...

ငှက်ကုလား

ငှက်ကုလားသည် လည်ပင်းနက်သော ငှက်ကျားမျိုး ဖြစ် သည်။ ပါဏဗေဒအမည်မှာ ဇီနော်ရင်းခပ် အေရှ တီကပ် အေရှတီကပ် ဖြစ်သည်။ အလျား ၅၂ လက်မရှိ၏။ ဦးခေါင်း၊ လည်တိုင်နှင့် အမွေး အတောင်တို့၏ အရောင်မှာ နက်၏။ ကိုယ်ပေါ်၌ အဖြူရောင် အကွက်များရှိသည်။ ပျံသည့်အခါတွင် အဖြူနှင ...

ငှက်ကုလားအုတ်

ငှက်ကုလားအုတ် သည် အာဖရိက တွင်နေထိုင်သည့် ကြီးမားသည့် ငှက်ကြီးများ ဖြစ်သည်။ ငှက်ကုလားအုတ်တို့သည် အသက်ရှင်လျှက် ရှိနေသေးသော ငှက်တို့ထဲတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် အကြီးဆုံးဥ ရှိသည်။ ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်ကြပေ။ သို ...

ငှက်ကုလားအုပ်ပု

အီးမျူးခေါ် ငှက်ကုလားအုပ်ပုမျိုးမှာ ဩစတြေလျ တိုက် ပင်ရင်းဇာတိဖြစ်သည်။ ငှက်ကုလားအုပ်မျိုးကဲ့သို့ မြေပြန့် လွင်ပြင်များတွင်သာ ကျက်စားလေ့ရှိသည်။ ဤငှက်မျိုး၏ ငှက်မွှေးငှက်တောင်သည် အခြားငှက်မွှေး ငှက်တောင်များကဲ့သို့ အဆင်းအရောင် တောက်ပြောင်ခြင်း မရှိပ ...

ငှက်ကျား

ငှက်ကျား ကိုမြင်ရုံနှင့် ငှက်ကျားမှန်း သိသာနိုင်သည်။ ရှည်လျားသော ခြေထောက်၊ လည်တံ၊ နှုတ်သီးတို့သည် အခြားငှက် များမှာထက် ထူးကဲစွာ ပေါ်လွင်လျက်ရှိသည်။ ငှက်ကျားသည် ရေစပ်တွင် ကျက်စားလေ့ရှိသော ငှက်မျိုး ဖြစ်သည်။ အလျား ၅ ပေခန့်ရှိသည်။ သာမန်ငှက်ကျားဖြူ၏ ...

ငှက်ကြီးဒုံးစပ်

ငှက်ကြီးဒုံးစပ်သည် ငှက်ကျားမျိုးရင်းဝင် ဖြစ်သည်။ ခြေတံ နှင့် နှုတ်သီးရှည်၍ အကြည့်ရ အလွန် ဆိုးသောငှက်မျိုးဖြစ်၏။ ရပ်နေသောအခါ ၅ ပေခန့်မြင့်၍ အတောင်များကို ဖြန့်ကာ တိုင်းတာလျှင် တစ်ဖက်များမှ တစ်ဖက်ဖျားသို့ ၁၄ ပေမျှ ရှိ တတ်သည်။ ငှက်ကြီးဒုံးစပ်သည် ငါး ...

ငှက်ကြီးဝံပို

ငှက်ကြီးဝံပို သည် ကိုယ်ပုံပန်း အချိုးအစား မကျသောငှက် ဖြစ်သည်။ နှုတ်သီးမှာ သာမန်ငှက်၏ နှုတ်သီးနှင့် မတူဘဲ ကိုယ်လုံးကိုယ်ထည်နှင့် မလိုက်အောင်ပင် ရှည်လျား၏။ အဖျား၌ အတန်ငယ်ကောက်နေ၏။ ခြေထောက်များမှာ တိုသော်လည်း ဘဲခြေကဲ့သို့ ခြေဖဝါးများ ပါရှိသည်။ ဤငှက် ...

ငှက်ခါး

ငှက်ခါး သည် စိမ်းပြာရောင်ရှိသော ငှက်မျိုးဖြစ်သည်။ ဦးခေါင်း၊ ရင်အုပ်နှင့် ကျောပြင်တို့တွင် အပြာနုရောင်ရှိ၍ အတောင်နှင့်အမြီးမှာ ပို၍ပြာသည်။ ဦးခေါင်းကြီးသည်။ ကြာရှည်စွာ ပျံသန်းလေ့မရှိ။ စူးရှစွာ အော်တတ်၍ အစာကိုမြင်လျှင် တဟုန်ထိုးဆင်းလာတတ်၍ ကြိုးတန်းန ...

ငှက်စိမ်း

ငှက်စိမ်း ပါဏဗေဒအခေါ်၌ ကလိုရော့ဆစ် အော်ရီဖရွံပရီဒီး အမည် ရှိသော ငှက်စိမ်းသည် အလျား ၇ ၁/၂ လက်မခန့် ရှိသည်။ ငှက်ဖိုမေးစေ့သည် မည်းနက်၍ လည်းချောင်းတဝိုက်တွင် ရွှေဝါ ရစ် မရှိချေ။ ထိုငှက်စမ်းသည် ထူးဆန်းအံ့ဩ ကောင်းလောက် အောင် အခြားငှက်များ၏အော်မြည်သံကို ...

ငှက်တော်

ငှက်တော်သည် လင်းမြီးဆွဲငှက်နှင့်အတူ ဒိုင်ကရိုရီဒေး မျိုးရင်းတွင် ပါဝင်သည်။ ငှက်တော်မျိုး အများပင် ရှိသည်။ သတ္တဗေဒ အမည်ဖြင့် ဒိုင်ကရုရပ်ပါရာဒီဆီယပ်ရန်ဂွန်နစ်ဆစ် ဟုခေါ်သော ငှက်တော်ကို ငှက်တော်မြီးတော်ရှည်ဟူ၍ သိကြသည်။ ကျီးကန်း၊ လင်းမြီးဆွဲငှက်တို့ကဲ ...

ငှက်ပန်းထိမ်

ငှက်ပန်းထိမ်သည် ဖိုးခေါင်ငှက်၊ ကုပ်ကလောင်ငှက်တို့နှင့် အတူ ကက်ပီတွန်နီဒေးမျိုးရင်းတွင် ပါဝင်သည်။ သတ္တဗေဒ အမည်မှာ မီဂါလာအီမာ ဟီမာစီဖာလာ အင်ဒီကာ ဖြစ်သည်။ အလျား ၆ လက်မခန့်ရှိသည်။ ကိုယ်လုံးကိုယ်ထည် တုတ်ခိုင် သည်။ မေးစေ့နှင့် လည်ပင်းတွင် အဝါရောင်ရှိသည ...

ငှက်ပုစဉ်းထိုး

ငှက်ပုစဉ်းထိုး ငှက်ပုစဉ်းထိုးကို ပုစဉ်းထိုးဟူ၍လည်း ခေါ်သည်။ပါဏဗေဒ အမည်မှာ မီရော့ အိုရီတာလစ် ဗာမင်နပ် ဖြစ်သည်။ တစ် ကိုယ်လုံးတွင် တောက်ပသောအစိမ်းရောင်ရှိသည်။ ဦးခေါင်းနှင့် အတောင်များ၌ ကြေးနီရောင် လွှမ်းနေသည်။ မျက်လုံးနီ၍ တောက်သည်။ အမြီး၏အလယ်၌ ၂ လက် ...

ငှက်ပြာခြောက်

ငှက်ပြာခြောက် သည် ဆစ်တီဒေ မျိုးရင်းတွင် ပါဝင်သည်။ ပါဏဗေဒအမည်မှာ ဆစ်တာ ကက်စ တာနီအာ နီဂလက်တာ ဖြစ်သည်။ အလျား ၆ လက်မခန့်ရှိသည်။ အမြီးတိုသည်။ နှုတ်သီး ရှည်၍ ချွန်သည်။ တစ်ကိုယ်လုံးတွင် မွဲပြာရောင် လွှမ်းနေသည်။ ငှက်မအရောင်သည် ငှက်ဖိုအရောင်ထက် ဖျော့ သည်။ ...

ငှက်ဘီလူး

ငှက်ဘီလူး သည် ငှက်တဇပ်နှင့်အတူ လန်နီးဒေးမျိုးရင်းတွင် ပါသည်။ သတ္တဗေဒ အမည်မှာ လန်နိယပ် ကိုလျူရီ အိုအီဒီးကို လျူရီအိုအီဒီး ဖြစ်သည်။ အလျား ၉ လက်မ ရှိသည်။ ပျံသန်းသည့်အခါ တို၍ဝိုင်းနေသော အတောင်ပေါ်ရှိ အဖြူကွက်နှင့် အဖျားတွင် ဖြူလျက်ရှိသော အမြီးရှည်ကို ...

ငှက်မင်းသား

အရှေ့တိုင်းနိုင်ငံများတွင် ငှက်မင်းသား၊ ငှက်မင်းသမီးဟူ သော ငှက်မျိုးများကို တွေ့ရသည်။ ထိုငှက်တို့ကို တစ်မျိုးနှင့် တစ်မျိုး ခွဲခြားမှတ်သားရန် ခဲယဉ်း၏။ ငှက်မင်းသား၏ ပါဏဗေဒအမည်မှာ ပီရီကရိုကိုတပ် လမ်မီယပ် အီလီဂန် ဖြစ်သည်။ ထိုငှက်၌ လှပတင့်တယ်သော အမွှ ...

ငှက်လက်မ

ငှက်လက်မသည် ဝါးဗလားငှက်မျိုးတွင် ပါဝင်၍ ပါဏဗေဒ အမည်မှာ ပရိုင်နီးယား အင်အော်နေတာ ဗလန်ဖောဒီ ဖြစ်သည်။ အလျား ၅ လက်မရှိသည်။ ထိုအလျားတွင် အမြီး ၂ လက်မ ၃ လက်မခန့် ပါသေးသည်။ အပေါ်ဘက်တွင် ညိုညစ်ညစ်အရောင်ရှိ၍ အောက်ဖက်တွင် အဝါရောင်ရှိသည်။ အမြီးဖျားတွင် အဖြူ ...

ငှက်ဝါ

ငှက်ဝါကို ငှက်နနွင်းဝါဟူ၍၎င်း၊ ငှက်ရွှေဝါဟူ၍၎င်း ခေါ်သေးသည်။ ပါဏဗေဒအမည်မှာ အော်ရီအိုလပ် တင်နျူ ရော့စတြစ် အင်ဗီဆပ် ဖြစ်သည်။ အလျား ၁ဝ ၁/၂ လက်မ ခန့်ရှိသည်။ တကိုယ်လုံးတွင် ရွှေဝါရောင် လွှမ်းနေသည်။ ငှက်မ၏ အမွှေးအတောင်များ၌ အစိမ်းရောင်ရှိသည်။ ငှက်ငယ် သ ...

ငှက်သူခိုး

ငှက်သူခိုးသည် မြေလူးငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒ အမည်မှာ မွန်တီကိုလာ ဆိုလီတာရီယပ် အက်ဖီနစ် ဖြစ် သည်။ ဗိုလ်တဲ၊ မင်းတဲ အစရှိသော အဆောက်အအုံများ၏ ခေါင်မိုးပေါ်တွင် နားနေတတ်သဖြင့် ထိုငှက်ကို ဗိုလ်တဲငှက် ဟူ၍လည်း ခေါ်ကြသည်။ ငှက်သူခိုးသည် အလျား ၉ လက်မရှိ ...

စက္ကဝက်ငှက်

စက္ကဝက်သည် ဝံပိုငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည် မှာ ပယ်လီကင်နပ် အိုနိုကရိုတဲလပ် ဖြစ်သည်။ အလျား ၆၅ လက်မရှိ၏။ စက္ကဝက်အကောင်ကြီးသည် သာမန်အချိန်တွင် ဖြူ၍ သားပေါက်ချိန်၌ ပန်းရောင်ရှိ၏။ ငှက်ကလေးသည် အောက်ပိုင်းတွင် သစ်ကျားသီးရောင် ရှိ၏။ ယင်းတို့သည် သုံ ...

စစ်စလီငှက်

စစ်စလီသည် မြန်မာနိုင်ငံတွင်တွေ့ရသော ဝမ်းဘဲအမျိုးမျိုးအနက် တစ်မျိုးဖြစ်၏။ သတ္တဗေဒ အမည်မှာ ဒင်ဒရိုစိုင်နာ ဂျာဗန်နိကား ဖြစ်သည်။ စစ်စလီကို အရှေ့တိုင်းဒေသများတွင် အများအပြားတွေ့ရသည်။ ယခင်က မြန်မာနိုင်ငံတွင် အများအပြားတွေ့ရသော်လည်း ဖမ်းယူသတ်ဖြတ်ကြသောကြ ...

စစ်တလိုင်းငှက်

စစ်တစ်လိုင်းငှက်ကို ချောင်းတလိုင်းဟူ၍ လည်းခေါ်သည်။ ထိုငှက်သည် တစ်တီတူးနှင့်အတူ ဗင်နယ် လင်နေး မျိုးရင်းခွဲတွင်ပါဝင်သည်။ ပါဏဗေဒအမည်မှာ ဟော့ လော့တာရပ်စပိုင်နိုဆပ် ဒျူဗိုး ဆဲလီ ဖြစ်သည်။ အလျား ၁၂ လက်မရှိ၏။ တောင်ပံတွင် ထူးထူးဆန်းဆန်း အတက်ပါရှိ သည်။ ထို ...

စနိုက်ငှက်

ရေအိုင်ထွန်းရာ၊ ရေဝပ်ရာနှင့်ရေတင်၍ အမြဲတမ်း စွတ်စိုထိုင်းမှိုင်းရာ ဒေသများ၌ ကျက်စားသော ငှက်တို့ အနက် စနိုက်ခေါ် ငှက်များကို လူအသိများလေသည်။ ရေထဲတွင် သွားလာတတ်သော ငှက်တစ်မျိုးဖြစ်သည်။ အလျား ၁၀လက္မ ခန့်ရှိသော နှုတ်သီးရှည်ရှည် ငှက်မျိုးဖြစ်သည်။ အမြီ ...

စာကလေး

စာကလေး အမျိုးအစား မျိုးခန့် ရှိရာ အရောင်နှင့် ပုံသဏ္ဌာန် နှစ်မျိုးမှ သုံးမျိုးအထိ ကွဲပြားနေတတ်သည်။ စာကလေး အမျိုးမျိုး ရှိသည့်အနက် ပါဏဗေဒအရ ပါစာဒိုမက်စတီကပ်၊ ပါစာ မွန်တန်နပ်၊ ပါစာ ဖလေဗျိုလပ် အမည်ရှိ စာကလေးတို့သည် ထင်ရှား၏။ ပါစာဒိုမက်စတီ ကပ် စာကလေး ...

စွန် (ငှက်)

စွန် သည် ငှက်ရဲဖြစ်သည်။ လင်းယုန်နှင့် မျိုးတူ၍ သိမ်းငှက်မျိုးစုတွင် ပါဝင်သည်။ အရွယ် အားဖြင့် ငှက်ကြီးဖြစ်၍ ညိုသော အဆင်းရှိသည်။ အမြီးမှာရှည်၍ ခက်ရင်းကဲ့သို့ အခွေများဖြစ်နေသည်ကို အထင်အရှားမြင်ရသည်။ စွန်၏ သတ္တိထူးတစ်ခုမှာ ကြာမြင့်စွာ ကောင်းကင်၌ ပျံသ ...

စွန်ခေါင်းဖြူ

စွန်ခေါင်းဖြူသည် အရွယ်အစားအလယ်အလတ်ရှိသော ငှက်ရဲ ဖြစ်သည်။ သိပ္ပံ အမည်မှာ ဟာလီယတ်စတာ အင်းဒတ်စ် ဖြစ်သည်။ အိန္ဒိယတိုက်ငယ်၊ အရှေ့တောင်အာရှနှင့် ဩစတြေးလျတို့တွင် တွေ့ရသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသရှိ စိမ့်တောများတွင် အများဆုံးကျက်စား ...

ဆောင်းခိုငှက်

ဆောင်းခိုငှက် ဆိုသည်မှာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် ငှက်များသည် တစ်နေရာမှ တစ်နေရာသို့ ခေတ္တပြောင်းရွှေ့ နေထိုင်သော ငှက်များကို ခေါ်ဆိုသည်။ ကမ္ဘာ့အအေးပိုင်းဒေသရှိ ငှက်များသည် ဆောင်းရာသီတွင် ၎င်းတို့ နေထိုင်ရာအရပ်များ၌ အလွန်အေးသောကြောင့် အအေးသ ...

ဇင်ယော်

မြစ်တွေး၊ မြစ်တွေး၊ ဇင်ယော်၊ ကျူးတည့်ကျူးသံကျော် ဆိုသည့်သီချင်းကို ကြားဘူးသူများပေမည်။ ဇင်ယော်ကို ကမ္ဘာ ပေါ်တွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အများ အပြားတွေ့ရသဖြင့် ဇင်ယော်ကို မမြင်ဘူးသူနည်းသည်။ ဇင်ယော်သည် ကာရက်ဒြီအိဖောမီး မျိုးစဉ်တွ ...

ဇီဝဇိုးငှက်

ဇီဝဇိုးငှက် သည် မျိုးစဉ်အားဖြင့် အပေါ့ဒီဖေါမီး တွင်၎င်း၊ မျိုးရင်းအားဖြင့် ခက်တူးရီနီး တွင်၎င်း ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် ကောလိုကေးလီယား ဂျာမယ်နီ ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှားငှက်နှင့် အနည်းငယ်တူသော်လည်း၊ ...